အိမ်တွင်းအကြမ်းဖက်မှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။

အိမ်တွင်းအကြမ်းဖက်မှု ဆိုတာ မိသားစုတွင်းမှာဖြစ်ဖြစ်၊ ရင်းနှီးသူတစ်ယောက်ယောက်ကဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ဆိုးဝါးကြမ်းတမ်းတဲ့အပြုအမူ၊ အပြောအဆိုမျိုးတွေနဲ့ အနိုင်ကျင့်ခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ မြန်မာပြည်မှာ မိသားစုတွင်းဖြစ်ပွားတတ်တဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကို အခြားဘေးပတ်ဝန်းကျင်ကလူတွေက မိသားစုကိစ္စပဲဆိုပြီး ဝင်ပါဖြေရှင်းလေ့မရှိကြပါဘူး။ အုဲါကြောင့်ကိုပဲ အိမ်တွင်းအကြမ်းဖက်မှုလို့ ခေါင်းစဥ်တပ်လို့ရပမေယ့် ခေါင်းစဥ်မတပ်ဝံ့ကြဘဲ ကြိတ်ခံနေကြတာမျိုးတွေ အများကြီးဖြစ်လာပါတယ်။


တချို့တွေမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် အိမ်တွင်းအကြမ်းဖက်နေတယ်ရယ်လို့ မသိဘဲကို အကြမ်းဖက်ခံနေကြရပါတယ်။ အဲဒီလိုမျိုး ကြုံနေရခြင်းဟာ မိသားစုကိစ္စဆိုတာထက် လူတစ်ဦးတစ်ယောက်ကို အခြားလူတစ်ဦးက အနိုင်ကျင့်အကြမ်းဖက်ခြင်းဖြစ်တဲ့အတွက် ထိရောက်စွာ အရေးယူနိုင်အောင် တုံ့ပြန်သင့်ပါတယ်။ အဲဒီလိုမဟုတ်ရင် အိမ်တွင်းအကြမ်းဖက်မှုတွေမှာ ပိုပြီးခံစားရလေ့ရှိတာက ကလေးသူငယ်တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်တိုင်အိမ်တွင်းအကြမ်းဖက်မှုကို နှစ်ရှည်လများခံစားနေတာဖြစ်ဖြစ်၊ အခြားပတ်ဝန်းကျင်က တစ်ယောက်ယောက်ရင်ဆိုင်နေရရင်ပဲဖြစ်ဖြစ် ဝိုင်းပြီး ပြောဆိုရှင်းပြ၊ ကူညီပေးဖို့ လိုအပ်ပါတယ်။

