အချိန်လွန်မှ သိလာနိုင်မယ့်အရာ(၅) ခု

နောင်တဆိုတာမျိုးက အချိန်ရှိခိုက်မလုပ်မိတာတွေကို အချိန်မရှိတော့မှသာ မလုပ်မိလေခြင်းရယ်လို့တသသဖြစ်နေတတ်တာမျိုးပါ။ လုပ်ခဲ့မိသမျှတွေက အမှားပါသွားရင် အမှားပါမှန်းသိလို့ပြုပြင်နိုင်ပေမယ့် မလုပ်မိခဲ့တာတွေက ပြုပြင်ဖို့မပြောနဲ့ ကြိုးစားဖို့တောင်အခွင့်အရေးရခဲ့မှာမဟုတ်ဘူးလေ။ အဲဒါကြောင့် အချိန်လွန်မှ နောင်တမရမိစေဖို့ အချိန်ရှိခိုက်လုံ့စိုက်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) အချိန်ကို အကျိုးရှိရှိအသုံးမချခဲ့ခြင်း
ဒါက ငွေပေါဖို့မလိုသလို၊ ငွေရှိလို့လဲ ပြန်မဝယ်နိုင်ပါဘူး။အဓိကက ကိုယ့်ရဲ့နုပျိုသန်စွမ်းမှုတွေရှိတဲ့ အရွယ် ခပ်ငယ်ငယ်မှာ အချိန်ကို သေချာစီမံ ၊ အကျိုးရှိတဲ့နေရာတွေမှာ အသုံးချခဲ့မယ်ဆိုရင် နောင်အသက်ကြီးအိုမင်းမစွမ်းချိန်ကျမှ နောင်တရနေရမှာမဟုတ်တော့ပါဘူး။ ကိုယ်လုပ်ချင်တာတွေလုပ်နိုင်တုန်းမှာ ကိုယ့်အတွက်အကျိုးရှိတာတွေကြိုးစားမယ်၊ ကိုယ့်စွမ်းရည်တိုးတက်အောင်လုပ်မယ်၊ အရည်အချင်းအတွက် ကြိုးစားမယ်၊ ပညာအတွက်ကြိုးစားမယ်စသဖြင့် တခုခုမှာ ရင်းနှီးမြုပ်နှံဖို့ အချိန်ကိုရင်းနိုင်ပါတယ်။

၂) ကိုယ့်စွမ်းရည်ကိုအစွမ်းကုန်မမြှင့်တင်ခဲ့ခြင်း
ငယ်ရွယ်တုန်းမှာ ရသမျှ အတတ်ပညာတွေ၊ ကိုယ့်အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုမှန်သမျှကို တိုးတက်မှုရှိအောင် သင်ယူဖို့အမြဲကြိုးစားနေသင့်ပါတယ်။ အဲဒါမှ အချိန်နဲ့အမျှ ကိုယ့်စွမ်းရည်တိုးပွားလာသလို ဝင်ငွေလည်း တိုးပွားလာစေမှာပါ။ အချိန်လွန်ကာမှ မကြိုးစားခဲ့လေခြင်းလို့ နောင်တမရမှာဖြစ်ပါတယ်။ ငယ်ရွယ်တုန်း မှတ်ဉာဏ်ကောင်းတုန်း သန်စွမ်းတုန်းမှာ ယောင်ဝါးဝါးနည်းနဲ့အချိန်ဖြုန်းခြင်း၊ ကိုယ့်အရည်အချင်းအတွက် မကြိုးစားခြင်းက အချိန်လွန်မှနောင်တရမှာဖြစ်ပါတယ်။

၃) ကိုယ့်အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ကြောက်ရွံ့ခဲ့ခြင်း
လူတိုင်းမှာ ကိုယ်ဖြစ်ချင်တာရှိတတ်ကြမှာပါ။ (မရှိရင်လည်း ရှိအောင်ရှာဖွေ၊ ကြိုးစားသင့်ပါတယ်) အဲဒါမှ ဘဝက ကိုယ်ဖြစ်ချင်တဲ့အိပ်မက်တွေကို ပုံဖော်ဖို့ ကြိုးစားရင်း ပိုလှလာနိုင်တာဖြစ်ပါတယ်။ ဘဝဆိုတာ ကိုယ်ဖြစ်ချင်တဲ့ပုံစံကို ကိုယ်တိုင်ဖန်တီးရတာသာဖြစ်ပါတယ်။ ကိုယ့်အိပ်မက်တွေကိုအကောင်အထည်ဖော်ဖန်တီးရင် ကိုယ်လိုချင်တဲ့ဘဝမျိုးဖြစ်လာတာပါပဲ။ အဲဒါကြောင့် အချိန်လွန်ခင်ကိုယ့်အိပ်မက်တွေဖြစ်လာဖို့ အကောင်အထည်ဖော်ပါ။

၄) ငွေဖြင့်အရာအားလုံးကို တန်ဖိုးဖြတ်ခဲ့ခြင်း
ငွေက အားလုံးကို ဖန်တီးနိုင်တယ်လို့ ယူဆနေတဲ့အတွက် ငွေနဲ့မဝယ်နိုင်တဲ့အရာတွေကို ငွေနဲ့ရောင်းချတဲ့စိတ်ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ဘဝတစ်ခုလုံ းအဖတ်ဆယ်မရအောင်ပျက်စီးသွားနိုင်တာပေါ့။ အချိန်လွန်တဲ့အခါမှသာ ငွေနဲ့ဝယ်မရတာတွေကို မြင်လာပြီး နောင်တရတတ်ပါတယ်။

၅) ဘဝနေဝင်ချိန်အတွက်ကြိုတင်မပြင်ဆင်ခဲ့ခြင်း
နောက်ဆုံးကတော့ ကိုယ့်ဘဝရဲ့အိုမင်းမစွမ်းချိန်ကို ထည့်မစဉ်းစားတာပါပဲ။ ကိုယ့်သန်စွမ်းချိန်မှာ ဘာမဆို ရုန်းကန်ပြီးရှာဖွေဖြေရှင်းနိုင်ပေမယ့် အိုမင်းမစွမ်းချိန်အတွက် ကြိုတင်ပြင်ဆင်ထားမှုမရှိရင် မသန်စွမ်းနိုင်တော့တဲ့အချိန်မှာ သင့်အတွက် ဒုက္ခရောက်တတ်ပါတယ်။ အဲဒါကြောင့် အချိန်လွန်မှရတတ်တဲ့နောင်တဖြစ်တော့တာပါပဲ။
ဒီအချက်တွေကို ဖတ်ကြည့်ပြီးတဲ့အခါ သင့်ကိုယ်သင်အတွက် ဝေဖန်ဆန်းစစ်ပြီး ကိုယ့်အတွက်ကိုယ် အချိန်ရှိခိုက်ကြိုးစား ဖြေရှင်းနိုင်အောင်၊ ကြိုတင်စီစဉ်သင့်တာစီစဉ်နိုင်အောင် အတွေးအခေါ်တစ်ခုခုရသွားပါစေကြောင်း ရည်ရွယ်ဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။