အချိန်ဖြုန်းသလိုဖြစ်စေတဲ့အကျင့်ဆိုးများ

တခါတလေ ကိုယ့်ရဲ့အကျင့်ဆိုးတွေကပဲ ကိုယ့်အချိန်ကို ခိုးသွားသလိုဖြစ်နေတတ်ပါတယ်။ အဲဒီ့အကျင့်လေးတွေကို သတိထားမိမယ်ဆိုရင် ကိုယ့်ဟာကိုယ်ပြုပြင်လိုက်ခြင်းအားဖြင့် အချိန်အလကားကုန်စေတဲ့အကျင့်တွေနည်းသွားပါလိမ့်မယ်. အဲဒါကြောင့် သတိမထားမိတတ်တဲ့အကျင့်ဆိုးအချို့ကိုဖော်ပြပေးလိုက်ပါတယ်။


၁) အနားယူဖို့သာစဥ်းစားနေခြင်း
တခုခုမလုပ်ရသေးဘူး၊ “ခဏလေးထိုင်လိုက်ပါအုံးမယ်” ဆိုပြီး ဖုန်းသုံးတာမျိုး၊ ဘာမှအကျိုးမရှိတာကိုလုပ်မိသွားပြီး တကယ်လုပ်ရမယ့်အလုပ်ကို မေ့သွားတာမျိုးဖြစ်တတ်ပါတယ်။ သတိပြန်ရတဲ့အချိန်မှာတင် အချိန်အတော်ကုန်သွားတာကို သတိထားမိပါလိမ့်မယ်။ တကယ်လို့ကိုယ့်မှာအဲဒီလိုအကျင့်ရှိတယ်လို့ထင်ရင် နားမယ်လို့တွေးတဲ့အချိန်မှာ “လုပ်စရာရှိတာအရင်လုပ်လိုက်ပါအုံးမယ်” ဆိုတဲ့အတွေးပြောင်းတွေးလိုက်ပါ။

၂) အလုပ်လုပ်ချင်လာမယ့်အချိန်ကို စောင့်နေခြင်း
“အခုအချိန်မလုပ်ချင်သေးပါဘူး၊ တအောင့်လောက်နေမှ၊” “အခုစောပါသေးတယ်” စသဖြင့် အဲဒီလိုကိုယ့်ကိုယ်ကိုယ်ဆင်ခြေပေးတတ်ခြင်းကလည်း အချိန်ဖြုန်းစေတဲ့အကျင့်ဆိုးထဲကတစ်ခုပါပဲ။ တကယ်တမ်းလုပ်ရမယ့်အချိန်ရောက်လာတဲ့အခါမှာတော့ အခြားသောအရေးပေါ်ကိစ္စတေါနဲ့ ကြားဖြတ်လူမှရေးတွေ၊ မထင်မှတ်ထားတာတွေပေါ်လာတတ်တဲ့အတွက် ကိုယ်လုပ်စရာရှိတာ မလုပ်ဖြစ်တော့တာမျိုးဖြစ်တတ်ပါတယ်နော်။

၃) အခြားလူတွေဘာပြောမလဲဟုတွေးနေခြင်း
နောက်တစ်ခုကတော့ အခြားလူရဲ့မြင်မယ့်အမြင်ကို ကြိုတွေးနေခြင်းကလည်း သင်လုပ်မယ့်အလုပ်ကိုမလုပ်ဖြစ်စေတော့ဘဲ အချိန်ဖြုန်းသလိုဖြစ်သွားစေပါတယ်။ “ငါဒီလိုလုပ်နေတာကို ဟိုတစ်ယောက်မြင်ရင် ဘယ်လိုထင်မလဲမသိဘူး” “ငါဒီအချိန်ထပြီး စာကျက်နေတာကို မြင်ရင် ဟိုတစ်ယောက်က ငါ့ကိုလှောင်အုံးမယ်” စသဖြင့် အခြားလူတွေးမယ့်အကြောင်းကိုစဥ်းစားပြီး မလုပ်ဖြစ်တော့တာမျိုးပါ။

၄) စတင်ဖို့ရာ အားလုံးပြီးပြည့်စုံတဲ့အချိန်ကိုသာစောင့်နေခြင်း
“မီးမလာသေးလို့၊ မောသေးလို့၊ အရေးမကြီးသေးလို့၊ ဘာမဝယ်ရသေးလိုံ” စသဖြင့် အခြေအနေအားလုံး ပြီးပြည့်စုံတဲ့အထိစောင့်နေခြင်းက အချိန်ဖြုန်းတာပါပဲ၊ ကိုယ့်မှာရှိနိုင်တာနဲ့၊ ရနိုင်တာကို ရသလောက်စတင်ပြီးလုပ်ဆောင်ထားခြင်းက မရှိရှိရာနဲ့ဖြစ်အောင်လုပ်ဖြစ်သွားမို့လုပ်စရာရှိတာမြန်မြန်လုပ်ဖြစ်သွားပါတယ်။ အဲဒီလိုမဟုတ်ဘဲ ငွေမရှိလို့၊ မီးမလာလို့၊ ဝိုင်းကူမယ့်သူမရှိလို့ စတဲ့အတွေးတွေဝင်နေရင်ခုပဲပြုပြင်လိုက်ပါနော်။

၅) လတ်တလောလုပ်ရမယ့်အလုပ်ကိုနောက်ရွေ့လိုက်ခြင်း
ဒါကလည်း အလားတူပါပဲ။ အခုလက်ရှိ လုပ်ကိုလုပ်ရမယ့်အလုပ်ကို ကိုယ်သာလျှင်အသိဆုံးပါ။ ဒါပေမယ့် “ဘယ်အချိန်လောက်ကျမှလုပ်လိုက်မယ်၊ အလျင်မီပါတယ်လေ” ဆိုတဲ့အတွေးမျိုးနဲ့ လက်ရှိလုပ်ရမယ့်အလုပ်ကို အချိန်ရွေ့တတ်တဲ့အကျင့်ဆိုးကလည်း မကောင်းပါဘူး။ အချိန်ဖြုန်းနည်းတစ်မျိုးပါပဲ။ အဲဒီ့အကျင့်က အနားနီးမှ ကမန်းကတမ်းနဲ့ ဖုတ်ပူမီးတိုက် လုပ်ရတာမို့ စိတ်မောလူမောအပြင် ကိုယ်လုပ်လိုက်တဲ့အလုပ်အောင်မြင်အဆင်ပြေဖို့လည်း မလွယ်တော့ပါဘူး။ အဲဒါကြောင့် အထက်ပါအကျင့်ဆိုးတွေ သင့်မှာရှိနေပြီဆိုရင် ကိုယ့်ကိူယ်ကိုယ်သတိလေးထားပြီး ဆင်ခြင်ပြုပြင်သင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။