စိတ်ဓာတ်ခွန်အား

စိတ်ဓာတ်ခွန်အား

စွမ်းရည်, ကလေးပြုစုပျိုးထောင်ခြင်း, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ဘ၀ကိုသင်ခန်းစာပေးသောပုံပြင်တိုလေးများ (၅)

ဘ၀ကိုသင်ခန်းစာ ပေးတဲ့ပုံပြင်လေးတွေဖတ်ခြင်းအားဖြင့် ကိုယ့်ဘ၀အတွက် အတွေးအမြင်သစ်တွေရစေနိုင်သလို ကိုယ့်ရဲ့သားသမီးလေးတေါကိုလည်း ပြန်လည်ပြောပြ သင်ခန်းစာပေးနိင်ပါတယ်။ ပုံပြင်တွေကြိုက်တဲ့ကလေးငယ်တွေဟာ ဘ၀မှာ စာဖတ်နာတဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်။ စာဖတ်ကျင့်ဖြစ်လာတဲ့အခါ ဘ၀မှာပိုပြီအမြင်ကျယ်တဲ့လူလိမ္မာလေးတွေဖြစ်လာတာပေါ့။ အဲဒါကြောင့် ဘ၀ကိုသင်ခန်းစာပေးတဲ့ပုံပြင်တိုလေးတွေကို ဖတ်ကြည့်ပြီး သားသားမီးမီးတွေကိုလည်း စာဖတ်ကျင့်ရအောင် ပြန်လည်ပြောပြပေးသင့်ပါတယ်။

စွမ်းရည် ကလေးပြုစုပျိုးထောင်ခြင်း စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အမြဲကံကောင်းတဲ့လူဖြစ်စေဖို့ လုပ်သင့်တဲ့အကျင့်များ

ကံကောင်းတယ်ဆိုတာကို လူတော်တော်များများက လက်ခံပုံချင်းမတူကြပါဘူး။ တကယ်တမ်းတော့ ကံဆိုတာက သူ့ဟာသူရှိနေပြီး လူတစ်ယောက်ရဲ့ကောင်းခြင်းဆိုးခြင်းကို support လုပ်ပေးနေတာလို့ ကိုယ်တွေကတော့မခံယူပါဘူး။ ကံသည်အလုပ်၊ အလုပ်သည်ကံရယ်လို့ မှတ်ယူခြင်းက တနည်းအားဖြင့် “ကိုယ်ကြိုးစားရင် ကြိုးစားသလောက် တိုးတက်လာမှာမို့ ကံကောင်းလာမှာပဲ” ရယ်လို့ တွေးပြီး အားတင်းနိုင်သေးတယ်လေနော်။ အဲဒီ့အတွက် အမြဲကံကောင်းဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ခံယူချက်က အရေးကြီးပါတယ်။ “မွေးကတည်းက ပါလာတဲ့ကံကိုက မကောင်းတာ” ဆိုတဲ့အတွေးမျိုးနဲ့ ကိုယ့်စိတ်ကို အတင်းဆွဲချပြီး စိတ်ဓာတ်ကျအောင်လုပ်တာမျိုး မတွေးဘဲ “အလုပ်သည်ကံ၊ ကံသည်အလုပ်” အလုပ်ကို ကြိုးစားပြီး ကံကောင်းလာအောင်လုပ်မယ်လို့တွေးတာက ပိုကောင်းပါတယ်။ အဲဒါကြောင့် တကယ်တမ်းကံကောင်းခြင်းဆိုတာကို ကိုယ်ကလုပ်ယူနိုင်ဖို့ ကိုယ့်ရဲ့အကျင့်အဖြစ်မွေးမြူရမယ့်အရာတွေရှိပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ဘယ်သူ့ကိုမှ မမုန်းပါနဲ့။ ဒါပေမယ့် ကိုယ့်ကို အထင်သေးခဲ့တဲ့လူတွေကိုလည်း မေ့မပစ်လိုက်ပါနဲ့။

အမုန်းတရားဟာ အင်မတန်ပူလောင်ပါတယ်။ ဒီလိုပြောလို့ မမုန်းဖူးလို့လား….လို့ မထင်လိုက်ပါနဲ့နော်။ ကိုယ်တိုင်ရင်ထဲအမုန်းတရားထည့်ဖူးလို့ ပိုသိတာပါ။ ဘယ်လိုကိစ္စမျိုးတွေမှာ လူတစ်ယောက်ကိုမုန်းသွားတတ်သလဲဆိုရင် ကိုယ့်ကိုရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ အခါခါ ထိခိုက်နာကျင်စေတဲ့အခါမျိုးမှာ မုန်းသွားတတ်ကြမယ်ထင်ပါတယ်နော်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

သင့်အလုပ်ခွင်နဲ့ဘဝမှာ အောင်မြင်စေမယ့် စိတ်ထား ၇မျိုး

ဘဝမှာ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ ဘဝရှင်သန်မှုမှာပဲဖြစ်ဖြစ် အောင်မြင်အဆင်ပြေစေမယ့် ထားရှိသင့်တဲ့စိတ်ထားလေးတွေရှိပါတယ်။ အဲဒီ့စိတ်ထားလေးတွေရှိမှသာ ဘယ်နေရာရောက်ရောက် အဆင်ပြေပြီး ကိုယ့်ရဲ့ကိုယ်၊ စိတ်ကျန်းမာရေးကို ထိခိုက်ခြင်းမှ ကင်းဝေးစေမှာဖြစ်ပါတယ်။ အဓိကကတော့ နေတတ်ဖို့နဲ့ စိတ်ထားတတ်ဖို့ပါ။ အဲဒါဆိုရင် သင့်ဘဝမှာရော အလုပ်ခွင်မှာပါ သင့်အတွက် အဆင်ပြေစေပြီး သင်ရည်မှန်းထားသမျှတွေဖြစ်လာနိုင်မှာပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

