လူနေမှုဘဝ

လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

Freelancer တစ်ယောက်အဖြစ်ရပ်တည်ချင်တယ်ဆိုရင်. ဘာတွေပြင်ဆင်ထားသင့်လဲ။

အခုခေတ်မှာ နည်းပညာတိုးတက်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေဟာလည်း ပေါများလာပါတယ်။ အထူးသဖြင့် နည်းပညာကိုလိုက်မီအောင် ကြိုးစားထားမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းမှာလည်း သူများထက်ကို ခေါင်းတစ်လုံးသာပြီးသားဖြစ်စေမှာပါ။ အဲဒါအပြင် နည်းပညာကို လက်လှမ်းမီတဲ့အခါ ပင်တိုင်ဝင်ငွေတစ်ခုအပြင် အခြားအပိုဝင်ငွေရအောင်လည်း ကြိုးစားနိုင်ပါသေးတယ်။ အဲဒါကြောင့် အပြင်ဝင်ငွေ ပိုမိုတိုးပွားအောင် လုပ်နိုင်လာတဲ့အခါ ပုံမှန်ဝင်ငွေတစ်ခုထဲ ရပ်တည်တဲ့လူထက် အချိန်ကုန်လည်းသက်သာ အလုပ်လည်းတွင်၊ ဝင်ငွေလည်းတိုးစေပြီး Freelancer အဖြစ်အသက်မွေးဖို့လည်း အဆင်ပြေလာစေပါတယ်။ အဲဒါကြောင့် Freelancer အဖြစ် အသက်မွေးချင်တယ်ဆိုရင် လုပ်သင့်တဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကိုယ့်ကိုယ်ကိုယ်အတွက်သာ ရှင်သန်ကြည့်ပါ။

ဒီစာသားလေးကို မြင်တဲ့အခါ ဘာကိုတွေးမိသွားမလဲ။ ကိုယ့်ကိုယ်ကိုယ်အတွက်ရှင်သန်ခိုင်းရတာက ကျွန်မတို့တွေဟာ ဘဝမှာ မွေးစကနေ အခုအသက်အရွယ်ရောက်လာတဲ့အထိ အချိန်တွေကို သေချာပြန်တွေးကြည့်ရင် ကိုယ့်အတွက် အချိန်ဆိုတာ မပေးမိသလာက်နည်းတာကို တွေးမိလာပါလမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်အတ္တကြီးခိုင်းတာမဟုတ်ပါဘူးနော်။ တကိုယ်ကောင်းဆန်ခိုင်းတာလည်း မဟုတ်ပါဘူး။ ကိုယ့်ဖြစ်ချင်တဲ့ အရာတစ်ခုခုအတွက် ကိုယ့်ကိုယ်ကိုယ်အချိန်သီးသန့်လေးပေးပြီး ထိုအရာအပေါ်မှာ ရူးသွပ်စွာရှင်သန်တာမျိုးကိုပြောတာပါ။ ကိုယ်ဖြစ်ချင်တာလေးတွေလုပ်ရင်း ကိုယ့်ဘဝကို အေးချမ်းစွာရှင်သန်ကြည့်ဖို့ပြောချင်တာပါ။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

စာဖတ်တဲ့သူတွေက ဘာကြောင့် ပိုအောင်မြင်ကြတာလဲ။

စာဖတ်တဲ့သူတိုင်းက မအောင်မြင်ဘူးဆိုပေမယ့် အောင်မြင်တဲ့သူတိုင်းကတော့ စာဖတ်ကြပါတယ်။ အောင်မြင်တဲ့သူတေါရဲ့အကျင့်ကို ကြည့်လိုက်ရင် စာဖတ်တဲ့အကျင့်တော့ရှိကြတာချည်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်တဲ့လူနဲ့ စာမဖတ်တဲ့သူဟာ ကွာခြားမှုတော့ရှိပါတယ်။ အဲဒီ့ကွာခြားမှုတွေကြောင့်ပဲ စာဖတ်တဲ့သူတွေက စာမဖတ်တဲ့လူတွေထက် ပိုအောင်မြင်ဖို့ အားသာသွားတာဖြစ်ပါတယ်။ အဲဒါဆို ဘာအချက်တွေ့ဖြစ်မလဲဖတ်ကြည့်လိုက်ပါအုံးနော်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ရပ်မနေသရွ့ ဘယ်လောက်နှေးနှေးကိစ္စမရှိပါဘူး။ အဓိကက ရှေ့ဆက်သွားနေဖို့ပါပဲ။

