အင်ဥရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

အင်ဥက မှိုအမျိုးအစားတစ်မျိုးဖြစ်ပြီး ကြွေကျနေတဲ့အင်ဥကနေ မိုးရေနဲ့ထိပြီး ဖြစ်လာတဲ့မှိုအမျိုးအစားလို့လည်းပြောကြပါတယ်။ မိုးရာသီမှာ လှိုင်လှိုင်ပေါတဲ့ အင်ဥကို အများစုက ကြော်စား၊ ချက်စား၊ သုတ်စားကြပါတယ်။ မြေအောင်းမှိုဖြစ်တဲ့အင်ဥမှာ ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။


၁) အာဟာရပြည့်ဝခြင်း
အင်ဥမှာ carbs ၊ protein နဲ့ fiber ၊ vitamin C ၊ phosphorus ၊ sodium ၊ calcium ၊ magnesium ၊ manganese နဲ့ iron စတဲ့အာဟာရဓာတ်တွေအများကြီးပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။

၂) Antioxidants ကြွယ်ဝစွာပါဝင်ခြင်း
အင်ဥမှာ vitamin C, lycopene, gallic acid နဲ့ homogentisic acid တို့ကဲ့သို့ Antioxidants တွေအများကြီးပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ပျက်စီးစေတဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်နိုင်ပါတယ်။ အဲဒါကြောင် နာတာရှည်ရောဂါ၊ ကင်ဆာ၊ နှလုံးနဲ့ ဆီးချိုကဲ့သို့ရောဂါမျိုးတွေဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေပါတယ်။

၃) ဘက်တီးရီးယားတွေကိုတိုက်ဖျက်နိုင်ခြင်း
လူတွေကို နာမကျန်းမှု၊ ဖျားနာမှုတွေဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိတာကြောင့်လည်း ခုခံအားအတွက်ကောင်းမွန်စေတယ်လို့ဆိုပါတယ်။

၄) ရောင်ရမ်းမှုကိုလျော့ကျစေခြင်း
အင်ဥမှာ ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းကို လျော့ကျစေနိုင်တဲ့အစွမ်းရှိတယ်လို့ဆိုကြပါတယ်။ အဲဒါကြောင့် သင့်ခန္ဓာကိုယ်မှာ ရောင်ရမ်းခြင်း၊ ဖျားနာခြင်း၊ အခြားသောကူးစက်မှုတွေမဖြစ်ပေါ်စေတော့ပါဘူး။

၅) ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်ခြင်း
အင်ဥမှာ ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိတာကြောင့် ကင်ဆာဖြစ်ပွားမှုလျော့ကျစေပါတယ်။ အဲဒါကြောင့် ကင်ဆာဖြစ်ပေါ်စေတဲ့ဆဲလ်တွေကို တိုက်ဖျက်နိုင်တယ်လို့ဆိုပါတယ်။

၆) နှလုံးရောဂါဖြစ်ပွားနိုင်ချေလျော့ကျစေခြင်း
ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုလျော့ကျစေတာကြောင့် နာတာရှည်ရောဂါဖြစ်တဲ့နှလုံး၊ ကင်ဆာနဲ့ ဆီးချိုလိုရောဂါတွေကို ဖြစ်ပွားမှုလျော့နည်းစေနိုင်ပါတယ်။
အင်ဥကို တညင်းသီး၊ ဒူးရင်းသီး၊ ချောကလက်၊ ပဲငပိ၊ ကြက်ဟင်းခါးသီး၊ မှိုနဲ့ဓာတ်မတည့်သူ၊ အစာအဆိပ်သင့်ဖြစ်တတ်သူများ မစားသုံးသင့်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။