အဆိုးမြင်တဲ့သူတွေရဲ့အတွေးအခေါ်ကနေ ဘယ်လိုရုန်းထွက်မလဲ။

ကျွန်တော်တို့ဘဝမှာ အဆိုးမြင်စိတ်နဲ့လူတွေကို တခါမဟုတ်တခါတော့ ရင်ဆိုင်ရမှာပါပဲ။ သူတို့ရဲ့ဘဝမှာ အဆိုးမြင်စိတ်နဲ့သာစိုးမိုးထားလို့ ပျော်ရွှင်မှုကိုခံစားရမှာမဟုတ်ပါဘူး။ သူတို့နဲ့ ကိုယ့်ကိုကိုယ်ဝန်းရံမိတဲ့အခါမှာလည်း သူတို့ရဲ့အဆိုးမြင်တတ်တဲ့စိတ်က ကိုယ့်ရဲ့စိတ်ခံစားချက်ကိုပါ လွှမ်မိုးလာတတ်ပါသေးတယ်။ အဲဒါကြောင့် အဆိုးမြင်စိတ်ရှိတဲ့သူတွေရဲ့ဝန်းကျင်မှာ ကိုယ်ကရောက်နေတယ်ဆိုရင် ထိုလူတွေရဲ့အဆိုးမြင်တဲ့စိတ်နဲ့ အဆိုးမြင်တတ်တဲ့အတွေးအခေါ်တွေကို ဘယ်လိုရုန်းထွက်မလဲဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်။


၁) သင့်တန်ဖိုးကိုသာ မြင့်တင်ပါ။
သင့်ကိုယ်သင်တန်ဖိုးထားမှုကို မြှင့်တင်သင့်ပါတယ်။ လူတိုင်းမှာ စွမ်းရည်တစ်ခုစီရှိနေတတ်ပါတယ်။ အဲဒီ့စွမ်းရည်ကို သိပြီး ပိုပြီးထက်မြက်လာအောင်ကြိုးစားဖို့လိုပါတယ်။ အဲဒီ့စွမ်းရည်ကိုသိပြီး
သင့်ဘဝရဲ့ရည်မှန်းချက်ကိုသတ်မှတ်သင့်ပါတယ်။ ထိုရည်မှန်းချက်ကို ရောက်အောင်သွားနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ထိုရည်မှန်းချက်ကိုရောက်အောင် သင်ဘယ်လောက်ကြိုးစားနိုင်ခဲ့သလဲ။ ရှေ့ဆက်ပြီးဘာတွေဆက်ကြိုးစားအုံးမလဲဆိုတာကိုသာ အာရုံစိုက်သင့်ပါတယ်။ အဲဒါမှ သင့်ပတ်ဝန်းကျင်က အဆိုးမြင်သမားတွေရဲ့အတွေးအခေါ်တွေကို သင်တွေးဖို့အချိန်မရှိနိုင်တော့ပါဘူး။ အချိန်ကုန်ရကျိုးလည်းနပ်သလို၊ သင့်ရဲ့တန်ဖိုးလည်း မြင့်မားသထက်မြင့်မားလာစေတာပေါ့။

၂) သင့်ရဲ့မကောင်းတဲ့အမြင်တွေကို ဖယ်ရှားပါ။
သင့်မှာ မကောင်းတဲ့အမြင်တွေစတင်ခံစားနေရပြီလို့ ထင်တယ်ဆိုရင် ထိုမကောင်းတဲ့အမြင်ကို သေချာဆန်းစစ်ကြည့်ပါ။ အလကား အတွေးလွန်နေတာလား…..၊ မဖြစ်နိုင်တာကိုလျှောက်တွေးနေတာလား….၊ မလုပ်ကြည့်ရသေးဘဲ အကြောက်လွန်နေတာလား…….။ စသဖြင့်ပေါ့။ ကိုယ်ကျော်လွှားနိုင်တဲ့အရာကို မလုပ်ကြည့်ရသေးဘဲ အကြောက်လွန်နေတာမျိုးဆိုရင် သင့်ကိုမကောင်းတဲ့အမြင်တွေကတားဆီးနေတာကို သင်လက်မခံဘဲ ဖယ်ရှားလိုက်ပါ။ “မဟုတ်ဘူး….မဖြစ်နိုင်ဘူး…….ကိုယ့်စိတ်ကို အကြောက်လွန်စေတဲ့ကိစ္စမျိုးကို စိတ်ထဲက ဖယ်ထုတ်လိုက်မယ်၊ ကျော်ဖြတ်နိုင်တယ်…..”လို့ ကိုယ့်ကိုကိုယ်အကောင်းဘက်က အတွေးပြန်ဖြစ်လာအောင် အားပေးပါ။