၁) ပြတ်သားပါ။
အိမ်တွင်းအကြမ်းဖက်မှုတော်တော်များများဟာ ကိုယ့်ရဲ့ဆွေမျိုးအသိုင်းအဝိုင်း၊ ကိုယ့်မိသားစုကဖြစ်တာကြောင့် တရားစွဲတာ၊ အပြစ်တင်တာ၊ ပြတ်သားစွာ အရေးယူတာမျိုး သိပ်မလုပ်ဖြစ်ကြပါဘူး။ မိသားစုချင်းလည်းဖြစ်နေတဲ့အတွက် ကိုယ့်အသားထဲက လောက်ထွက်တဲ့အကြောင်းကို လူတကာကို ပြောမပြချင်ကြသလို၊ နောင်လည်းပြန်ပတ်သက်နေရအုံးမှာပဲ၊ သူ့ကိုပဲအားကိုးနေရတာမို့လို့ ဆိုတဲ့အတေါးအခေါ်မျိုးတွေနဲ့ အိမ်တါင်းအကြမ်းဖက်မှုတွေကို ရင်စီးခံနေကြတာများပါတယ်။ အဲဒါကြောင့် အိမ်တွင်းအကြမ်းဖက်မှုကို မခံနိုင်တော့ဘူး၊ မဖြစ်ချင်တော့ဘူး၊ အမြဲတမ်းမြင်တွေ့နေရလို့ အမြဲနာကျင်ခံစားနေရတဲ့ကလေးသူငယ်တွေရှိတယ်ဆိုရင် ကာယကံရှင်က ပြတ်သားတဲ့ဆုံးဖြတ်ချက်ချရဲဖို့လိုပါတယ်။ များသောအားဖြင့် “ကျွန်မယောကျ်ားက မူးလာရင်ရိုက်နှက်တတ်ပေမယ့် ကျွန်မတို့သားအမိက သူ့ကိုပဲ အားကိုးပြီး ထမင်းစားနေရတာ” ဆိုတဲ့အတွေးမျိုးတွေကို ဖျောက်ပစ်လိုက်ပါ။ လူတစ်ယောက်ကို အခြားလူတစ်ယောက်က စိတ်အလိုမကျတိုင်းနာကျင်အောင် ရိုက်နှက်ပိုင်ခွင့်မရှိဘူးဆိုတာကိုသာ ခေါင်းထဲထည့်ထားပါ။ ရဲဝင့်ပြတ်သားစွာ အမှားကို ထောက်ပြပါ။ လိုအပ်ရင် ပြတ်သားပါ။ မပြတ်သားကြသူအများစုဟာ တခုခုမှီခိုအားထားနေရတဲ့သူတွေဖြစ်ကြပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အိမ်တွင်းမှာ အဲဒီလိုအကြမ်းဖက်တတ်သူတစ်ယောက်ရှိတယ်ဆိုတာနဲ့ ကိုယ့်ပိုင်အရည်အချင်းနဲ့ဖြစ်ဖြစ် ဝင်ငွေရှာနိုင်အောင်၊ ဒါမှမဟုတ် လက်မှုပညာတစ်ခုခု ကျွမ်းကျင်အောင်၊ တစ်နေ့ ပြတ်သားစွာ ရုန်းထွက်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့အသင့်ပြင်ဆင်ထားသင့်ပါတယ်။

၂) ပတ်ဝန်းကျင်ကို အကူအညီတောင်းပါ။
အဖေက အမေ့ကို မူးလာလို့ရိုက်လိုက်တယ်ဆိုရင်လည်း အချိန်တန် ပြန်တည့်သွားမှာပါဆိုပြီး နေလိုက်ကြတာမျိုးပေါ့။ ကလေးကို လက်ခြေကျိုးပဲ့၊ သွေးထွက်သံယိုဖြစ်တဲ့အထိ ရိုက်နှက်တာမျိုးတွေလည်းအလားတူပါပဲ။ အချိန်တန် သူ့သားသမီးနဲ့ သူမိဘ၊ လင်မယားချင်းကြား၊ သူများမိသားစုကြားဝင်မပါဘူးဆိုတဲ့အတွေးမျိုးနဲ့ မြင်ပေမယ့် ရှောင်လိုက်ကြတာများပါတယ်။ တကယ်တော့ ပတ်ဝန်းကျင်ကလည်း အိမ်တွင်းအကြမ်းဖက်မှုဆိုတာ မိသားစုကိစ္စမဟုတ်ဘဲ လူ့အခါင့်အရေးတစ်ခုလို နားလည်ကြရပါမယ်။ ကူညီပေးမယ်ဆိုတဲ့စိတ်မျိုးထားရပါမယ်။ ကာယကံရှင်တွေကိုယ်တိုင်ကလည်း ပြတ်သားစွာနဲ့ နေနိုင်ပြီး ရဲရဲဝင့်ဝင့်အရေးယူနိုင်အောင်ကြိုးစားပြီး နောင်လုံးဝမပတ်သက်တာမျိုးဖြစ်အောင် ကြိုးစားရပါမယ်။ တစ်ခါဖြစ်လိုက် ပတ်ဝန်းကျင်က ကူညီလိုက်၊ ပြန်တည့်သွားလိုက်၊ ဒါမှမဟုတ် ပြန်ပြီး အားကိုးမှီခိုလိုက်နဲ့ ဆိုရင် အခါပေါင်းများစွာမှာ ပတ်ဝန်းကျင်ကလည်း ကူညီကြတော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်အိမ်မှာ အိမ်တွင်းအကြမ်းဖက်မှုရှိနေတယ်ဆိုရင် ကိုယ်တိုင်က ပြတ်သားပါ၊ ရဲဝင်စွာဆုံးဖြတ်ပါ၊ နောက်ထပ်မပတ်သက်ဖို့ အပြတ်တခါတည်းကြိုးစားမယ်ဆိုရင် ပတ်ဝန်းကျင်ကိုပါ ပွင့်လင်းစွာ ပြောပြအကူအညီတောင်းသင့်ပါတယ်။

