အောင်မြင်ချင်သော ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ ဘာတွေလုပ်ဆောင်ရမလဲ။

လောကမှာ မအောင်မြင်ချင်တဲ့သူရှိမလား…..ရှိတော့ရှိမယ်ရှားမယ် ထင်ပါတယ်။ လူတိုင်းလိုလိုက အောင်မြင်သောဘဝတစ်ခုကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမယ့် အောင်မြင်မှုကိုလည်း အမျိုးမျိုးအဓိပါ္ပယ်သတ်မှတ်ကြပါသေးတယ်။ တစ်ချို့ကျတော့ ငွေတွေ သုံးမကုန်ဖြုန်မကုန်ချမ်းသာနေတာကို အောင်မြင်မှုလို့ထင်ကြပြီး တစ်ချို့ကျတော့ ငွေမရှိရင်နေပါ ကျန်းမာရင်တော်ပါပြီလို့ဆိုတတ်ကြပါတယ်။ တစ်ချို့ကျတော့လည်း မိသားစုစုံစုံလင်လင်ချစ်ခင်နေရင်တော်ပါပြီ ပြောတတ်ကြပါတယ်။ တစ်ချို့ကျတော့ ကိုယ်ဖြစ်ချင်တဲ့ အဆိုတော်၊ ဖြစ်ရင်အောင်မြင်ပါပြီ ထင်တတ်ကြပါတယ်။ လူတစ်ယောက်စီရဲ့ခံယူချက်နဲ့လိုက်ပြီးတော့ အောင်မြင်မှုက ကွာခြားသွားတာပါ။ ဘယ်လိုအောင်မြင်မှုမျိုးပဲဖြစ်ဖြစ် ပိုင်ဆိုင်နိုင်ဖို့ အကြမ်းဖျင်းလုပ်ဆောင်သင့်တာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။


၁) အောင်မြင်မှုဆီသွားမယ့်လမ်းကြောင်းကို ရွေးပါ၊ တိုးတက်အောင်လုပ်ပါ။
အောင်မြင်မှုတော့လိုချင်ပါတယ်၊ ထိုင်အော်နေလို့မရပါဘူး။ အောင်မြင်မှုဆီကို ဘယ်လိုသွားမလဲ တွေးရပါမယ်။ သင်လိုချင်တဲ့အောင်မြင်မှုက ဘယ်လိုမျိုးလဲ၊ ဥပမာ ။ သင်ကအဆိုတော်ဖြစ်ချင်တယ်၊ အဆိုလေ့ကျင့်ပေါ့၊ ခုလက်ရှိပြိုင်နေကြတဲ့ အဆိုတော်ပြိုင်ပွဲတွေမှာ အရွေးခံရအောင်လုပ်ပေါ့။ အဆိုတော်ဖြစ်ဖိုအကောင်းဆုံးပြင်ဆင်ပြီးရင်တော့ အဆိုတော်ပြိုင်ပွဲမှာ ဝင်အရွေးခံလိုက်ပါ။ အဲဒါက သင့်အောင်မြင်မှုဆီသွားတဲ့လမ်းကြောင်းပေါ့။ သင်ဖြစ်ချင်တာပေါ်မူတည်ပြီး အောင်မြင်မှုဆီသွားရမယ့်လမ်းကြောင်းတွေက မတူနိုင်ပါဘူး။ ဥပမာ။ စာရေးဆရာလုပ်မယ်ဆိုရင် စာရေးပေါ့၊ စာမူပြိုင်ပွဲတွေ ၊ မဂ္ဂဇင်းတိုက်တွေမှာ စာမူပို့ပေါ့။ အဲဒါသည် အောင်မြင်မှုဆီသွားတဲ့လမ်းကြောင်းပါ။ အောင်မြင်အောင်လုပ်ရမှာတော့ သင့်သမိုင်းပါပေါ့။
- သင့်ရဲ့ရည်မှန်းချက်ကို သတ်မှတ်ပါ။
အထက်ကရေးသလိုပါပဲ။ သင့်ရဲ့ရည်မှန်းချက်က ဘာမှန်း ကွဲပြားအောင်လုပ်ပါ။ သင်တကယ်ဖြစ်ချင်တာက ဘာလဲသိမှ ကျန်တာဆက်လုပ်လို့ရမှာပါ။
- သင့်ရဲ့ပန်းတိုင်တွေကို ချရေးထားပါ။
အဲဒီ့ပန်းတိုင်ကိုရောက်ဖို ဘာတွေလုပ်သင့်သလဲဆိုတာကိုပါ ရေးထားပါ။ သင့်ပန်းတိုင်က အဓိပါ္ပယ်ရှိပါစေ။ တိုင်းတာလို့ရပါစေ။ (ဥပမာ၊ တစ်လအတွင်းမှာဘာတွေတိုးတက်လာရမလဲလို့ ပန်းတိုင်သတ်မှတ်ရင် တစ်လပြည့်တဲ့နေ့ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပါ)
