ဘဝအတွက်အရေးပါသောသင်ခန်းစာများပေးစွမ်းနိုင်သည့် မဖြစ်မနေကြည့်ရှုသင့်သည်ရုပ်ရှင်ကားကြီး ၁၅ခု

အချို့ ရုပ်ရှင်ကားကောင်းတွေဟာ ဖျော်ဖြေမှုတစ်ခုထက်ပိုပြီးတော့ ဘဝအတွက်သင်ခန်းစာတွေပေးစွမ်းနိုင်ပါတယ်။ စိတ်ဓါတ်တွေကိုတက်ကြွနိုးကြွားလာစေပါတယ်။ မိမိကိုယ်ကိုပြန်သုံးသပ်စေပြီးအတိတ်ကိုပြန်လည်သတိရစေသလို အနာဂတ်ကိုလည်းပုံဖော်မိစေပါတယ်။ လူတစ်ယောက်အကြိုက်ချင်းအမြင်ချင်းမတူကြတာမှန်ပေမယ့်အောက်မှာဖော်ပြထားတဲ့ရုပ်ရှင်ကားတွေကက ကျွန်တော့်ဘဝကိုပိုပြီးကောင်းမွန်လာအောင်တွန်းအားပေးပြောင်းလဲစေခဲ့တာကြောင့် မှတ်သားစရာတွေပါဝင်တဲ့ ရုပ်ရှင်ကားကောင်း ၁၅ ကားကိုရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ ရုပ်ရှင်ဇာတ်ကားနံပါတ်တွေကိုအစဉ်ပြေသလိုစီစဉ်ဖော်ပြထားပါသည်။ ၁) The Pursuit of Happiness ၂) Forrest Gump ၃) The Bucket List ၄) The Secret Life of Walter Mitty ၅) Rocky Series ၆) The Godfather Series ၇) Yes Man! ၈) 3 Idiots ၉) Shawshank Redemption ၁၀) The Blind Side ၁၁) Good Will Hunting ၁၂) Saving Private Ryan ၁၃) Cast Away ၁၄) Every Child is Special ၁၅) The Intouchables ဇာတ်ကားတွေရဲ့ အကျဉ်းချုုပ်တွေကိုတော့မရေးပြတော့ပါဘူး။ အချို့ တွေကအကျဉ်းချုပ်ဖတ်မိရင်တော့တစ်ကယ်ကြည့်တဲ့အခါခံစားမှုပေါ့ပျက်သွားတယ်လို့ခံစားရတတ်လို့ပါ။ ဒီကားတွေကတစ်ကယ်ကိုကောင်းတာမို့စမ်းကြည့်ကြည့်ဖို့ညွှန်းပေးလိုက်ပါတယ်။ ပိုကောင်းတဲ့ကားတွေကိုအကြံဉာဏ်ပေးခ ျင်တယ်ဆိုရင်လည်းအောက်မှာမန့်ပေးသွားကြပါဦး။ အားလုံးရှာပြီးကြည့်လို့ရအောင်လို့ပါ။ #Inspirational15Movies #MustWatch#BaWa101 ပုံများကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။