အားလပ်ရက်မှာ နည်းပညာလောကကြီးကနေ အနားယူနိုင်မယ့်နည်းလမ်း ၅ချက်

နည်းပညာတွေနဲ့ တခါတရံဖြတ်တောက်ထားလိုက်ခြင်းက သင့်ရဲ့စိတ်ကျန်းမာရေးအတွက် အံ့အားသင့်စရာကောင်းလောက်အောင် အကျိုးရှိစေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းမှာ နည်းပညာလောကကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်းလည်း ပါဝင်နေပါပြီ။ လူမှုကွန်ရက်တွေနဲ့ အခြားသော application အမျိုးမျိုးကို နေ့စဉ်အသုံးပြုနေခြင်းက စိတ်အာရုံတွေအားလုံးကို ထိုထဲမှာပဲစီးမြောနေစေပါတယ်။ ကျွန်တော်တို့ရဲ့စိတ်အာရုံကို ခဏတဖြုတ်ပဲဖြစ်ဖြစ် ထိုအာရုံတွေထဲကနေ ခဏလောက်အဆက်အသွယ်ဖြတ်ထားဖို့လိုပါတယ်။ ရုံးအားရက်တွေဆို ပိုပြီး စိတ်ကိုအနားပေးသင့်ပါတယ်။ အဲဒါမှ အလုပ်ခွင်ပြန်ဝင်တဲ့အခါ စိတ်အာရုံတွေက ပြန်လည်လန်းဆန်းတက်ကြွနိုင်မှာပါ။ အလွယ်ဆုံးနည်းလမ်း ၅ချက်ကိုဖော်ပြပေးလိုက်ပါတယ်နော်။


၁) အပြင်ကိုလမ်းလျှောက်ထွက်ရင်း သင့်အတွေးတွေကိုစုစည်းကြည့်ပါ။
သင့်မိသားစုနဲ့အတူ တစ်နေ့တာကို မကုန်ဆုံးခင် မနက်ခင်းစောစောမှာ အပြင်ကိုလမ်းလျှောက်ထွက်ရင်း ပတ်ဝန်းကျင်မှာတွေးတောစရာလေးတွေ၊ ငေးမောစရာလေးတွေကို အမှတ်တမဲ့ငေးမောကြည့်ပါ။ သင့်စိတ်လန်းဆန်းစေပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်ခြင်းတွေကို လျှော့ကျစေပါတယ်။ ကျန်းမာရေးနဲ့လည်းညီညွှတ်စေပါတယ်။
၂) ဒီနှစ်အတွင်းမှာ သင့်ဘဝအတွက်ကျေးဇူးတင်သင့်တဲ့အရာတွေကို ချရေးကြည့်ပါ။
ဂျာနယ်ရေးခြင်းက သင့်ကိုသင်ပြန်ပြီးမြင်လာစေတာမို့ ချို့ယွင်းချက်တွေရော၊ ပြုပြင်သင့်တာတွေကိုမြင်လာစေပါတယ်။ အဲဒီ့အမှားတွေကနေ ပြုပြင်ပြီး သင်ပိုတိုးတက်လာစေနိုင်ပါတယ်။ ဥပမာ။ ခုချိန်ထိ သင့်ခင်ပွန်းကသင့်အပေါ်ချစ်ခင်နေသေးတာ၊ သင်ခုထိ ကျန်းမာနေသေးတာ၊ သင်လုပ်ချင်တာတွေလုပ်နိုင်နေတာ၊ စသဖြင့်ပေါ့
၃) တစ်နေ့လုံး သင့်ဖုန်းတွေကို လုံးဝမေ့ထားပါ။
“ဒီနေ့တော့ လွတ်လပ်စွာနားမယ်” လို့တွေးပြီး ဖုန်းတွေအားလုံးကို ပိတ်ထားတာ ဒါမှမဟုတ် လုံးဝဖုန်းမသုံးပဲနေကြည့်လိုက်ပါ။ ခုလက်ရှိအချိန်ကို မိသားစုနဲပပဲ အပြည့်အဝအချိန်ပေးမယ်လို့တွေးပါ။ သင်တစ်ယောက်တည်းဆိုရင်လည်း သင်ဝါသနာပါရာလေးတွေလုပ်ရင်း ဖုန်းတွေကိုမေ့ထားလိုက်ပါ။
၄) ပျော်စရာကောင်းတဲ့ကစားနည်းကို မိသားစုလိုက်ဆော့ပါ။
သင့်မိသားစုနဲ့အတူ ဆော့လို့ရတဲ့ကစားနည်းတွေဆော့တာမျိုး၊ ဉာဏ်စမ်းပဟေဠိမေးတာမျိုး၊ မိုနိုပိုလီဆော့တာမျိုးလုပ်ကြည့်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ အော်ဟစ်ရယ်မောရမယ့်ကစားနည်းမျိုးပေါ့။
၅) စားစရာအသစ်အဆန်းတွေလုပ်စားကြည့်ပါ။
ဟင်းချက်စာအုပ်ထဲက စားကောင်းမယ်ထင်တဲ့ဟင်း ဒါမှမဟုတ် အိမ်သားတွေစားချင်တဲ့စားစရာတမျိုးမျိုးကို အတူတကွ ချက်ပြုတ်ပြင်ဆင်ကြည့်ပါ။ အချင်းချင်းကူညီကြရင်း အားလုံးသဘောကျတဲ့စားစရာတစ်မျိုးမျိုးပေါ့။
အားလပ်ရက်ဆိုတာ တစ်ပတ်လုံးစိတ်ဖိစီးသမျှကို ပြေလျော့အောင် အနားယူရမယ့်ရက်ဖြစ်တာမို့ ကိုယ့်စိတ်ပျော်ရွှင်ကြည်နူးမယ့်အရာတွေကို လုပ်ဆောင်ကြည့်သင့်ပါတယ်။ သင့်ကိုယ်သင်ဂရုစိုက်တာမျိုး၊ သင့်မိသားစုကိုအချိန်ပေးတာမျိုး၊ သင့်ဝါသနာကိုအချိန်ပေးတာမျိုးပေါ့။ အဲဒါမှ တစ်ပတ်လုံးစိတ်ဖိစီးသမျှ ပြေပျောက်စေပြီး ရုံးဖွင့်ရက် ဒါမှမဟုတ်ကျောင်းဖွင့်ရက်မှာ စိတ်သစ်လူသစ်နဲ့ပြန်လည်တက်ကြွနေစေမှာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။