၃) သက်ဆိုင်ရာဌာနာဆိုင်ရာကိုအကူအညီတောင်းပါ။
အိမ်တွင်းအကြမ်းဖက်မှုဟာ ကိုယ့်မိသားစုကိစ္စပဲမို့ ဘယ်သူ့ကိုမှ အကူအညီတောင်းမရဘူးလို့ မထင်လိုက်ပါနဲ့။ ကိုယ်တိုင်သာ ပြတ်သားနိုင်ရင် သက်ဆိုင်ရာဌာနတွေကို အကူအညီတောင်းနိုင်ပါတယ်။

၄) အိမ်တွင်းမီးအပြင်ကိုမသယ်နဲ့ဆိုတဲ့ စကားမျိုးတွေကို နားမယောင်ပါနဲ့။
ဘယ်သူက တီထွင်လိုက်မှန်းမသိဘဲ အိမ်ရှင်မအများစုကို လက်ဆင့်ကမ်းလာတဲ့စကားဆိုးကြီးကတော့ “အတွင်းမီးအပြင်မသယ်နဲ့ အပြင်မီးအတွင်းမသယ်နဲ့” ဆိုတဲ့စကားပါပဲ။ အင်မတန်မှားယွင်းတဲ့စကားပါ။ ကိုယ့်အိမ်တွင်းမှာ ဆိုးဝါးစွာနဲ့ အကြမ်းဖက်နေတဲ့လူရှိရင် ကိုယ်ကလည်း အကြိမ်ပေါင်းများစွာ ခံနေလို့မဖြစ်ပါဘူး။ ဘယ်လိုနည်းလမ်းမျိုးနဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ရပ်တန့်သွားအောင်လုပ်မလဲဆိုတာ စဥ်းစားရပါလိမ့်မယ်။ ဥပမာ။ ပထမအကြိမ်ရိုက်နှက်တဲ့အချိန်မှာ ခံရသူကိုယ်တိုင်က ရှက်ကြောက်မနေဘဲ သက်ဆိုင်ရာထိ သွားကာ တိုင်တန်းလိုက်တာမျိုးလုပ်ပါ။ သက်ဆိုင်ရာက ခေါ်ယူသတိပေးတာမျိုးပေါ့။ ဒုတိယအဆင့်အနေနဲ့ နောက်ထပ်ကျူးလွန်ခဲ့သည်ရှိသော် (တချို့တွေက အပြင်ကိုတိုင်ကြားရင် သတ်ပစ်မယ်အထိ ခြိမ်းခြောက်တာမျိုးတွေပါရှိတတ်ပါတယ်) အဲဒါမျိုးဆိုရင်ကိုယ်တိုင်သက်သေရအောင်ယူထားပြီး သက်သေပြတိုင်တည်ကာ ကိုယ့်ကိုနောက်ထပ်မနှိပ်စက်နိုင်အောင် ပြတ်သားစွာအရေးယူဖို့ တောင်းဆိုနိုင်ပါတယ်။ အဓိကက အိမ်တွင်းအကြမ်းဖက်မှုမှာ ခံရသူကာယကံရှင်ကိုယ်တိုင် ပြတ်သားဖို့နဲ့ရဲတင့်ဖို့လိုပါတယ်။ အဲဒီ့အတွက် ကိုယ်တိုင်ပြတ်သားနိုင်ရင် ပတ်ဝန်းကျင်ကိုအကူအညီတောင်းပါ၊ ပွင့်လင်းစွာပြောပြပါ၊ သက်ဆိုင်ရာဌာနတွေကို စုံစမ်းပါ။ အိမ်တွင်းအပူမို့ အပြင်ကို မပြောပြဘူးဆိုတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ကိုယ့်ဘဝတစ်ခုလုံး အိမ်တွင်းအကြမ်းဖက်မှုကြီးထဲမှာနစ်မြုပ်နေမယ်ဆိုရင် ကိုယ့်သာသမီးတေါရဲ့နှလုံးသားထဲကို ဝင်ခံစားကြည့်ပေးပါနော်။

