အလုပ်အင်တာဗျူးတဲ့အခါ သိထားသင့်တဲ့အချက်တွေ

အလုပ်တစ်ခုရဖို့အတွက် အင်တာဗျူးအောင်ဖို့က အရေးကြီးပါတယ်။ အင်တာဗျူးမှာ တစ်ခဏလေးကြည့်ပြီးဆုံးဖြတ်တာမို့ ထိုအင်တာဗျူးမှာ ကိုယ့်ကို အမှတ်ပိုပေးပြီး အလုပ်ခန့်ချင်အောင် ပြင်ဆင်သွားသင့်တဲ့အချက်လေးတွေနဲ့ သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) အချိန်အတိအကျသွားပါ။
အချိန်တိကျခြင်းဟာလည်း အလုပ်အင်တာဗျူးကိုရောက်လာတဲ့အချိန်ကိုကြည့်ပြိးဆုံးဖြတ်တတ်ကြပါတယ်။ အချိန်ကိုလေးစားရဲ့လား၊ ကတိုက်ကရိုက်နဲ့ရောက်လာတာလား။ အင်တာဗျူးချိန်ကိုတောင် မလေးစားဘဲ ကမန်းကတမ်း ဗြုတ်စဗျင်းတောင်းနဲ့လာတယ်ဆိုရင် အလုပ်ခန့်လိုက်တဲ့အခါ အဆင်ပြေပါ့မလားဆိုတဲ့စိတ်ထားမျိုးဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် အင်တာဗျူးချိန်ကို တလေးတစားနဲ့ သွားဖို့လိုပါတယ်။

၂)အဝတ်အစားသန့်ရှင်းသပ်ရပ်စွာဝတ်ဆင်သွားပါ။
အတ်အစားကလည်း လူတစ်ယောက်ရဲ့ First Impression မှာ အရေးကြီးပါတယ်။ တဖက်လူက ကြည့်လိုက်တာနဲ့ တလေးတစားဖြစ်စေမယ့် လုခြုံတဲ့အဝတ်အစားမျိုးဝတ်ဆင်သွားဖို့လည်းလိုပါတယ်။

၃) သက်ဆိုင်ရာလုပ်ငန်းခွင်ကိုလေ့လာသွားပါ။
ကိုယ်အင်တာဗျူးမယ့်ကုမ္မဏီရဲ့ လုပ်ငန်းဆောင်တာကို အကြမ်းဖျင်း လေ့လာထားခြင်းက သင့်ကို အင်တာဗျူးဖြေရာမှာအထောက်အကူဖြစ်စေမှာပါ။

၄) သွက်သွက်လက်လက်ဖြေပေးပါ။
အင်တာဗျူးသမားကမေးတဲ့မေးခွန်းတွေကို မသိရင်မသိတဲ့အကြောင့် ဒါပေမယ့်သေချာသင်ယူနိုင်မယ်လို့ကိုယ့်ကိုယ်ကိုယ်ယုံကြည်ကြောင်း ဖြေပေးပါ။ သိတဲ့အဖြေဆိုရင်လည်း သွက်လက်စွာဖြေပေးခြင်းက သွက်လက်ထက်မြက်မှုကို လူတိုင်းက သဘောကျကြပါတယ်။ မတတ်တာက သင်ပေးလို့ရတာမို့ သွက်လက်ပြီး သင်ယူချင်စိတ်ရှိတဲ့လူကို သဘောကျကြမှာပါ။

၅) သေချာအာရုံစိုက်ပါ။
မေးခွန်းတွေကိုသေချာအာရုံစိုက်ပါ။ စိတ်က အာရုံထွေပြားနေတတ်ပြီး စိတ်လှုပ်ရှားမှုနဲ့ မေးတဲ့မေးခွန်းတခြားအဖြေတခြားဖြစ်သွားမှာကိုသတိထားပါ။

၆) စိတ်လှုပ်ရှားမှုကိုထိန်းပါ။
အင်တာဗျူးရင် အနည်းအများကတော့ စိတ်လှုပ်ရှားကြတာချည်းပါပဲ။ စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံးထိန်းပါ။ စိတ်တည်ငြိမ်အောင်ထားပြီး မျက်နှာကို ပြုံးရွှင်စွာနဲ့ တက်ကြဖြတ်လတ်စွာဖြေသင့်ပါတယ်။

၇) မရှင်းတာရှိလျှင် တဖက်လူစကားပြောအပြီးကိုစောင့်ပြီးမှ ပြန်မေးပါ။
မေးသမျှ ခေါင်းငြိမ့်ပြီး ပြန်ထွက်လာမှ ဘာတွေမှာသွားမှန်းမသိလိုက်တာမျိုးမဖြစ်ရအောင် မေးခွန်းတွေ သေချာအာရုံစိုက်နားထောင်ပါ။ ကိုယ်မရှင်းတဲ့အချက်တွေကို သေချာမှတ်သားပြီး တဖက်သားစကားဆုံးသွားတာသေချာမှသာ ကိုယ်သိလိုသမျှကို သေချာမေးမြန်းသင့်ပါတယ်။
အထက်ကအချက်တွေကတော့ အကြမ်းဖျင်းအားဖြင့် ဂရုစိုက်သင့်တဲ့အချက်တွေပါပဲ။ အင်တာဗျူးခေါ်တဲ့အခါ လိုအပ်တဲ့စာရွက်စာတမ်းတွေကို မူရင်း မိတ္တူစုံလင်အောင်ထည့်သွားဖို့လည်း သတိရပါ။ အင်တာဗျူးမေးနိုင်တဲ့မေးခွန်းတွေကို သေချာလေ့လာသွားဖို့လည်းလိုအပ်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။