ကိုးကားစာများ

ကိုးကားစာများ

အစားအစာ, ကိုးကားစာများ

ခွေးလေးတွေကို မကျွေးသင့်သော အစားအစာများ

အညိုရောင်မျက်လုံးရွဲကြီးတွေနဲ့ သင့်ကိုကြည့်ပြီး သင့်အနားမှာ လာပြီး ပွတ်ကာသီကာချွဲနွဲ့နေတဲ့ ခွေးကလေးတွေကို သင်မချစ်ဘဲ နေနိုင်ပါ့မလား။ သင်ချစ်ရတဲ့ခွေးကလေးတွေကို အခြားသူတွေ နာကျင်အောင်လုပ်ရင်ကော သင်ခံနိုင်ပါ့မလား။ တခါတလေမှာ အမှတ်မထင်ဘဲ သင်ချစ်ရတဲ့ခွေးကလေးတွေကို သင်ကိုယ်တိုင် နာကျင်အောင် လုပ်မိတာမျိုးတွေ၊ သူတို့နဲ့မတည့်တဲ့အစာလေးတွေ ကျွေးမိတာမျိုးတွေ မတော်တဆဖြစ်တတ်ပါတယ်။ အဲလိုမျိုးတွေ မဖြစ်ရအောင် ဒီဆောင်းပါးလေးကို ဖော်ပြလိုက်ရပါတယ်။

အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

Vitamin A,B,C,D,E,K ပါဝင်သောအသီးအနှံများ

ဒီတစ်ခါမှာတော့ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ ကေ စတဲ့ဗီတာမင်ဓာတ်တွေ ပါဝင်တဲ့အသီးအနှံတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အဲဒါမာ ဗီတာမင်အေ ဆိုတာနဲ့ ဘာအသီးအနှံတွေဆိုပြီး တွဲမြင်သွားစေချင်တဲ့ စေတနာနဲ့ပါ။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

အစာမကြေ ရင်ပြည့်ရင်ခဲဖြစ်နေရင် ဘာတွေလုပ်ရမလဲ။

အစာစားပြီးတဲ့အခါ ပြည့်အင့်နေသလိုခံစားရတာမျိုး၊ သင့်ဗိုက်ထဲမှာ သက်တောင့်သက်သာမဖြစ်သလိုခံစားရတာ၊ သင့်အစာအိမ်အထက်ပိုင်းမှာ နာကျင်တာမျိုး၊ ရင်ပူနေတာမျိုး ှ၊ ဗိုက်ထဲမှာ လေတွေပွနေတာမျိုး စတဲ့လက္ခဏာတွေခံစားနေရတယ်ဆိုရင်တော့ သင်အစာမကြေဖြစ်နေပါပြီ။ အဲဒါကို dyspepsia လို့လည်း ခေါ်ပါတယ်။ သင်ဖြစ်နေတဲ့လက္ခဏာတွေပေါ်မူတည်ပြီး ဘယ်လိုကုသမှုမျိုးလုပ်ရမလဲဆိုတာဆုံးဖြတ်ရတာပါ။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ရိုးရှင်းသောဘဝကိုနေထိုင်နိုင်ဖို့ ဒီအချက် ၄ ချက်ကိုလိုက်နာပါ။

အကောင်းမြင်ခြင်းနဲ့ အဆိုးမြင်ခြင်းကြားမှာ ခြားနားမှုရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ အဲဒါက အဖြူနဲ့အမည်း၊ အကောင်းနဲ့အဆိုး၊ အမှန်နဲ့အမှားလိုပါပဲ။ အဲဒါကြောင့် ပိုကောင်းတဲ့ဘဝကို နေထိုင်နိုင်ဖို့ အကောင်းမြင်တတ်ဖို့ လိုပါတယ်။ အကောင်းမြင်တတ်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့က သင်ဘာလုပ်လုပ်၊ ဘယ်နေရာရောက်ရောက်၊ သင်ဘယ်သူပဲဖြစ်နေနေ သင့်ကိုယ်သင်ထိန်းချုပ်ဖို့ပဲ လိုတာပါ။ လောကမှာ ဘယ်အရာကိုမှ ကျွန်တော်တို့မထိန်းချုပ်နိုင်ဘူးမဟုတ်လား၊ အဲဒီ့တော့ ကိုယ့်ကိုကိုယ်ပဲ အကောင်းမြင်တတ်အောင် ထိန်းချုပ်လိုက်ရတာပေါ့။ အဲလိုထိန်းချုပ်နိုင်ဖို့အတွက် အရိုးရှင်းဆုံး အချက် ၄ချက် ဖော်ပြပေးလိုက်ပါတယ်။ သင့်ရဲ့အဆိုးမြင်နေတဲ့စိတ်တွေ အကောင်းဘက်ကို စတင်ပြောင်းလဲကြည့်လိုက်ပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