၅) ကိုယ်တိုင်အရည်အချင်းရှိအောင်ကြိုးစားပါ။
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ကိုယ်တိုင်အိမ်တါင်းအကြမ်းဖက်တတ်သူနဲ့တစ်အိမ်တည်းနေနေရတယ်ဆိုတာ ကိုယ်တိုင်အသိဆုံးပဲမဟုတ်လား။ အဲဒါဆိုရင် အဲဒီ့အိမ်တွင်းအကြမ်းဖက်မှုကို ဘယ်လိုတားဆီးနိုင်မလဲ၊ ဒါမှမဟုတ် လုံးဝတားမဆီးနိုင်ဘူးဆိုရင် ဒီလူနဲ့ဝေးရာကို လွတ်မြောက်နိင်မယ့်နည်းလမ်းကဘာလဲဆိုတာမျိုး စဥ်းစားရပါမယ်။ အဲဒီ့အတွက် ကိုယ်တိုင်က ကိုယ်ပိုင်ဝင်ငွေရှိဖို့လိုသလို၊ ပြင်ပဗဟုသုတ အဓိက အိမ်တွင်းအကြမ်းဖက်မှုနဲ့သက်ဆိုင်တဲ့ပုဒ်မတွေ၊ တိုင်ကြားလို့ရတဲ့ဌာနတွေနဲ့ ကိုယ်တိုင်ရပ်တည်နိုင်တဲ့ ကိုယ်ပိုင်တင်ငွေရှိမှဖြစ်ပါမယ်။ အဲဒါကြောင့် ကြိုတင်စီစဥ်ပြီး ကိုယ်တိုင် ကိုယ်အားကိုယ်ကိုးနိုင်အောင်ကြိုးစားထားပါလို့ တိုက်တွန်းပါတယ်။
မြန်မာပြည်မှာအဖြစ်များတဲ့အိမ်တါင်းအကြမ်းဖက်မှုတွေက များသောအားဖြင့်ဆိုရင် ဝင်ငွေရှိတဲ့လူက ကိုယ်ပိုင်ဝင်ငွေမရှိတဲ့မှီခိုသူကို အနိုင်ကျင့်အကြမ်းဖက်မှုများပါတယ်။ အချို့တွေကြပြန်တော့လည်း မူးယစ်ဆေးသုံးပြီး အကြမ်းဖက်တာကို ကြောက်လန့်တကြီးမပြောမဆိုရဲဘဲ ငြိမ်ခံနေတာမျိုးလည်းရှိပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်၊ ဗဟုသုတအမြင်ကျယ်လာပြီး ကိုယ်ပိုင်ဝင်ငွေ၊ ကိုယ်ပိုင်အရည်အချင်းနဲ့ရပ်တည်နိုင်တဲ့လူတစ်ယောက်ဖြစ်လာအောင် ကြိုးစားပါ။ အဲဒီ့အခါ ကိုယ့်ကိုအကြမ်းဖက်သူကိုလည်း ရဲတင့်စွာ နည်းလမ်းတကျ ရင်ဆိုင်ဖြေရှင်းနိုင်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။