အချိန်တိုင်း သင့်ဖုန်းကိုချည်း အာရုံမရောက်မိစေဖို့ လုပ်သင့်တဲ့အလေ့အကျင့်များ

ဒီနေ့ခေတ်မှာ ဖုန်းက လူတိုင်းမရှိမဖြစ်တဲ့အရာတစ်ခုဖြစ်လာပါတယ်။ အားနေတာနဲ့ ဖုန်းကို ပွတ်လိုက်မယ်ဆိုတဲ့အတွေးတွေးမိမှန်းမသိဘဲနဲ့ကို ဖုန်းကို ပွတ်မိရက်သားဖြစ်နေတာပါပဲ။ အဲဒီ့အခါ ဖုန်းသုံးရင်းအချိန်ကုန်မှန်းမသိ ကုန်သွားပါတော့တယ်။ အဲဒါကြောင့် ဖုန်းကို မလိုအပ်ရင်မသုံးဖို့နဲ့ တခါတလေ အပျင်းပြေဖို့အတွက် သုံးဖို့၊ တခုခုအကျိုးရှိအောင်သင်ယူဖို့အတွက်သာသုံးမယ်ဆိုတဲ့အတွေးနဲ့ ဆုံးဖြတ်ချက်ချထားဖို့လိုပါတယ်။ ဘာမှထိရောက်တဲ့အလုပ်မလုပ်ဖြစ်ဘဲ အချိန်ကုန်သွားတတ်တာမို့ပါ။


၁) အချိန်ကိုကန့်သတ်ထားပါ။
ဖုန်းသုံးမယ့်အချိန်ကို ကိုယ့်ကိုယ်ကိုယ်ကန့်သတ်ထားတာ အကောင်းဆုံးပါပဲ။ ဘယ်အချိန်သုံးမယ်လို့ တိတိကျကျသတ်မှတ်ထားရင် ကျန်တဲ့အချိန်တွေကျတော့ ကိုယ့်အတွက် တကယ်လုပ်စရာရှိတာကို သေချာအာရုံစိုက်လုပ်နိုင်စေပါတယ်။ အဲဒီလိုမဟုတ်ရင် ဘာမှမလုပ်လိုက်ရဘဲ ဖုန်းသုံးရင်းအချိန်ကုန်မှန်းမသိကုန်သွားတတ်ပါတယ်။

၂) သုံးစရာကိစ္စမရှိလျင် အင်တာနက်ပိတ်ထားပါ။
အဓိကက အင်တာ Wifi ကို အမြဲတပ်ဆင်ထားခြင်းကနေတဆင့် ဖုန်းကို မသုံးမိဘဲမနေအောင် ဖြစ်စေတဲ့အကြောင်းရင်းလည်း ပါပါတယ်။ အဲဒါကြောင့် သုံးစရာကိစ္စမယ်မယ်ရရမရှိရင် ဖုန်းအင်တာနက်ကို wif ကို ပိတ်ထားတာအကောင်းဆုံးပါပဲ။

၃) အာရုံပျံ့လွင့်ခြင်းမဖြစ်အောင် Noti Off ထားပါ။
တခုခုကို တစိုက်မတ်မတ်လုပ်တော့မယ်လို့ဆုံးဖြတ်လိုက်တာနဲ့ ဖုန်းအင်တာနက်ကိုပိတ်ပါ၊ ဒါမှမဟုတ် ဖုန်းအင်တာနက်ကို အလုပ်သဘောအရပိတ်မရဘူးဆိုရင်လည်း ဖုန်းထဲက noti ကို off ထားလိုက်တာကောင်းပါတယ်။ အဲဒါမှ နိုတီတက်တိုင်း ဖုန်းကို ကောက်မကိုင်မိတော့မှာဖြစ်ပါတယ်။

၄) ဖုန်းကို silent လုပ်ထားပါ။
နောက်တစ်ခုက ဖုန်းအဝင်ကောအသံတွေကလည်း အာရုံပျက်စေပါတယ်။ ဖုန်းကို ရည်ရွယ်ချက်မရှိ ကောက်ကိုင်မိတာမျိုးဖြစ်တတ်တာကြောင့် ကိုယ်လုပ်မယ့်အလုပ်ကို သေချာအာရုံစိုက်ဖို့လိုရင် ဖုန်းကို ပိတ်ထားတာ၊ Silent တာမျိုးလုပ်ထားသင့်ပါတယ်။

၅) အလုပ်ကိစ္စ ဒါမှမဟုတ် အကြောင်းရှိမှ သုံးဖို့ ဆုံးဖြတ်ပါ။
အလုပ်ကိစ္စကြောင့် မက်ဆေ့တွေဖတ်ရမှာမျိုး၊ စာပြန်ရမှာမျိုး၊ စာဝင်ဖို့ရှိတာမျိုးဆိုမှသာ အချိန်ကိုက် ဖုန်းကို ဖွင့်ကြည့်တာမျိုးလုပ်ပါ။အကြောင်းကိစ္စရှိမှသာ ဖုန်းကို ကိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ဆုံးဖြတ်ချက်ချထားပြီး အမှတ်တမဲ့ဖုန်းကိုင်မိခဲ့မယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးတာမျိုးလုပ်ပေးပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။