အိမ်ရှင်မဘဝဆိုတာ….

တကယ်တော့ အိမ်ရှင်မ ဘဝကို တော်တော်များများက အပြင်ထွက်ငွေရှာတဲ့ဘ၀ မဟုတ်လို့ တရားဝင်အလုပ်ထွက်လုပ်ပြီး ငွေဝင်တဲ့သူတစ်ယောက်အဖြစ် မသတ်မှတ်ကြတာများပါတယ်။ အိမ်ရှင်မဘဝရဲ့ တာဝန်ကြီးလေးပုံတွေ၊ အရေးပါပုံတွေကို တော်တန်ရုံဘယ်သူကမှ အလေးမထားတတ်ကြပါဘူး။


တစ်အိမ်သားလုံးရဲ့ ကျန်းမာရေး၊ စားသောက်ရေး၊ နေထိုင်ရေး၊ ငွေရေးကြေးရေး အစစကို သေချာကိုင်တွယ် စနစ်ကျဖို့လုပ်ရတာ အိမ်ရှင်မပါနော်။ အိမ်ရှင်မက အိ်မ်တစ်အိမ်ရဲ့ ရသလောက် ဘတ်ဂျက်ပမာဏနဲ့ လောက်ငအောင် တစ်လလုံး စီမံရပါတယ်။ မလောက်တဲ့အခါ ခေါင်းစားရတာ အိမ်ရှင်မပါပဲ။ ဘယ်သူမှ ဝင်ကူညီပြီးခေါင်းမစားပေးတတ်ပါဘူး။ (အဲဒါအပြင် ကူညီချင်တယ်ဆိုရင်တောင် ပုံမှန်အိမ်ရှင်မတစ်ယောက်လို ဘယ်သူကမှ ထောင့်စေ့အောင် မစဉ်းစားတတ်ပါဘူး) တစ်အိမ်လုံးရဲ့ စားဖို့သောက်ဖို့ အဆင်ပြေအောင် စီမံရတာလည်း အိမ်ရှင်မပါပဲ။ စားဖို့သောက်ဖို့ အဆင်မပြေရင် ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်ကို စိတ်မဝင်စားတတ်ကြဘဲ အဆင်မပြေတာကို အပြစ်ဖို့ခံရရင်လည်း အိမ်ရှင်မပါပဲနော်။
သားသမီးတွေကို ပညာတတ်ဖြစ်ဖို့၊ အကျင့်စာရိတ္တကောင်းတဲ့ ကလေးတွေဖြစ်ဖို့၊ လိမ္မာတဲ့ကလေးတွေဖြစ်ဖို့၊ မိဘကို သိတတ်ဖို့၊ လူကောင်းသူကောင်းလေးတွေဖြစ်ဖို့ စတဲ့တာဝန်တွေကလည်း “အိမ်မှာနေတာပဲ ဘာအလုပ်မှမလုပ်ရဘဲနဲ့…..” ဆိုတဲ့စကားလေးတစ်ခွန်းထဲနဲ့တင် ထမ်းထားရတဲ့တာဝန်တွေပါပဲ။ ထိုတာဝန်က နာမည်တပ်ရတာသာ လွယ်ပေမယ့် တကယ်ကျေပွန်အောင် ထမ်းဆောင်ရတာကျ အရမ်းတာဝန်ကြီးသလို လေးပင်လှပါတယ်။
သားသမီးတစ်ယောက်ကို သူ့ရဲ့တစ်ဘဝလုံး သူ့တာဝန်သူယူတတ်ဖို့၊ အမှန်အမှားခွဲခြားတတ်ဖို့၊ လူကောင်းလူမွန်လေးဖြစ်စေဖို့က အိမ်ရှင်မရဲ့ သမိုင်းပေးတာဝန်တစ်ခုလို တရားသေသတ်မှတ်ထားတတ်ကြပါတယ်။ နေ့စဉ်ပုံမှန် ဝတ္တရားတွေထက် ထိုတာဝန်တွေက ပိုကြီးလေးပါတယ်။ တကယ်တမ်း သားသမီးမကောင်းမိဘခေါင်းဆိုပေမယ့် အမေသွန်သင်တာမတော်လို့….ဆိုပြီး အိမ်ရှင်မကိုပြောတတ်ဆိုတတ်ကြပါတယ်။
