အာလူးစားခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

အာလူးမှာ အရေးကြီးတဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်၊ ချက်ပြုတ်ပြီး စားသုံးခြင်းဖြင့် လူသားတွေရဲ့ကျန်းမာရေးကို နည်းလမ်းများစွာနဲ့ အကျိုးပြုပါတယ်။ အရိုးပွရောဂါ၊ နှလုံးကျန်းမာရေးနဲ့ ကူးစက်မှုအန္တရာယ်ကနေ လျော့ချပေးနိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေအပြင် အောက်ပါ အကျိုးတွေ ရရှိနိုင်ပါသေးတယ်။


၁) အရိုးကျန်းမာရေး
သံဓာတ်၊ ဖော့စထရပ်၊ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တို့က အားလူးမှာပါဝင်ပါတယ်။ ထိုဓာတ်တွေက ခန္ဓာကိုယ်ရဲ့အရိုးဖွဲ့စည်းပုံနဲ့ သန်မာမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။ သံဓာတ်နဲ့ ဇင့်ဓာတ်က collagen တွေထုတ်လုပ်ဖို့အဓိက အရေးပါပါတယ်။ ဖော့စထရပ်နဲ့ ကယ်လဆီယမ်ဓာတ် နှစ်ခုစလုံးက အရိုးဖွဲ့စည်းပုံအတွက်အရေးကြီးတယ်။ ဒါပေမယ့် ထိုဓာတ် ၂မျိုးလုံး ညီမျှမှုရှိဖို့က အရိုးရဲ့သတ္တုဓာတ်အတွက်အရေးပါပါတယ်။ အဲလိုမဟုတ်ဘဲ ဖော့စထရပ်များပြီး ကယ်လဆီယမ်နည်းပါးခြင်းက အရိုးကို အားနည်စေပြီး၊ အရိုးပွရောဂါဖြစ်ပေါ်စေနိုင်ပါတယ်။
၂) သွေးဖိအား
ဆိုဒီယမ်ဓာတ်ပါဝင်မှုနည်းပါးခြင်းကြောင့် သွေးဖိအားကို ထိန်းပေးနိုင်ပါတယ်။ ဒါပေမယ့်
ပိုတက်ဆီယမ်များခြင်းက ပိုပြီးအရေးကြီးပါတယ်။ ပိုတက်ဆီယမ်က သွေးကြောတွေကို ပိုပြီး
ကျယ်လာစေနိုင်ပါတယ်။ အာလူးမှာ ပိုတက်ဆီယမ်၊ ကယ်လဆီယမ် နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ အားလုံးပါဝင်ပါတယ်။ ထိုဓာတ်တွေက သွေးဖိအားကို သဘာဝအတိုင်းလျော့ကျစေနိုင်ပါတယ်။
၃) နှလုံးကျန်းမာရေး
အာလူးမှာပါတဲံ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီ နဲ့ ဗီတာမင် ဘီဆစ် တို့က ကိုလက်စထရောကင်းစေတဲ့အတွက် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။
အမျှင်ဓာတ်က ခန္ဓာကိုယ်ရဲ့သွေးထဲက ကိုလက်စထရောပမာဏကို လျော့ကျစေနိုင်တဲ့အတွက်
နှလုံးထိခိုက်စေတဲ့အန္တရာယ်ကနေ လျော့ကျစေပါတယ်။
NHANES အဖွဲ့ရဲ့လေ့လာချက်အရ ပိုတက်ဆီယမ် များပြားခြင်းနဲ့ ဆိုဒီယမ်နည်းပါခြင်းက နှလုံးကျန်းမာရေးကြောင့် အသက်သေဆုံးမှုဖြစ်ပွားစေတဲ့အန္တရာယ်နဲ့ ဆက်စပ်နေတယ်လို့သိရပါတယ်။
၄) ခန္ဓာကိုယ်တွင်း ယောင်ရမ်းခြင်း