ဒီစာသားလေးကို ကြားဖူးကြမှာပါနော်။ ဒီကာလနဲဲဲ့ ဆက်စပ်ပြီး ဒီစာသားနဲ့ကတော့ အကိုက်ပါပဲ။အခုလိုကာလမျိုးမှာ လူတိုင်းဟာ အကြပ်အတည်းကိုယ်စီ၊ စိတ်ဖိစိးမှုကိုယ်စီနဲ့ ဘာတွေလုပ်မယ်ဆိုပြီး ရည်မှန်းထားသမျှဟာလည်း ရပ်တန့်လုဆဲဆဲဖြစ်ကုန်ကြမယ်ထင်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

"အခုချက်ချင်း ရပ်တန့်ပစ်ရမယ့်အကျင့် ၅ခု"

သင့်ထံမှာ အောက်ပါအကျင့်တွေရှိနေရင် အခုချက်ချင်းရပ်တန့်ပစ်သင့်ပါတယ်။ အကျိုးမရှိတဲ့အပြင် ဆိုးကျိုးကိုသာဖြစ်စေပြီး ကိုယ့်ရဲ့လက်ရှိပစ္စုုပ္ပာန်အချိန်ကိုပါ အလကားကုန်ဆုံးသွားစေနိုင်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ကျန်းမာရေး, ကလေးပြုစုပျိုးထောင်ခြင်း, လူနေမှုဘဝ, ကိုးကားစာများ

ကလေးကို အကျိုးရှိရှိဂိမ်းဆော့တတ်ဖို့ ဘယ်လို Control လုပ်မလဲ။

အခုခေတ်အခြေအနေအရ လူတိုင်းနီးပါးဖုန်းကိုင်ပြီး နည်းပညာနဲ့ကျွမ်းဝင်နေကြတာမို့ ကလေးသူငယ်တွေကိုလည်း ဖုန်းမကိုင်နဲ့ရယ်....လို့ တားဆီးဖို့ရာခက်ခဲလွန်းလှပါသည်။ အဲဒီ့အတွက် လုံးဝပိတ်ပင်တားဆိးလို့မရဘူးဆိုလျှင် စည်းကမ်းနဲ့စနစ်တကျ သုံးတတ်ဖို့ သင်ပေး၊ စည်းကမ်းသတ်မှတ်ပေးလို့ပဲရပါလိမ့်မယ်။ အဲလိုမဟုတ်ရင်တော့ ဖုန်းကိုင်သုံးခြင်းရဲ့ဘေးထွက်ဆိုးကျိုးတေါက ကလေးသူငယ်တွေမှာ ပိုပြီးဆိုးဝါးစွာထိခိုက်လာနိုင်ပါတယ်

ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း လူနေမှုဘဝ ကိုးကားစာများ

အစားအစာ, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

၁၂ ရာသီလအလိုက် ပွင့်လေ့ရှိသော ရာသီပန်းများ

၁၂ရာသီအလိုက် ပွဲတော်တွေကို ကျင်းပလေ့ရှိသလို ၁၂ရာသီအလိုက် အမှတ်အသားပြုနိုင်တဲ့ ၁၂ရာသီအလိုက်ပွင့်တဲ့ပန်းလေးတွေနဲ့လည်း မှတ်သားကြပါတယ်။ ကိုယ်မမှတ်မိလိုက်တဲ့ ပန်းအမျိုးအစားတွေရှိရင်လည်း ပြန်လည်မှတ်သားနိုင်အောင် ၁၂ရာသီအလိုက် တစုတစည်းထဲဖော်ပြပေးလိုက်ပါတယ်။ ၁) တန်ခူးလ ကံ့ကော်ပန်း၊ ပိတောက်ပန်းများ ၂) ကဆုန်လ စကားပန်း ၃) နယုန်လ စပယ်ပန်း ၄) ဝါဆိုလ မြတ်လေးပန်း၊ ပုန်းညက်ပန်း ၅) ဝါခေါင်လ ခတ္တာပန်း ၆) တော်သလင်းလ ယင်းမာပန်း ၇)သီတင်းကျွတ်လ ကြာပန်း ၈) တန်ဆောင်မုန်းလ ခဝဲပန်း ၉) နတ်တော်လ သဇင်ပန်း ၁၀) ပြာသိုလ ခွာညိုပန်း ၁၁) တပို့တွဲလ ပေါက်လဲပန်း ၁၂) တပေါင်းလ သရဖီပန်း