တကယ်တမ်းတော့ အိမ်ရှင်မမှာ ပုံမှန်ဝင်ငွေမရှိဘဲ ပုံမှန်ဝင်ငွေရှိတဲ့သူတွေထက်တောင် များပြားလှတဲ့တာဝန်တွေကို ထမ်းထားရတာပါ။ ပုံမှန်ဝင်ငွေရှိတဲ့သူတွေက ပုံမှန်အလုပ်ချိန် ၈နာရီပြည့်ရင် အချိန်တန်အိမ်ပြန်ရောက်တာနဲ့ လွတ်လပ်ချိန်ဖြစ်သွားကြပေမယ့် အိမ်ရှင်မကတော့ အချိန်ပြည့်အလုပ်ရှိတတ်ပါတယ်။ အချိန်ပြည့် အိမ်အတွက် စဉ်းစားနေရပါတယ်။ အပြင်ထွက်အလုပ်လုပ်သူတွေ လိုတဲ့အချိန်ထပြီး ကူညီပေးဖို့ အိမ်အလုပ်တွေလုပ်ရင်း အမြဲအဆင်သင့်ပြင်ထားရပါတယ်။ ငွေရတာတစ်ခုထဲနဲ့ အိမ်ပြန်လာရင် နားရပေမယ့် အိမ်ရှင်မကတော့ ငွေလည်မရ အနားယူချိန်ဆိုတာ ညအိပ်ချိန်တစ်ချိန်ထဲသာ ရှိပါတယ်။ တစ်အိမ်လုံးကိုထောင့်စေ့အောင် စဉ်းစားရတတ်လို့ တစ်အိမ်လုံးက လူတွေထက်လည်း ဖိစီးမှုက ပိုတောင်များပါသေးတယ်။ တစ်အိမ်လုံးကလူတွေက အလုပ်သွားခါနီးမို့ မနက်စားဝလင်အောင်စားဖို့ လုပ်ပေးနေတဲ့အိမ်ရှင်မတစ်ယောက်က မနက်စာစားဖို့တောင် မေ့နေတတ်ပါတယ်နော်။ (မယုံရင် အိမ်က ကိုယ့်အမေ၊ ကိုယ့်ဇနီး မနက်စာ စားဖြစ်ရဲ့လားလို့ စောင့်ကြည့်လိုက်ပါအုံး)
များသောအားဖြင့် အိမ်ရှင်မဘဝဆိုတာ တကယ်တော့ မလွယ်တဲ့ဘဝပါဆိုတာကို သိစေချင်တာပါ။ (ကောင်းတဲ့အိမ်ရှင်မရှိသလို၊ မကောင်းတဲ့အိမ်ရှင်မလည်း ရှိမှာပါပဲ) ကိုယ်က ကိုယ့်အိမ်က အမေ၊ ကိုယ့်ရဲ့ဇနီးမယား အိမ်ရှင်မ စတဲ့ အိမ်ရှင်မတွေပို ဂရုမစိုက်မိခဲ့ဘူးဆိုရင် ခုကစပြီး ပိုဂရုစိုက်ပေးလိုက်ပါ။ အိမ်ရှင်မဆိုတာ တစ်မိသားစုလုံးရဲ့အရေးကို အကူမပါ တစ်ယောက်တည်း ဆောင်ရွက်ပေးနေတဲ့သူပါ။
ဒီဆောင်းပါးလေး ဖတ်ပြီး ကိုယ်သတိမပြုမိတာလေးတွေ့မြင်သတိထားမိလာတယ်ဆို ရေးသားဖော်ပြရကျိုးနပ်ပါပြီ။ ကိုယ့်ရဲ့အမေအိမ်ရှင်မ၊ ကိုယ့်ရဲ့ဇနီးမယား အိမ်ရှင်မကို တဖန်ပြန်လည် ကူညီ ဂရုစိုက်ပေးခြင်းက တစ်မိသားစုလုံးရဲ့ သာယာခြင်းပါပဲနော်။ ဒီဆောင်းပါးလေးဖတ်လို့ သတိပြုသင့်တာပြုမိသွားတယ်ဆို ကျေနပ်ပါပြီ။ အားလုံးပဲ အိမ်ရှင်မဘဝကို စာနာနားလည်နိုင်ကြပါစေ။
10) အိမ်ရှင်မဘဝဆိုတာ….