လွယ်လွယ်နဲ့စိတ်မညစ်ရစေဖို့……

ကိုယ့်ဘဝရဲ့စိတ်ညစ်မှုတွေဟာ များသောအားဖြင့် ကိုယ်ပတ်ဝန်းကျင်ကအချို့လူတွေနဲ့ အချို့အကြောင်းအရာတွေကြောင့်ပါပဲ။ တကယ်လို့များ ကိုယ့်ရဲ့စိတ်ညစ်မှုတွေဟာ ကိုယ့်ကြောင့်ဆိုရင်တော့ အကြောင်းရင်းသေချာသိအောင်ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပါ။ အခြားလူတွေကြောင့်ဆိုရင်တော့ သူတို့ကိုပြောင်းလဲလို့မရတာကြောင့် ကိုယ့်ရဲ့သူတို့အပေါ်ထားတဲ့စိတ်ထားကိုသာ ပြောင်းလဲပစ်ရမှာပါပဲ။ လွယ်လွယ်နဲ့စိတ်မညစ်ရစေဖို့ ကိုယ့်ရဲ့အတွေးတွေကို ပြောင်းလဲဖို့အတွက် တစ်ပုံချင်းထောက်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်လိုက်ပါအုံးနော်။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတွေထံမှ အတုယူသင့်တဲ့အကျင့်များ

စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတွေဆီကနေ ကိုယ့်အတွက်ပြန်လည်အတုယူသင့်တဲ့အချက်တွေရှိပါတယ်။ သူတို့တွေဘာကြောင့်တော်တန်ရုံကိစ္စလောက်နဲ့ စိတ်ထိခိုက်တာ၊ စိတ်ဓာတ်ကျတာမျိုးမဖြစ်ဘဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတွေဖြစ်လာသလဲ။ ကိုယ်ကရော ဘယ်လိုနေရာတွေမှာ စိတ်ထိခိုက်ခံစားနေတတ်သလဲစသဖြင့် ကိုယ့်ရဲ့စိတ်ကို သိထားခြင်းက ကိုယ့်စိတ်ကိုကုစားဖို့ရာအသုံးဝင်စေပါတယ်။ အဲဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ထင်ရတဲ့လူတွေမှာ အများဆုံးတွေ့ရတတ်တဲ့အချက်တွေကတော့အောက်ပါအတိုင်းပါပဲ။

စွမ်းရည် ပျော်ရွှင်သောဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အရာအားလုံးကို အကောင်းမြင်တတ်လာတဲ့အခါ ပိုကံကောင်းလာတယ်လို့ထင်လာတတ်ပါတယ်။

လူတစ်ယောက်မှာ စိတ်ကျန်းမာရေးကောင်းဖို့လည်း အရေးကြီးပါတယ်။ အဲဒါကြောင့်သာ စိတ်သာရှင်စော၊ ဘုရားဟော ဆိုတဲ့အတိုင်း စိတ်ကျန်းမာရေးကအင်မတန်အရေးကြီးပါတယ်။ စိတ်ကျန်းမာတယ်ဆိုတာက စိတ်ပျော်ရွှင်နေတာ၊ စိတ်အေးချမ်းနေတာ၊ စိတ်အားတက်ကြွနေတာ၊ စိတ်တည်ငြိမ်နေတာ စိတ်နဲ့ပတ်သက်တဲ့အဆိုးခံစားချက်တွေမှန်သမျှ ဘာကိုမှ မခံစားနေတာမျိုးပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ဘဝရဲ့အမှန်တရားများ (၅)

ဘဝမှာ ဘယ်တော့ဖြစ်ဖြစ် မှန်ကန်နေမယ့်အမှန်တရားတွေရှိပါတယ်။ အဲဒီ့အမှန်တရားတွေက ဘယ်ပြဌာန်းစာအုပ်မှာမှ မသတ်မှတ်ထားပေမယ့် လက်တွေ့ဘဝအတွက် အရမ်းမှန်တဲ့အမှန်တရားတွေပါပဲ။ ဘဝမှာ ရှင်သန်လာရင်းနဲ့မှ တဖြည်းဖြည်းသိလာရတဲ့အမှန်တရားတွေပါ။ ကိုယ့်နဲ့တိုက်ဆိုင်တဲ့စာသားလေးတွေရှိရင်ရှယ်သွားလိုက်ပါအုံး။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ဖို့ …..

မိသားစုဆိုတဲ့အဓိပ္ပါယ်ပြည့်ဝပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာတတ်တဲ့ နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ဖို့ဆိုတာက လိုအပ်ချက်တွေအများကြီးရှိပါတယ်။ ပင်လယ်ပြင်ကို လှေငယ်နဲ့ဖြတ်သန်းရသလိုပါပဲ။ တစ်ယောက်ထဲလှော်နေလို့လည်း ခရီးမရောက်နိုင်သလို၊ ဘယ်သူမှမလှော်ဘဲ အဆင်သင့်လိုက်ပါနေလို့လည်း မဖြစ်နိုင်ပါဘူး။ တနည်းအားဖြင့်တော့ နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ဖို့အတွက် အိမ်မှာရှိတဲ့မိသားစုဝင်တိုင်းမှာ တာဝန်ရှိတာပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။