Choline ဓာတ်က အရေးကြီပြီး အခြားပါဝင်တဲ့အာဟာရဓာတ်တွေကြောင့် ကြွက်သားလှုပ်ရှားမှု၊ သင်ယူမှု၊ မှတ်ဉာဏ်၊ စိတ်ပါဝင်စားမှု စတဲ့နေရာတွေမှာ ကူညီပေးနိုင်ပါတယ်။ အမျိုးသားတစ်ယောက်မှာ တစ်နေ့လျှင် Choline ဓာတ် ၅၅၀ ဂရမ်လိုအပ်ပြီး အမျိုးသမီးတစ်ယောက်မှာတော့ ၄၂၅ဂရမ်ခန့်လိုအပ်ပါတယ်။
၅) ကင်ဆာရောဂါ
ဖောလိတ်ဓာတ်ပါဝင်တဲ့အတွက် DNA မျိုးရိုးဗီဇကို ပြုပြင်ပေးနိုင်ပါတယ်။ DNA ထဲမှာ သန္ဓေပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။
၆) အစာခြေစနစ်
အာလူးမှာပါဝင်တဲ့ အမျှင်ဓာတ်ကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အစာခြေစနစ်ပုံမှန်အတိုင်း ဖြစ်စေပါတယ်။
၇) ပေါင်ချိန်ထိန်းညှိပေးနိုင်ခြင်း
အမျှင်ဓာတ်ကြွယ်ဝခြင်းကြောင့် ဝိတ်ထိန်းညှိပေးနိုင်ပြီး ဝိတ်ကျစေနိုင်ပါတယ်။
အစာခြေစနစ်အတွက် အရေးပါပြီး ဗိုက်ပြည့်အင့်စေတဲ့အတွက် အစာစားချင်စိတ်ကို လျော့ကျစေနိုင်ပါတယ်။ အဲဒါကြောင့် အချိန်အတော်ကြာအောင် ပြည့်အင့်နေတဲ့အတွက် ကယ်လိုရီထပ်တိုးမယ့်အစားအစာတွေကို မစားချင်တော့ပါဘူး။
၈) ခန္ဓာကိုယ်အတွင်း ဓာတုဗေဒနည်းအတိုင်း ဓာတ်ပြောင်းလဲပေးနိုင်ခြင်း
ဗီတာမင်ဘီဆစ်ပါဝင်မှုကြောင့် စွမ်းအင်ဖြစ်စေတဲ့ metabolism တွေတိုးစေပါတယ်။ ကာဗွန်ဟိုက်ဒရိုတ်တွေကို ဖြိုခွဲပစ်လိုက်ပြီး အမိုင်နိုအက်ဆစ်နဲ့ ကလူးကိုစ့်တွေအဖြစ်ပြောင်းလဲပေးပါတယ်။ ထိုကွန်ပေါင်းတွေကြောင့်ခန္ဓာကိုယ်အတွင်း စွမ်းအင်တွေတိုးစေပါတယ်။
၉) အရေးပြားကျန်းမာရေး
Collagen ဆိုတာက အရေပြားအတွက် အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင်စီ က antioxidant အဖြစ်နဲ့ နေရောင်ကြောင့်၊ ညစ်ညမ်းမှုကြောင့်၊ မီးခိုးတွေကြောင့် အရေပြား ပျက်စီးမှုဖြစ်စေခြင်းကို ကာကွယ်ရာတွင် ကူညီပေးပါတယ်။
၁၀) ခုခံစွမ်းအား
ဗီတာမင်စီက အအေးမိခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ဆိုးကျိုးတွေကို လျော့ကျစေဖို့ ကူညီပေးနိုင်တယ်ဆိုတာ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ အာလူးက ဗီတာမင်ပါဝင်တဲ့ အကောင်းဆုံးအရင်းအမြစ်ပါပဲ။
အာလူးက ကောင်းကျိုးတွေများသလို အလွန်အကျွံစားသုံးခြင်းဖြင့် ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ အဲဒါကြောင့် တန်ဆေးလွန်ဘေးဆိုသလိုပဲ အစားအစာတိုင်းကို ချင့်ချိန်စားသုံးကတော့ အကောင်းဆုံးဖြစ်ပါတယ်။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။