တကယ်တော့ အိမ်ရှင်မ ဘဝကို တော်တော်များများက အပြင်ထွက်ငွေရှာတဲ့ဘ၀ မဟုတ်လို့ တရားဝင်အလုပ်ထွက်လုပ်ပြီး ငွေဝင်တဲ့သူတစ်ယောက်အဖြစ် မသတ်မှတ်ကြတာများပါတယ်။ အိမ်ရှင်မဘဝရဲ့ တာဝန်ကြီးလေးပုံတွေ၊ အရေးပါပုံတွေကို တော်တန်ရုံဘယ်သူကမှ အလေးမထားတတ်ကြပါဘူး။
တစ်အိမ်သားလုံးရဲ့ ကျန်းမာရေး၊ စားသောက်ရေး၊ နေထိုင်ရေး၊ ငွေရေးကြေးရေး အစစကို သေချာကိုင်တွယ် စနစ်ကျဖို့လုပ်ရတာ အိမ်ရှင်မပါနော်။ အိမ်ရှင်မက အိ်မ်တစ်အိမ်ရဲ့ ရသလောက် ဘတ်ဂျက်ပမာဏနဲ့ လောက်ငအောင် တစ်လလုံး စီမံရပါတယ်။ မလောက်တဲ့အခါ ခေါင်းစားရတာ အိမ်ရှင်မပါပဲ။ ဘယ်သူမှ ဝင်ကူညီပြီးခေါင်းမစားပေးတတ်ပါဘူး။ (အဲဒါအပြင် ကူညီချင်တယ်ဆိုရင်တောင် ပုံမှန်အိမ်ရှင်မတစ်ယောက်လို ဘယ်သူကမှ ထောင့်စေ့အောင် မစဉ်းစားတတ်ပါဘူး) တစ်အိမ်လုံးရဲ့ စားဖို့သောက်ဖို့ အဆင်ပြေအောင် စီမံရတာလည်း အိမ်ရှင်မပါပဲ။ စားဖို့သောက်ဖို့ အဆင်မပြေရင် ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်ကို စိတ်မဝင်စားတတ်ကြဘဲ အဆင်မပြေတာကို အပြစ်ဖို့ခံရရင်လည်း အိမ်ရှင်မပါပဲနော်။
သားသမီးတွေကို ပညာတတ်ဖြစ်ဖို့၊ အကျင့်စာရိတ္တကောင်းတဲ့ ကလေးတွေဖြစ်ဖို့၊ လိမ္မာတဲ့ကလေးတွေဖြစ်ဖို့၊ မိဘကို သိတတ်ဖို့၊ လူကောင်းသူကောင်းလေးတွေဖြစ်ဖို့ စတဲ့တာဝန်တွေကလည်း “အိမ်မှာနေတာပဲ ဘာအလုပ်မှမလုပ်ရဘဲနဲ့…..” ဆိုတဲ့စကားလေးတစ်ခွန်းထဲနဲ့တင် ထမ်းထားရတဲ့တာဝန်တွေပါပဲ။ ထိုတာဝန်က နာမည်တပ်ရတာသာ လွယ်ပေမယ့် တကယ်ကျေပွန်အောင် ထမ်းဆောင်ရတာကျ အရမ်းတာဝန်ကြီးသလို လေးပင်လှပါတယ်။
သားသမီးတစ်ယောက်ကို သူ့ရဲ့တစ်ဘဝလုံး သူ့တာဝန်သူယူတတ်ဖို့၊ အမှန်အမှားခွဲခြားတတ်ဖို့၊ လူကောင်းလူမွန်လေးဖြစ်စေဖို့က အိမ်ရှင်မရဲ့ သမိုင်းပေးတာဝန်တစ်ခုလို တရားသေသတ်မှတ်ထားတတ်ကြပါတယ်။ နေ့စဉ်ပုံမှန် ဝတ္တရားတွေထက် ထိုတာဝန်တွေက ပိုကြီးလေးပါတယ်။ တကယ်တမ်း သားသမီးမကောင်းမိဘခေါင်းဆိုပေမယ့် အမေသွန်သင်တာမတော်လို့….ဆိုပြီး အိမ်ရှင်မကိုပြောတတ်ဆိုတတ်ကြပါတယ်။