အစားအစာ ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

Social Media ပေါ်မှာ အလုပ်ရှာနည်း

Social Media နဲ့မကင်းကြတဲ့အခုခေတ်ကြီးမှာ တခြားသောအကျိုးမရှိတဲ့အရာတွေနဲ့ Social Media ပေါ်မှာအချိန်ကုန်မယ့်အစား Social Media ကနေတဆင့် ကိုယ့်အတွက်အကျိုးရှိရာကို ရှာတတ်မယ်ဆိုရင် အများကြီးအကျိုးရှိစေမှာပါ။ အဲဒါအပညင် နည်းပညာနဲ့ပတ်သက်သမျှ၊ သင်ခန်းစာယူသင့်တာ၊ သင်တန်းတွေ အစရှိသမျှကို လေ့လာစရာတွေအများကြီးရှိပါတယ်နော်။ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း လွယ်လွယ်နဲ့ရှာလို့ရလာနိုင်ပါတယ်။ (အလိမ်အညာမမိအောင်တော့ သေချာသုံးသပ်နိုင်ဖို့လိုတာပေါ့) အဲဒါကြောင့် တခြားသောအကျိုးမရှိတဲ့အရာတွေနဲ့ Social Media ပေါ်မှာအချိန်ကုန်မယ့်အစား ပေါ်မှာ အလုပ်ရှာနိုင်ပြီး ကိုယ့်ရဲ့အရည်အချင်းကိုဖော်ပြနိုင်မယ့်နည်းလမ်းလေးတွေကို လက်လှမ်းမီသလောက်ဖော်ပြလိုက်ပါတယ်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

တန်ဖိုးထားဖို့ထိုက်တန်တဲ့သူတွေကိုသာ တန်ဖိုးထားပါ။

အမျိုးတစ်ယောက်ရဲ့ကော်ဖီဆိုင်မှာ "လူရင်းမို့ ယုံကြည်လို့...."ဆိုတဲ့အပြောနဲ့ ငွေကိုင်လုပ်ပေးဖူးခဲ့ပါတယ်။ ကိုယ်ကလည်း အလုပ်နားနေတဲ့အချိန်လည်းဖြစ်တော့ "အတော်ပဲပေါ့...."ဆိုပြီး ဘာကိုမှမတွေးဖြစ်ဘဲ စိတ်ရင်းအမှန်နဲ့တွေးပြီးလုပ်ပေးဖြစ်ခဲ့တာပေါ့။ တစ်နေ့ကျတော့ ကော်ဖီလာသောက်တဲ့ နိုင်ငံခြားပြန် မြန်မာလူမျိုး (ဆိုင်ပိုင်ရှင်ရဲ့မိတ်ဆွေ) က ကိုယ့်ကိုခြေအစခေါင်းအဆုံးကြည့်ပြီး မျက်မှောင်ကျုံ့တာခံခဲ့ရတယ်။ “ငွေကိုင်တဲ့နေရာမှာ အမျိုးဖြစ်တာနဲ့ခန့်လို့မဖြစ်ဘူးလေ...” တဲ့။ “ စာရင်းအင်းသေချာနိုင်တဲ့လူဖြစ်မှဖြစ်မှာပေါ့....ဒါတောင်ယုံကြည်ရအုံးမှ” တဲ့ ကိုယ့်ရှေ့တင်အဲဒီ့စကားကိုပြောပြီး ကိုယ်ကို တစက်မှအသုံးမကျတဲ့လူတစ်ယောက်လိုဆက်ဆံသွားတာခံဖူးပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။