လူနေမှုဘဝ, ကိုးကားစာများ

လူတစ်ယောက်ကိုသင်ယုံကြည်လို့ရတယ်ဆိုတာဘယ်လိုသိနိုင်ပါသလဲ။

ယုံကြည်မှုဆိုတာ တန်ဖိုးရှိပါတယ်။ ကိုယ်ကလူတစ်ယောက်အပေါ်ကို ယုံကြည်မှုမရှိဘူးဆိုရင် အဲ့ဒီလူနဲ့ ပြောရဆိုရ၊ ပေါင်းသင်းဆက်ဆံရတာတွေ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ကိုယ်တိုင်ကလဲ ယုံကြည်ထိုက်သူတစ်ယောက်ဖြစ်ဖို့လိုသလို ကိုယ့်အပေါင်းအသင်းမိတ်ဆွေတွေဟာလဲ ယုံကြည်ထိုက်သူတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် လူတစ်ယောက်က ယုံကြည်ရနိုင်သူ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ဘယ်လိုသိနိုင်မှာလဲ။ အခုဖော်ပြပေးသွားမယ့် အချက် (၉) ကိုအခြေခံပြီး ဆုံးဖြတ်နိုင်ပါတယ်။

လူနေမှုဘဝ ကိုးကားစာများ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

နောင်တမရှိတဲ့ဘဝဖြစ်ဖို့

လူသားတွေရဲ့နောက်ဆုံးအချိန်မှာရတဲ့နောင်တအများစုဟာ ဘဝတစ်လေ ျှာက်မှာ သူတို့ပြုလုပ်ခဲ့တဲ့အရာတွေထက် မပြုလုပ်မိခဲ့တဲ့အရာတွေကို ပိုပြီးနောင်တရတတ်ကြပါတယ်။ တစ်ခုစဉ်းစာကြည့်ကြရအောင်၊ အကယ်၍ မနက်ဖြန်ကသာ အသက်ရှင်နေထိုင်ဖို့ နောက်ဆုံးရက်ဖြစ်ခဲ့မယ်ဆိုရင် နောင်တရစရာတွေ ရှိနေမလား။ ငါသာ လုပ်ဖြစ်လိုက်ခဲ့ရင်ဆိုတဲ့ အတွေးမ ျိုးကို လူတိုင်းတွေးမိတတ်ကြပါတယ်နော်။ ဒါကြောင့် ဘဝနောက်ဆုံးအချိန်မှာ နောင်တတွေနဲ့ ထွက်ခွာမသွားရအောင် နေ့စဉ်လုပ်ဆောင်သင့်တဲ့ အလေ့အထလေးတွေကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

မအောင်မြင်သောသူတွေမှာ တွေ့ရှိရသည့် တူညီသောအချက် ၇ ချက်

ဘယ်လိုလူတွေက အောင်မြင်ပြီး ဘယ်လိုလူတွေက မအောင်မြင်တာလဲ။ လူတစ်ယောက်မှာရှိတဲ့ အမူအကျင့်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တွေးခေါ်စဉ်းစားပုံတွေကပဲ အောင်မြင်ခြင်းနဲ့ မအောင်မြင်ခြင်းကို အဆုံးအဖြတ်ပေးသွားတာဖြစ်ပါတယ်။ အောင်မြင်ချင်သူတစ်ယောက်အနေနဲ့ အခုဖော်ပြလိုက်တဲ့ အချက် (၇) ချက်ထဲက တစ်ချက်မဟုတ်တစ်ချက်နဲ့ ကိုယ့်မှာကိုက်ညီနေတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

အလုပ်ရုံးခန်းတွင် ခွေးလေးတွေရှိသင့်သော အကြောင်းအရင်း ၁၅ ချက်

အလုပ်ရုံးခန်းမှာ ခွေးလေးတွေမွေးမယ်။ ရုတ်တရက်ဆိုရင် နောက်ပြီးပြောနေတယ်လို့ ထင်စရာပါပဲနော်။ ဒါပေမယ့် တကယ်ကို ခွေးလေးတွေမွေးထားတဲ့ အလုပ်ခွင်တွေ နိုင်ငံတကာမှာ ရှိကြပါတယ်တဲ့ခင်ဗျာ။ ပျော်ရွှင်စရာကောင်းမယ်ဆိုတာတော့ အသေအချာပါပဲ။ ဒီ့အပြင်ကို ခွေးလေးတွေ အလုပ်ရုံးခန်းမှာရှိတာက ဝန်ထမ်းတွေအချင်းချင်းကြားက ယုံကြည်မှုနဲ့ အဖွဲ့အစည်းလိုက်လုပ်ဆောင်နိုင်စွမ်းတွေ တိုးလာစေပါတယ်၊ အလုပ်စွမ်းဆောင်ရည်တွေ မြင့်တက်လာစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ သိပ်မယုံကြည်ချင်သေးဘူးလား? ဒါဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အလုပ်ရုံးခန်းမှာ ခွေးလေးတွေရှိသင့်ကြောင့် အကြောင်းအရင်း (၁၅) ချက်ကို ဆက်လက်ဖတ်ရှုလိုက်ပါဦး။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