- ရည်မှန်းချက်ရှိရှိရှင်သန်ပါ။
သင့်ရဲ့တစ်နေ့တာမှာ စာအုပ်ဘယ်နှစ်အုပ်တော့ဖတ်ရမယ်၊ အင်္ဂလိပ်စာလုံးရေ အလုံး၂၀ခန့်တော့ အလွတ်ရအောင်ကျက်မယ်။ စကားပြော ၅ခွန်းလောက်တော့ အသံထွက်ကျင့်မယ်။ စသည်ဖြင့် သင့်ရန်မှန်းချက်နဲ့ ကိုက်အောင် ရှင်သန်နေထိုင်ပါ။
- သင့်ကိုသင်ကတိပေးပါ။
သင့်ကိုသင် ဘာတွေတစ်လအတွင်းရအောင်လုပ်မယ်ဆိုပြီး ကတိပေးထားပါ။ အခြားသူများကိုလည်း ပြောပြထားပါ။ အဲဒါက သင့်ကိုရည်မှန်းထားတာတွေလုပ်ဖြစ်လာစေပါတယ်။ အခြားသူများကိုမပြောပြထားဘဲ သင့်ကိုသင်ပြောထားပေမယ့် လုပ်ဖြစ်ချင်မှလုပ်ဖြစ်မှာမျိုးဖြစ်တတ်ပါတယ်။ အခြားသူများကိုပါ သင်ပြောပြထားမိတဲ့အခါကျတော့ သင်ကိုယ်တိုင်လုပ်ဖြစ်ဖို့ အခွင့်အရေးများသွားပါတယ်။
၂) အပြင်ပန်းအောင်မြင်တွေ ရအောင်လုပ်ပါ။
- သင်ယူလေ့လာပါ။
ဥပမာ။ သင်က ဘာသာစကားသင်တန်းတစ်ခုကို အခြေခံကနေစတက်မယ်၊ ပြီးရင် ပိုပြီးကျွမ်းကျင်အောင်လုပ်မယ်။ သင်တန်းလည်းတက်ဖြစ်တယ်၊ တကယ်လည်း ကျွမ်းကျင်သွားတယ်ဆိုရင် အဲဒါ သင့်ရဲ့ အပြင်ပိုင်းအရည်အချင်းတွေ တိုးတက်အောင်မြင်သွားတာပါပဲ။ တစ်ခုရှိတာက အဲဒါက သင့်ရဲ့ရည်မှန်းချက်နဲ့ ဆက်စပ်နေရမယ်ဆိုတာပါပဲ။ အမြဲသင်ယူလေ့လာနေရပါမယ်။
- အချိန်ကို စီမံခန့်ခွဲပါ။
သင့်ရဲ့အချိန်ကို အကျိုးရှိရှိအသုံးချတတ်အောင် စီမံခန့်ခွဲတတ်ဖို့လိုပါတယ်။ ဘယ်အချိန်မှာ သင်တန်းသွားမယ်၊ ဘယ်အချိန်မှာ အနားယူမယ်။ လေ့ကျင့်ခန်းလုပ်မယ်။ ဘယ်အချိန်မှာ စာဖတ်မယ်။ ဘယ်အချိန်မှာ သင်ခန်းစာတွေလေ့လာမယ်။ စသည်ဖြင့် အချိန်ကို စနစ်တကျစီမံခန့်ခွဲထားတာက အလုပ်လည်းပိုပြီးသလို ကိုယ့်အတွက်အနားယူမယ့်အချိန်လည်း ထွက်လာပါတယ်။
၃) စိတ်ပိုင်းဆိုင်ရာ အောင်မြင်အောင်လုပ်ပါ။
- ခုလက်ရှိအချိန်ကို နှစ်သက်ပါ။
ခုချိန်မှာ အနားယူနေတယ်ဆိုရင် ကျန်တာဘာမှမတွေးပါနဲ့။ ပြည့်ဝစွာအနားယူပါ။ အလုပ်လုပ်မယ့်အချိန်မှာ အလုပ်ကလွဲပြီး ကျန်တာအာရုံမထားပါနဲ့။ အဲလိုမျိုး လက်ရှိအချိန်ကိုအကောင်းဆုံးလုပ်ခြင်းက ခုလက်ရှိအချိန်ကို နှစ်သက်သာယာစေပါတယ်။ အဲလိုလက်ရှိအချိန်ကိုအကောင်းဆုံးမလုပ်မိရင် သင့်ရဲ့စိတ်ထဲကနေ နောင်တရနေတတ်ပါတယ်။ အနားယူနေတဲ့အချိန်မှာ “ငါဒီနေ့ အလုပ်တွေမပြီးလိုက်ဘူး……” ဆိုပြီး နောက်ဆံငင်နေတာမျိုးက ခုလက်ရှိအချိန်မှာလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
- သူများတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
မိမိရည်မှန်းချက်လမ်းကြောင်းကို ခရီးဆက်နေတာ ဘယ်လောက်ခရီးရောက်မရောက် ကိုယ်တိုင်ပဲသိပါတယ်။ ကိုယ့်ဘဝလမ်းကြောင်းကို ကိုယ်သာရောက်အောင်ရောက်ရမှာပါ။ သူများတွေတော့ ဘယ်အခြေအနေရောက်နေပြီ၊ ငါတော့ဘာမှမဖြစ်သေးဘူး။ ဆိုတာမျိုးက ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတာကလွဲပြီး ဘာမှအကျိုးမရှိပါဘူး။ အဲဒီ့တော့ အဲလိုမျိုးဘယ်တော့မှမနှိုှု်းယှဉ်ပါနဲ့။ ကိုယ့်လမ်းကြောင်းကိုသာ ဆက်လျှောက်နေဖို့ အရေးကြီးတာပါ။
- ကိုယ်ရဲ့အောင်မြင်မှုကို ရေတွက်ပါ။
ကိုယ်ကစာရေးဆရာဖြစ်ချင်တယ်၊ ဒီတစ်လမှာ စာမူဘယ်နှစ်ပုဒ်ရေးပြီးသလဲ၊ မှန်းထားတာဘယ်နှစ်ပုဒ်၊ ပါသွားတာဘယ်နှစ်ပုဒ် စသည်ဖြင့် ကိုယ့်ရဲ့အောင်မြင်မှုသေးသေးလေးတွေကို ရေတွက်ရင်း ပျော်ရွှင်ပါ။ အဲဒါက သင့်ကိုခွန်အားဖြစ်စေပါတယ်။
၄) သင့်ဘဝရဲ့ ရှု့ထောင့်ပေါင်းစုံကို ကောင်းမွန်အောင် ကြိုးစားပါ
- သင့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။
သင့်ရည်မှန်းချက်ကို ရောက်အောင်သွားဖို့က ကျန်းမာဖို့အရေးကြီးတာကို သိပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။
- သင့်ရဲ့ အခွင့်အရေးတွေ ကို မိမိရရဆုပ်ကိုင်ပါ။
သင့်က အဆိုတော်ဖြစ်ချင်တယ်၊ လေ့ကျင့်ထားပြီးသား၊ ပြိုင်ပွဲမှာ ဝင်ပြိုင်ဖူးတယ်၊ အခွေထုတ်စရာငွေမရှိဘူးဆိုပါတော့ ။ သင့်ကိုအခွေထုတ်ပေးမယ့်သူမျိုး ကြုံလာရင် အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ သင့်က ဆရာမဖြစ်ချင်တယ်၊ ဆရာမအလုပ်ကို လျှောက်ဖို့ တွန့်မနေပါနဲ့။
- သင့်ဘဝရဲ့ရည်မှန်းချက်နဲ့ နီးစပ်တဲ့ပတ်ဝန်းကျင်မှာ လူမှုဆက်ဆံရေးကို အလေးထားပါ။
သင့်ဘဝရဲ့ပတ်ဝန်းကျင်မှာ သင့်ရည်မှန်းချက်နဲ့ နီးစပ်သူတွေနဲ့ ဝန်းရံထားပါ။ လူမှုဆက်ဆံရေးကို ကောင်းမွန်ပါစေ။ လူချစ်လူခင်ပေါပါစေ၊ သင့်ပတ်ဝန်းကျင်က လူတွေကို အတတ်နိုင်ဆုံး စိတ်ကောင်းထားပြီး ကူညီစောင့်ရှောက်ပါ။

အထက်ပါအချက်တွေက သင့်ရဲ့ဘဝကို အောင်မြင်လာဖို့ အကြမ်းဖျင်းအချက်တွေပါ။ သင့်ရဲ့ရည်မှန်းချက်ပေါ်မူတည်ပြီး အောင်မြင်အောင်ကြိုးစားရမှာတွေက အသေးစိတ်တော့မတူညီနိုင်ပါဘူးနော်။ အထက်ပါအချက်လေးတွေကို အခြေခံပြီး သင့်ရည်မှန်းချက်နဲ့ပတ်သက်ပြီး ထပ်စဉ်းစားပါ။ ဘာတွေထပ်လုပ်သင်သလဲ၊ သုံးသပ်ပါ။ အားလုံးပဲအောင်မြင်သောဘဝကို လှမ်းလျှောက်နိုင်ကြပါစေ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။