အလုပ်ရုံးခန်းတွင် ခွေးလေးတွေရှိသင့်သော အကြောင်းအရင်း ၁၅ ချက်

အလုပ်ရုံးခန်းမှာ ခွေးလေးတွေမွေးမယ်။ ရုတ်တရက်ဆိုရင် နောက်ပြီးပြောနေတယ်လို့ ထင်စရာပါပဲနော်။ ဒါပေမယ့် တကယ်ကို ခွေးလေးတွေမွေးထားတဲ့ အလုပ်ခွင်တွေ နိုင်ငံတကာမှာ ရှိကြပါတယ်တဲ့ခင်ဗျာ။ ပျော်ရွှင်စရာကောင်းမယ်ဆိုတာတော့ အသေအချာပါပဲ။ ဒီ့အပြင်ကို ခွေးလေးတွေ အလုပ်ရုံးခန်းမှာရှိတာက ဝန်ထမ်းတွေအချင်းချင်းကြားက ယုံကြည်မှုနဲ့ အဖွဲ့အစည်းလိုက်လုပ်ဆောင်နိုင်စွမ်းတွေ တိုးလာစေပါတယ်၊ အလုပ်စွမ်းဆောင်ရည်တွေ မြင့်တက်လာစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ သိပ်မယုံကြည်ချင်သေးဘူးလား? ဒါဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အလုပ်ရုံးခန်းမှာ ခွေးလေးတွေရှိသင့်ကြောင့် အကြောင်းအရင်း (၁၅) ချက်ကို ဆက်လက်ဖတ်ရှုလိုက်ပါဦး။


၁။ Virginia Commonwealth University ကလေ့လာမှုတစ်ခုအရ အလုပ်ခွင်မှာ ခွေးလေးတွေရှိခြင်းက ဝန်ထမ်းတွေကို ဖိအားတွေလျော့ကစေတယ်လို့ ဆိုပါတယ်။

၂။ အားလပ်ချိန်တွေမှာ ခွေးလေးတွေခေါ်ပြီး အပြင်ထွက်လမ်းလျှောက်မယ်။ တစ်နေကုန် အလုပ်ခုံမှာ ထိုင်နေရတာကနေအပြောင်းအလဲဖြစ်ပြီး က ျန်းမာရေးအရလဲကောင်းပါတယ်။

၃။ အလုပ်နဲ့ ကိုယ်ပိုင်အချိန်ကို ညီညွတ်မ ျှတစေပါတယ်။ ခွေးလေးတွေရှိနေတော့ အလုပ်ခွင်ဆိုတာ ကိုယ့်အိမ်လိုပဲ ခံစားမိစေပါတယ်။

၄။ ဖိအားတွေများနေတဲ့အခါမျိုး အခက်အခဲတစ်ခုကို ဖြေရှင်းဖို့ အကျပ်ရိုက်နေတဲ့အခါမျိုးမှာ ရုံးမှာသာ ခွေးလေးတစ်ကောင်ရှိမယ်ဆိုရင် သူနဲ့ခဏလောက် သွားဆော့လို့ရပါတယ်။ ဒါက စိတ်ကိုပေါ့ပါးလန်းစေပါတယ်။

၅။ ခွေးလေးတွေကြောင့် ပျော်ရွှင်ဖို့ကောင်းတဲ့ အလုပ်ခွင်ဖြစ်လာပြီး အလုပ်ရှင်နဲ့ အလုပ်သမားကြားက ဆက်ဆံရေးကို တိုးလာစေပါတယ်၊ အမြင်မကြည်မှုတွေ လျော့နည်းသွားစေနိုင်ပါတယ်။

၆။ အလုပ်ခွင်စိတ်ကျေနပ်မှုကို သိသိသာသာ တိုးတက်စေလာပါတယ်။ အလုပ်လုပ်ရတာ ပျော်ရွှင်စေပါတယ်။

၇။ ခွေးလေးတွေကို အကြောင်းပြုပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေကြားက ရင်းနှီးမှုတိုးလာပါတယ်။

၈။ အသင်းအဖွဲ့အလိုက် ဆောင်ရွက်မှုတွေ အားကောင်းလာစေတယ်၊ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုနဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မြဲလာစေတယ်လို့ Central Michigan University ကလေ့လာမှုတစ်ခုက ဆိုပါတယ်။

