အသည်းကို အဆိပ်အတောက်ကင်းအောင် ဘယ်လိုနေထိုင်သင့်သလဲ။

လူတော်တော်များများက အသည်းကျန်းမာရေးကို သိပ်မစဉ်းစားမိကြပါဘူး။ အသည်းက ခန္ဓာကိုယ်မှာ ဒုတိယအကြီးဆုံး ကိုယ်တွင်းအဂါၤဖြစ်ပါတယ်။ အလွန်အလုပ်များတဲ့အဂါၤလည်းဖြစ်ပါတယ်။ သင့်ကားထဲမှာ ဆီမျှတအောင်ထည့်ပေးပြီး ဆီစစ်ပေးပြီး ကားမောင်းဖို့လုပ်ဆောင်ပေးရတာနဲ့တူပါတယ်။ သင့်အသည်းကလည်း သင့်ခန္ဓာကိုယရဲ့သဘာဝဖြစ်စဉ်တွေကို စစ်ထုတ်ပေးရတဲ့အဂါၤဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲရောက်လာသမျှအရာတွေကို သင့်အသည်းကစစ်ထုတ်ပေးရပါတယ်။ အသည်းက အာဟာရဓာတ်တွေကို သင့်ကျန်းမာရေးအတွက်အလုပ်လုပ်စေပြီး၊ အဆိပ်တွေကို စစ်ထုတ်ပေးရပါတယ်။ သင်ကျန်းမာရေးနဲ့ညီမျှအောင် မနေထိုင်တဲ့အခါ အဆိပ်အတောက်တွေက သင့်ရဲ့အဂါၤရပ်တွေ၊ အရေပြားတွေ၊ အဆီတစ်ရှုးတွေနဲ့သွေးထဲမှာ အဆိပ်အတောက်တွေက စုပြုံလာပါတယ်။ သင်သတိထားမိလာအောင် လက္ခဏာတွေစတင်ပေါ်လာပါတယ်။ ရိုးရှင်းတဲ့အကျင့်လေးတွေနဲ့ သင့်အသည်းမှာ အဆိပ်အတောက်တွေကင်းအောင် နေထိုင်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။


၁) မနက်ခင်းလီမွန်ရေသောက်ပါ။
ရေနွေးလေးနဲ့ လီမွန်သီးစိတ်ကို စိမ်ပြီး သောက်ပါ။ သင့်ရဲ့အစာခြေစနစ်ကောင်းမွန်စေဖို့ မနက်ခင်းမှာ သောက်သုံးသင့်ပါတယ်။

၂) ရေသောက်ပါ။
တစ်နေ့တာလုံးမှာလည်း ရေသောက်ဖို့သတိရပါ။ ရေနွေးနွေးလေးသောက်ပေးခြင်းကလည်း သင့်ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝစေပါတယ်။

၃) တစ်နေ့ ၈နာရီခန့် အိပ်ရေးဝအောင်အိပ်ပါ။
ညဘက်ကောင်းမွန်စွာအိပ်ပျော်ခြင်းက အရေးပါပါတယ်။ သင့်အသည်းက ည ၁၀နာရီနဲ့ ၂နာရီကြားမှာ သန့်စင်နေတဲ့အချိန်ဖြစ်တာမို့ ည ၁၁ခန့်မှာ အိပ်စက်ဖို့အကောင်းဆုံးပဲဖြစ်ပါတယ်။ သင်နိုးနေချိန်မှာ ဘီယာသောက်တာမျိုး၊ တခုခုစားတာမျိုးလုပ်နေတဲ့အခါ အသည်းသန့်စင်ခြင်းလုပ်ဆောင်ချက်ကို ကောင်းစွာမလုပ်ဆောင်နိုင်ပါဘူး။

၄) ဆီကြော်မုန့်တွေကို ရှောင်ပါ။
ကျန်းမာတဲ့အစားအသောက်ပုံစံကို နားလည်အောင် သင်ယူပါ။ ကျန်းမာရေးအတွက်ဆိုးဝါးစေတဲ့အစားအစာတွေက သည်းကို အဆီများစေပါတယ်။ သင့်အသည်းမှာ အဆီဖုံးလာတဲ့အခါ သူ့ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းစွာမလုပ်ဆောင်နိုင်တော့ဘဲ ပျက်စီးလာနိုင်ပါတယ်။

၅) အသင့်စားအစားအစာတွေကို ငြင်းဆန်ပါ။
အသင့်စားအစားအစာတွေက သကြားများပြီး အမျှင်ဓာတ်နည်းပါတယ်။ ဆိုဒီယမ်များပြီး အဆီများလို့ ဓာတုပစ္စည်းတွေပါဝင်မှုများပြီး ပြုပြင်ထားတဲ့အစားအစာတွေက သင့်အသည်းကိုအဆိပ်ဖြစ်စေပါတယ်။

၆) လတ်ဆတ်တဲ့အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေစားပါ။
လတ်ဆတ်တဲ့အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေက အသည်းကို ကျန်းမာစေပါတယ်။ အသည်းသန့်စင်ဖို့ အကူအညီပေးရုံမက သင့်အဆုတ်၊ နှလုံးနဲ့ အခြားသော အဂါၤတွေကိုပါ အကျိုးရှိစေပါတယ်။

၇) ဗီတာမင် စီ စားပါ။
ဗီတာမင်စီက သင့်အသည်းကိုကုစားပေးနိုင်ပါတယ်။ အဆိပ်တွေကို ဖယ်ရှားနိုင်ပါတယ်။

၈) ဒေါသကိုထိန်းပါ။
ဒေါသထွက်ခြင်းက သင့်အသည်းကိုထိခိုက်စေပါတယ်။ ဒေါသထွက်ပြီးဆိုတာနဲ့ သင့်ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ရခက်သွားစေပါတယ်။ သင့်စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းက သင့်အသည်းကိုကျန်းမာစေပါတယ်။

၉) အရက်မသောက်ပါနဲ့။
အရက်သောက်ခြင်းက အသည်းကိုအဆိပ်အတောက်ဖြစ်စေပါတယ်။ အသည်းအလုပ်လုပ်ခြင်းကိုအနှောင့်အယှက်ဖြစ်စေပါတယ်။

၁၀) သင့်ခန္ဓာကိုယ်ကို ၄၅မိနစ်တခါ လှုပ်ရှားပါ။
သင့်ခန္ဓာကိုယ် လှုပ်ရှားဖို့ ၊ လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်။ သင့်ကြွက်သားတွေကို လှုပ်ရှားစေခြင်းက သင့်ရဲ့အဆုတ်နဲ့အသည်းကို အလုပ်လုပ်စေပါတယ်။

၁၁) အတတ်နိုင်ဆုံး organic ကိုရွေးချယ်စားသောက်ပါ။
Organic ကိုရွေးချယ်စားသောက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေကို လျှော့ချပေးနိုင်ပါတယ်။ ပိုးသတ်ဆေးတွေက အန္တရာယ်ရှိတဲ့အဆိပ်အတောက်တွေဖြစ်စေပါတယ်။ အဲဒါကြောင့် organic ကိုရွေးချယ်စားသောက်ခြင်းက ပိုးသတ်ဆေးတွေကနေ အဆိပ်အတောက်တွေ သင့်ခန္ဓာကိုယ်ထဲစုပြုံလာခြင်းကို သက်သာစေပါတယ်။
https://motherofhealth.com/how-to-detox-liverလင့်မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။