၃) မကောင်းတဲ့အတွေးကို ကောင်းတဲ့ဘက်ကပြောင်းတွေးပါ။
“ငါဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူး” ဆိုတဲ့စကားအစား “ငါဘာလို့မလုပ်နိုင်ရမှာလဲ။ ငါလုပ်နိုင်တယ်၊ ငါရအောင်ကြိုးစားမယ်” လို့ပြောင်းတွေးလိုက်ပါ။ ရှေ့ဆက်ဖို့ ကြိုးစားပါ။ သင်ဖြစ်ချင်တာကို ပြန်တွေးကြည့်ပါ။

၄) သင်အပေါ်လွှမ်းမိုးထားတဲ့မကောင်းတဲ့အမြင်တွေကို သေချာဆန်းစစ်ပြီး
ကျော်လွှားလိုက်ပါ။
သင်ခံစားနေရတဲ့မကောင်းတဲ့အမြင်တွေက ယုတ္တိရှိလားပြန်ဆန်းစစ်ပါ။ တခါတလေ မဖြစ်နိုင်တာကို ကြိုတွေးပြီး ကြောက်နေတတ်ပါတယ်။ အဲဒီ့ကြောက်တဲ့စိတ်ရယ် မကောင်းတဲ့အမြင်ရယ်ကိုကျော်လွှာဖို့လိုပါတယ်။ သင့်ရဲ့ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို မရောက်အောင်တားဆီးထာတဲ့အဆိုးမြင်စိတ်၊ ပူပန်စိတ်တွေကို အခြားသူတွေက အသုံးချသွားပါလိမ့်မယ်။ အဲဒါကြောင့် သင့်ပန်းတိုင်ကိုသွားမယ့်လမ်းကြောင်းပေါ်က အနှောင်အယှက်တွေကို လက်မခံလိုက်ပါနဲ့။

၅) မကောင်းတဲ့အမြင်နေရာမှာ အခြားတခုခုကို အစားထိုးလိုက်ပါ။
သင့်ပန်းတိုင်၊ သင့်လမ်းကြောင်းကိုရှေ့ဆက်မရအောင် နှောင့်ယှက်တဲ့အဆိုးမြင်တဲ့အမြင်တွေရဲ့လွှမ်းမိုးမှုကို အာရုံမထားပါနဲ့။ ထိုအဆိုးမြင်စိတ်နေရာမှာ အခြား တခုခုနဲ့အစားထိုးလိုက်ပါ။ ဥပမာ၊ အားကစားလုပ်ခြင်း၊ စာဖတ်ခြင်း၊ တရားထိုင်ခြင်း စတဲ့တခုခုနဲ့ပေါ့။ သင့်ကို အဆိုးမြင်စိတ်ဖြစ်စေတဲ့လူတွေနဲ့ ဆက်ဆံရေးကိုပါ ဖြတ်တောက်ပစ်လိုက်ပါ။

၆) အကောင်းမြင်တဲ့လူတွေနဲ့များများထိတွေ့ဆက်ဆံပါ။
ပတ်ဝန်းကျင်က လူတွေရဲ့အတွေးအခေါ်နဲ့အပြုအမူတွေက လူတစ်ယောက်အပေါ်လွှမ်းမိုးမှုရှိပါတယ်။ အဲဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်တဲ့သူတွေများများဝန်းရံခြင်းက သင့်ကိုလည်း အကောင်းမြင်စိတ်တိုးစေပါတယ်။ မကောင်းမြင်စိတ်ရှိသူတွေကို ဖယ်ထုတ်လိုက်ပါ။ အဆိုးမြင်သူကို ရေရှည်ဝန်းရံထားခြင်းက သင့်ကိုပါအဆိုးမြင်စိတ်ဖြစ်စေပြီး သင့်ရဲ့စိတ်ကျန်းမာရေးထိခိုက်ရာမှတဆင့် ကိုယ်ကျန်းမာရေးပါထိခိုက်လာနိုင်ပါတယ်။ အဲဒါကြောင့်အကောင်းမြင်စိတ်ရှိသူကိုရှာဖွေပါ၊ ကိုယ့်ဝန်းကျင်မှာ ဝန်းရံပါ။ သူတို့ရဲ့ဘဝကိုဘယ်လိုတိုးတက်အောင်ကြိုးစားပြီး ဘယ်လိုပျော်ရွှင်အောင်နေထိုင်သလဲ အတုယူကြည့်ပါ။
https://www.powerofpositivity.com/negative-mindset-toxic-people/ လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ် ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။