ဗုံလုံသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ဗုံလုံသီးကို ပဲလင်းမြွေသီးလို့လည်းခေါ်ပြီး နွယ်ပင်အမျိုးအစားဖြစ်ပါတယ်။ အသီးပုံစံက မြွေသဏ္ဍာန်နဲ့တူတာမို့ Snake Gourd လို့ခေါ်ပါတယ်။ ဗုံလုံသီးမှာ အဖျားပျောက်ခြင်း၊ အဆိပ်ကင်းစေခြငး၊ အစာကြေခြင်းအပြင အခြားသော ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ဗုံလုံသီးမှာ dietary fiber ၊ calories နည်းပါးခြင်း၊ proteinကြွယ်ဝခြင်း၊ vitamin A, B, C အပြင် manganese ၊ magnesium ၊ calcium ၊ သံဓာတ်၊ potassium နဲ့ iodine ဓာတ်တွေ အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။


၁) အဖျားကိုသက်သာစေခြင်း
ဗုံလုံသီးပြုတ်ရည်သောက်ခြင်းက သဘာဝအလျောက် အဖျားကိုကုသပေးနိုင်တဲ့ဓာတ်ပါဝင်တယ်လို့ အိမ်တွင်းဆေးဝါးအဖြစ် လက်ဆင့်ကမ်းခဲ့ကြပါတယ်။

၂)ခန္ဓာကိုယ်တွင်းအဆိပ်ကင်းစေခြင်း
ရိုးရာဆေးပညာအရ အသည်းကိုလှုံ့ဆော်ပေးပြီး ဆီးရွှင်စေတာကြောင့်ခန္ဓာကိုယ်တွင်းအဆိပ်ကင်းစေတယ်လို့ ယူဆကြပါတယ်။ ခန္ဓာကိုယ်တွင်းမှ အရည်တွေကို အပြင်လို့ စွန့်ထုတ်လိုက်ခြင်းကြောင့် ကျောက်ကပ်နဲ့သည်းခြေလုပ်ဆောင်ချက်ကို ပုံမှန်ဖြစ်စေပါတယ်။ အဆိပ်အတောက်ဖြစ်တဲ့အခါ ဗုံလုံသီးအရွက်ကိုကြိတ်ခြေပြီး အရည်သောက်ခြင်းဖြင့် အော့အန်စေတယ်လို့ဆိုပါတယ်။

၃) အစာခြေစနစ်ကိုကောင်းမွန်စေခြင်း
အူမကြီးဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ အစာမကြေခြင်း၊ လေပွခြင်း၊ သက်တောင့်သက်သာမရှိခြင်းတွေကို ကုသနိုင်တဲ့ အမျှင်ဓာတ်ပါဝင်ပြီး အူမကြီးဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်းသက်သာစေပါတယ်။

၄) အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်ခြင်း
အသက်ရှုလမ်းကြောင်းမှာ အခက်အခဲဖြစ်စေတဲ့ ချွဲထခြင်း၊ ပြင်ပက ဖုနမှုန့်နဲ့အခြားအဆိပ်အတောက်တွေက အသက်ရှုဖို့ခက်ခဲစေပါတယ်။ ကိုယ်ခံအားလည်းကောင်းစေပြီး အသက်ရှုလမ်းကြောင်းမှာ ခက်ခဲနေသမျှကို စုပ်ထုတ်လိုက်သလို အူလမ်းကြောင်းထဲ မြောပါသွားစေနိုင်ပါတယ်။ တနည်းအားဖြင့် ချွဲတွေအညစ်အကြေးတွေကို ပျော်လွယ်ပြီး စွန့်ထုတ်ပေးနိုင်ပါတယ်။

၅) ဆံသားအတွက်ကောင်းစေခြင်း
ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းတွေအတွက်လည်း ဆံသားကောင်းအောင်ကူညီပေးနိုင်ပါတယ်။ သတ္တုဓာတ်နဲ့ဗီတာမင်ကြွယ်ဝတာမို့ ဆံပင်သန်စေပါတယ်။ ဆံသားနဲ့ဦးရေပြားကို ကောင်းမွန်စေပါတယ်။ ဗောက်ထသူတွေအတွက် ဗုံလုံသီးကို ကြိတ်ခြေပြီးရလာတဲ့အရည်ကိုသုတ်လိမ်းပေးနိုင်ပါတယ်။

၆) ခုခံအားတိုးစေခြင်း
Antioxidant တစ်မျိုးဖြစ်တဲ့ carotenes နဲ့ vitamin C ပါဝင်မှုက ခုံအားတိုးစေပြီး ကျန်းမာရေးကောင်းမွန်ဖို့အထောက်အကူပြုပါတယ်။

၇)ဆီးချိုရောဂါကိုထိန်းချုပ်နိုင်ခြင်း
တိရိစ္ဆာန်တွေမှာ စမ်းသပ်ချက်အရ သွေးထဲက ကလူးကို့စ်ပမာဏကို လျှော့ချစေပြီး ဆီးချိုကိုထိန်းချုပ်နိုင်တယ်လို့တွေ့ရှိရပါတယ်။ ကယ်လိုရီနည်းပါးပြီး အာဟာရဓာတ်မြင့်မားတာကြောင့ ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။ စွပ်ပြုတ်လုပ်သောက်ခြင်း၊ ဟင်းချက်ခြင်းဖြင့်စားပေးနိုင်ပါတယ်။

၈) ဖိစီးမှုတွေကိုပြေလျော့စေခြင်း
ရိုးရာဆေးပညာအရ ဗုံလုံသီးက နှလုံးမှာ ဖိစီးမှုများခြင်း၊ အာရုံကြောတွေပြေလျော့စေခြင်း၊ သွေးဖိအားလျော့စေခြင်းတို့အတွက် ကောင်းမွန်ပါတယ်။ ပိုတက်ဆီယမ်ကြောင့် ဖိစီးမှုတွေကို ပြေလျော့စေပြီး အထူးသဖြင့် သွေးလွှတ်ကြောဆိုင်ရာရောဂါတွေကို သက်သာစေနိင်ပါတယ်။
https://www.organicfacts.net/health-benefits/vegetable/snakegourd.html လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။