တကယ်တမ်းတော့ အိမ်ရှင်မမှာ ပုံမှန်ဝင်ငွေမရှိဘဲ ပုံမှန်ဝင်ငွေရှိတဲ့သူတွေထက်တောင် များပြားလှတဲ့တာဝန်တွေကို ထမ်းထားရတာပါ။ ပုံမှန်ဝင်ငွေရှိတဲ့သူတွေက ပုံမှန်အလုပ်ချိန် ၈နာရီပြည့်ရင် အချိန်တန်အိမ်ပြန်ရောက်တာနဲ့ လွတ်လပ်ချိန်ဖြစ်သွားကြပေမယ့် အိမ်ရှင်မကတော့ အချိန်ပြည့်အလုပ်ရှိတတ်ပါတယ်။ အချိန်ပြည့် အိမ်အတွက် စဉ်းစားနေရပါတယ်။ အပြင်ထွက်အလုပ်လုပ်သူတွေ လိုတဲ့အချိန်ထပြီး ကူညီပေးဖို့ အိမ်အလုပ်တွေလုပ်ရင်း အမြဲအဆင်သင့်ပြင်ထားရပါတယ်။ ငွေရတာတစ်ခုထဲနဲ့ အိမ်ပြန်လာရင် နားရပေမယ့် အိမ်ရှင်မကတော့ ငွေလည်မရ အနားယူချိန်ဆိုတာ ညအိပ်ချိန်တစ်ချိန်ထဲသာ ရှိပါတယ်။ တစ်အိမ်လုံးကိုထောင့်စေ့အောင် စဉ်းစားရတတ်လို့ တစ်အိမ်လုံးက လူတွေထက်လည်း ဖိစီးမှုက ပိုတောင်များပါသေးတယ်။ တစ်အိမ်လုံးကလူတွေက အလုပ်သွားခါနီးမို့ မနက်စားဝလင်အောင်စားဖို့ လုပ်ပေးနေတဲ့အိမ်ရှင်မတစ်ယောက်က မနက်စာစားဖို့တောင် မေ့နေတတ်ပါတယ်နော်။ (မယုံရင် အိမ်က ကိုယ့်အမေ၊ ကိုယ့်ဇနီး မနက်စာ စားဖြစ်ရဲ့လားလို့ စောင့်ကြည့်လိုက်ပါအုံး)
များသောအားဖြင့် အိမ်ရှင်မဘဝဆိုတာ တကယ်တော့ မလွယ်တဲ့ဘဝပါဆိုတာကို သိစေချင်တာပါ။ (ကောင်းတဲ့အိမ်ရှင်မရှိသလို၊ မကောင်းတဲ့အိမ်ရှင်မလည်း ရှိမှာပါပဲ) ကိုယ်က ကိုယ့်အိမ်က အမေ၊ ကိုယ့်ရဲ့ဇနီးမယား အိမ်ရှင်မ စတဲ့ အိမ်ရှင်မတွေပို ဂရုမစိုက်မိခဲ့ဘူးဆိုရင် ခုကစပြီး ပိုဂရုစိုက်ပေးလိုက်ပါ။ အိမ်ရှင်မဆိုတာ တစ်မိသားစုလုံးရဲ့အရေးကို အကူမပါ တစ်ယောက်တည်း ဆောင်ရွက်ပေးနေတဲ့သူပါ။
ဒီဆောင်းပါးလေး ဖတ်ပြီး ကိုယ်သတိမပြုမိတာလေးတွေ့မြင်သတိထားမိလာတယ်ဆို ရေးသားဖော်ပြရကျိုးနပ်ပါပြီ။ ကိုယ့်ရဲ့အမေအိမ်ရှင်မ၊ ကိုယ့်ရဲ့ဇနီးမယား အိမ်ရှင်မကို တဖန်ပြန်လည် ကူညီ ဂရုစိုက်ပေးခြင်းက တစ်မိသားစုလုံးရဲ့ သာယာခြင်းပါပဲနော်။ ဒီဆောင်းပါးလေးဖတ်လို့ သတိပြုသင့်တာပြုမိသွားတယ်ဆို ကျေနပ်ပါပြီ။ အားလုံးပဲ အိမ်ရှင်မဘဝကို စာနာနားလည်နိုင်ကြပါစေ။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။