Covid ကာလအတွင်း နေ့တိုင်းလိုမပါမဖြစ်စားသင့်သောအစားအစာ (၅)မျိုး

Covid ကာလအတွင်းမှာ ခန္ဓာကိုယ်က ခုခံအားကောင်းနေဖို့လိုပါတယ်.။ ဒါမှသာ သာမန်တုတ်ကွေးအဖျားတွေနဲ့ အခြားသော‌ရောဂါတွေဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မှာြဖစ်ပါတယ်။ အဲဒီ့အတွက် ဒီကာလမှာ နေ့တိုင်းစားတဲ့အစားအစာလေးတွေကို အောက်ပါအာဟာရဓာတ်ပါဝင်တဲ့အစားအစာတွေ မဖြစ်မနေပါဝင်အောင်စားသုံးပေးလိုက်ရင် ကိုယ်ခံအားအတွက် စိတ်ချရမှာပါ။


အဲဒီ့အစားအစာတွေကတော့
၁) Vitamin A
Vitamin A (Beta Carotene) ပါဝင်တဲ့အစားအစာတွေကတော့ မုန်လာဥနီ၊ မုန်ညင်း၊ ပန်းပွင့်စီမ်း၊ ငရုတ်သီးပွအနီ၊ ကန်စွန်းဥ စတာတွေမှာ ဗီတာမင်အေး ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ့်စားမယ့် အစားအသောက်ထဲမှာ ထိုအစားအစ‌တွေ တစ်မျိုးမဟုတ်တစ်မျိုးပါအောင် ထည့်သွင်းစားသုံးပေးသင်င့ပါတယ်။
၂) Vitamin C
ဒါကတော့ ကိုယ်ခံအားအတွက် လူသိများတဲ့ အာဟာရဓာတ်တစ်မျိုးပါပဲ။ ဗီတာမင်စီရဖို့အတွက် စတော်ဘယ်ရီ၊ ငရုတ်ပွနီ၊ ကီဝီ၊ ချဥ်တဲ့အသီးတွေမှာ ဗီတာမင်စီပါဝင်ပြီး ထိုဓာတ်က သင့်ခန္ဓာကိုယ်က antibodies တွေကိုလှုံဆော်ပေးနိုင်ပါတယ်။
၃) Vitamin E
ဗီတာမင်အီးကလည်း antioxidant တစ်မျိုးဖြစ်တဲ့အတွက် ကိုယ်ခံအားကိုမြင့်တင်ပေးနိုင်ပါတယ်။ အသီးအရွက်တွေ၊ အစေ့အဆံတွေ၊ ထောပတ်သီး စတာတွေမျာ ဗီတာမင်အီးပါဝင်ပါတယ်။
၄) Zinc
ဇင့်ဓာတ်ျို့တဲ့တဲ့အခါ ခန္ဓာကိုယ်မှာ ခုခံအားနည်းလာနိုင်ပါတယ်။ ဇင့်ဓာတ်ပါဝင်တဲ့အစားအစာတွေကတော့ ပဲ၊ အစေ့အဆံ၊ ပင်လယ်စာ နဲ့ အသားတွေပဲဖြစ်ပါတယ်။
၅) Protein
amino acids တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ T-cell လုပ်ဆောင်ချက်တွေကို အထောက်အကူပြုပါတယ်။ ပရိုတင်းပါဝင်တဲ့အစားအစာတွေကတော့ ပင်လယ်စာ၊ ပဲ၊ အစေ့အဆံ၊ အသား၊ တွေပဲဖြစ်ပါတယ်။ အထက်ကဖော်ပြထားတဲ့ အာဟာရ၅မျိုး ပါဝင်အောင် စားသုံးပေးမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်အတွက် လုံလောက်ပြီး ပြည့်ဝတဲ့ ကိုယ်ခံအားကိုရရှိမှာဖြစ်ပါတယ်။
https://health.ucdavis.edu/.../nutrients-to-help-prevent... လ့်မှဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။