Covid-19 ကာလအတွင်း ဈေးသွားဝယ်သူများ လိုက်နာသင့်တဲ့အချက်များ

ကူးစက်မြန်တဲ့ အဆုတ်ရောင်ရောဂါ ကြောင့် အိမ်ထဲကနေ အိမ်ပြင်မထွက်ခြင်းကသာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခြင်းဖြစ်ပေမယ့် တစ်ပတ်မှာ တစ်ခါတော့ စားသောက်ကုန်တွေကို မဖြစ်မနေထွက်ဝယ်ကြရမှာပါ။ ကိုယ့်အိမ်နဲ့နီးစပ်ရာဈေးမှာသာ ဝယ်ပါ။ အတတ်နိုင်ဆုံးလူရှင်းချိန်ကိုသာရွေးဝယ်ပါ။ အဲဒီလို မဖြစ်မနေ အိမ်အတွက်လိုအပ်တဲ့ စားသောက်ကုန်တွေကို ထွက်ဝယ်ရတဲ့အခါမျိုးမှာ သတိပြုရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) Mask / Face Shield / လက်အိပ် စွပ်သွားပါ။
အိမ်ကထွက်ကတည်းက Mask / လက်အိပ် စွပ်သွားပါ။ ပြန်အမ်းသမျှပိုက်ဆံကို အိတ်တစ်အိတ်ထဲသီးသန့်ထည့်ပြီး ယူပါ။

၂) ၆ပေခွာပါ။
ဈေးသည်တွေက လူအများနဲ့ထိတွေ့ရတာဖြစ်တာကြောင့် ဈေးသည်တွေအနေနဲ့လည်း ဈေးဝယ်သူနဲ့ ၃ပေအကွာမှသာရောင်းချသင့်သလို ဈေးဝယ်ယူ ဈေးရောင်းသူအပြန်အလှန်အသိရှိသင့်ပါတယ်။ ဈေးဝယ်သူအချင်းချင်းကြားလည်း ၆ပေခွာသင့်ပါတယ်။ အတတ်နိုင်ဆုံး ဈေးမှာ လူပါးချိန်ကိုသာ ရွေးဝယ်သင့်ပါတယ်။

၃) Mask ကို လက်နဲ့မထိတွေ့ပါနဲ့။
ဈေးဝယ်ရင်း ဈေးဝယ်ပစ္စည်းပေါင်းစုံကို ထိတွေ့ရွေးချယ်ဝယ်ယူထားတာမို့ သင့်လက်မှာ ပိုးမွှားပေါင်းစုံကပ်နေနိုင်ပါတယ်။ အဲဒါကြောင့် ဈေးဝယ်နေချိန်မှာ သင့်မျက်နှာမှာတပ်ထားတဲ့ mask ကို သင့်လက်နဲ့လုံး၀ မထိတွေ့သင့်ပါဘူး။ ဈေးဝယ်ပြီးမှသာ လက်ကို အနီးနားရှိ ဘေစင်မှာလက်ဆေးတာဖြစ်ဖြစ် ၊ Hand gel နဲ့ဆေးတာဖြစ်ဖြစ်လုပ်ပါ။

၄) အိမ်ရောက်လျှင် အဝတ်ချက်ချင်းလဲပါ။
အိမ်ရောက်တာနဲ့ ဈေးဝယ်ရာမှာ ဝတ်ဆင်းထားတဲ့အဝတ်အထည်တွေကို အကုန်လဲပစ်ပြီး ဆပ်ပြာရည်နဲ့ မိနစ် ၃၀ခန့်စိမ်ထားပြီးမှ လျှော်ဖွတ်ပါ။ ရေတစ်ခါတည်း ချိုးပြီး သန့်ရှင်းရေးလုပ်လိုက်ပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေး တစ်ခါတည်းလုပ်လိုက်ပါ။ အဝတ်အစားမလဲမီနဲ့ ကိုယ်လက်သန့်ရှင်းရေးမလုပ်မီ အိမ်မှ မည့်သည့်အရာကိုမှ မထိတွေ့ပါနဲ့။

၅)ဈေးဝယ်ရာမှပါလာသောပစ္စည်းတွေကိုသီးသန့်ထားသန့်ရှင်းပါ။
ဈေးဝယ်ရာမှ ပြန်ရောက်သောအခါ ဝယ်ယူလာသမျှပစ္စည်းတွေကို ရေနဲ့ဆပ်ပြာဖြင့် ဆေးကြောလို့ရတဲ့ပစ္စည်းတွေကို ဇလုံတစ်ခုထဲမှာ ထည့်ပြီး ဆပ်ပြာရေနဲ့ဆေးကြောပါ။ ဟင်းသီးဟင်းရွက်တွေကိုတော့ ဆားရေနဲ့စိမ်ထားလိုက်ပါ။ ပလပ်စတစ်အိတ်တွေကို စနစ်တကျစွန့်ပစ်ပါ။ ပြန်အမ်းငွေထည့်လာသောအိတ်ကို ပိုးသတ်ဆေးနဲ့ဖြန်းပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။