၉။ ခွေးလေးတွေအကြောင်း စကားပြောကြရင်းနဲ့ အလုပ်ခွင်မှာ မိသားစုစိတ်ဓာတ်ကို ပြုစုပျိုးထောင်ပေးပြီးသားဖြစ်စေပါတယ်။

၁၀။ ပေါ့ပေါ့ပါးပါးရှိတဲ့ အလုပ်ခွင်ဖြစ်စေတယ်။ အလုပ်ရုံးခန်းမှာ ခွေးလေးတွေရှိခြင်းက သက်တောင့်သက်သာရှိပြီး ပွင့်လင်းတဲ့ အငွေ့အသက်ကို ဖြစ်ပေါ်စေပါတယ်။

၁၁။ အလုပ်အပေါ် သစ္စာရှိမှုကို တိုးစေတယ်၊ ဝန်ထမ်းတွေ တော်ရုံနဲ့ အလုပ်မထွက်ချင်ကြတော့ဘူး။ Banfield Pet Hospital ကစစ်တမ်းကောက်ယူမှုအရ 53% သောဝန်ထမ်းတွေက ခွေးလေးတွေရှိတာက လက်ရှိအလုပ်မှာမြဲစေဖို့ ဆွဲဆောင်မှုတစ်ခုဖြစ်တယ်လို့ ဖြေထားပါတယ်။

၁၂။ လုပ်ငန်းရဲ့ လာဘ်ကောင်အဖြစ် အသုံးချလို့ပါတယ်။ ဝန်ထမ်းတွေနဲ့ ခွေးလေးတွေ ဆော့ကစားနေကြတာကို လူမှုကွန်ယက်နဲ့ ဝက်ဘ်ဆိုက်တွေမှာ တင်ရင်းနဲ့ ရင်းနှီးဖော်ရွှေမှုရှိတဲ့ ကိုယ့်ကုမ္ပဏီရဲ့ သဘာဝကို ဖော်ပြနိုင်ပါတယ်။

၁၃။ Banfield Pet Hospital ရဲ့စစ်တမ်းကောက်ယူမှုတစ်ခုအရ ကုမ္ပဏီရဲ့ အိမ်မွေးတိရစ္ဆာန်ပေါ်လစီကို အလုပ်လျှောက်သူတွေအနေနဲ့ မကြာခဏဆိုသလိုမေးလေ့ရှိတယ်လို့ 63% သော HR ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ အလုပ်မှာ ခွေးလေးတွေရှိမယ်ဆိုရင် ဝန်ထမ်းခေါ်ယူမှုကို အထောက်အကူပြုစေနိုင်ပါတယ်။

၁၄။ ခွေးလေးတွေရှိတာကြောင့် စိတ်ပိုင်းဆိုင်ရာအရ ကောင်းကျိုးတွေဖြစ်စေပြီး အလုပ်စွမ်းဆောင်ရည်ကိုလဲ တိုးလာစေပါတယ်။

၁၅။ Banfield ရဲ့စစ်တမ်းကောက်ယူမှုတစ်ခုမှာ 70% သောဖြေကြားသူတွေက အလုပ်ခွင်မှာသာ ခွေးလေးတွေရှိမယ်ဆိုရင် ဝန်ထမ်းတွေရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ အလုပ်မှာ တက်တက်ကြွကြွရှိမှုကို တိုးတက်လာစေတယ်လို့ မှတ်ချက်ပြုထားပါတယ်။

ဆိုတော့ ကိုယ့်အလုပ်ခွင်မှာ ခွေးလေးတစ်ကောင်မွေးဖို့ ခိုင်လုံတဲ့ အကြောင်းပြခ ျက်တွေ ပြည့်ပြည့်စုံရသွားလောက်ပါပြီ။ ကိုယ့်ရဲ့ ဘော့စ်ကိုသာ လက်ခံလာအောင် တိုက်တွန်းလိုက်ပါတော့လား။

? ( BaWa101 )

Source: “15 reasons allow dogs office,”headwaycapital.com မှဘာသာပြန်ဖော်ပြထားပါသည်။

ပုံကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။