လူနေမှုဘဝ, ကိုးကားစာများ

နိုင်ငံတကာတွင်တည်ရှိသောဆိတ်ငြိမ်အေးချမ်းသည့်တရားစခန်းများ

မြန်မာလူမျိုးတွေနဲ့ တရားစခန်းဆိုတာ စိမ်းတဲ့အရာတော့ မဟုတ်ပါဘူး။ Meditation တရားထိုင်ခြင်းဟာ ဘာသာဝင်အားလုံးပြုလုပ်နိုင်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ စိတ်ကိုတည်ငြိမ်အေးချမ်းစေတာကြောင့် ခုနောက်ပိုင်းမှာဆိုရင် နိုင်ငံတကာက လူငယ်တွေကြားမှာပါ ရေပန်းစားလာတဲ့ စိတ်လေ့ကျင့်ခန်းတစ်ခုပါ။ တရားစခန်းများစွာရှိတဲ့အထဲက ထူးထူးခြားခြားကို ဆိတ်ငြိမ်အေးချမ်းပြီး သဘာဝနဲ့တစ်သားထဲကျနေတဲ့ ကမ္ဘာတစ်ဝှမ်းက တရားစခန်း (၁၀) ခုကိုရှာဖွေဖော်ပြပေးလိုက်ပါတယ်။

လူနေမှုဘဝ ကိုးကားစာများ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

သင့်ရည်းစားဟောင်း ချစ်သူအသစ်ရရှိသွားသောအခါ ခံစားရခက်တဲ့နေ့ရက်တွေကို ဘယ်လိုကျော်လွန်ဖြတ်သန်းမလဲ။

“ချစ်တိုင်းလဲ မညား၊ စကားကိုသာ တီးတိုးရေရွတ်မိတာ ..” အချစ်ဟာ ပျော်ရွှင်ဖို့ကောင်းပေမယ့် အချစ်ရဲ့နောက်ဆက်တွဲ အဖြစ်အပျက်တွေကတော့ အမြဲတမ်းစိတ်ချမ်းမြေ့စရာ ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ အပေါ်က သီချင်းလေးလိုပေါ့ ချစ်သောသူတိုင်းလဲ ပေါင်းဖက်ရချင်မှ ပေါင်းဖက်ရတာပါ။ ကွဲကွာခြင်းဆိုတာလဲ သဘာဝတစ်ခုပဲလေ။ ချစ်သူနဲ့ ကွေကွင်းရတဲ့ ခံစားချက်ဟာ ကြေကွဲဖို့ကောင်းပါတယ်။ ပိုဆိုးတာက သင့်ရဲ့ရည်းစားဟောင်းက ချစ်သူအသစ်ရသွားတဲ့အခါမျိုးမှာ သင့်ရင်ထဲမှာ အင်မတန်ခံစားရခက်မှာပါ။ အဲ့ဒီလိုအခြေအနေမျိုးမှာ ဘာဆက်လုပ်ရမလဲ။ အောက်မှာ ဆက်လက်ဖတ်ရှုလိုက်ပါ။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

မကောင်းသောအကျင့်တို့ကိုဖျောက်ဖျက်နည်း

မကောင်းတဲ့အကျင့်မျိုးဆိုတာ အားလုံးမှာရှိတတ်ကြပါတယ်။ အိပ်ရာထနောက်ကျတာမျိုး၊ ချိန်းထားရင် အချိန်မှီမရောက်တာမျိုးကအစ ကတိလွယ်လွယ်ပေးပြီး မတည်တာမျိုးပေါ့၊ နည်းတာများတာပဲကွာပါတယ်။ ဒါပေမယ့် ကောင်းတဲ့တစ်ချက်က လူတိုင်းမှာ ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ကိုယ်မကြိုက်တဲ့ အကျင့်ဆိုးလေးတွေကို ကိုယ့်အားကိုယ်ကိုးပြီး ပြောင်းလဲနိုင်ရန်ဒီပို့စ်ကိုရှယ်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

သန်းကြွယ်သူဋ္ဌေးတို့ ၏ထင်ရှားသောတူညီသည့်အကျင့်စရိုက် ၆ မျိုး

Bill Gate, Warrant Buffet နဲ့ Mark Zuckerberg တို့လို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေမှာ တူညီတဲ့အကျင့်စရိုက်တွေရှိကြပါတယ်။ သူဋ္ဌေးကြီးဖြစ်အောင်ကြိုးစားနေသူတွေပဲဖြစ်ဖြစ်၊ ဘဝကိုဒီထက်ပိုမိုကောင်းမွန်တိုးတက်အောင်ပြုလုပ်ခ ျင်သူတွေပဲဖြစ်ဖြစ်လေ့လာအတုယူနိုင်အောင်သူတို့ရဲ့ တူညီတဲ့အကျင့်စရိုက် ၆ မျိုးကိုအောက်မှာဖော်ပြပေးလိုက်ရပါတယ်။

စိတ်ဓာတ်ခွန်အား ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။