လူနေမှုဘဝ

လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အားကိုးရာမရှိတဲ့သူတွေဟာ ပိုပြီးသန်မာလာတတ်ကြတယ်ဆိုတာ မမေ့ပါနဲ့။

အရင်ကတော့ ဘယ်သူကမှ မကူညီတဲ့အခါ၊ ဒါမှမဟုတ် ကူညီဖို့ တာဝန်ရှိရက်နဲ့ တာဝန်ကိုလျစ်လျူရှုမသိယောင်ဆောင်တဲ့လူမျိုးကို ကြုံရတဲ့အခါ လူငယ်စိတ်နဲ့ စိတ်ဆိုးဒေါသထွက်ရပါတယ်။ “အမှန်ဆို......သူတို့ကူညီသင့်တာ၊ မကူညီကြဘူး” ပေါ့။ မိဘဆိုလည်း အလားတူပါပဲ၊ “မိဘတွေက ဒီလိုနေရာတွေမှာ အထောက်အပံ့ပေးသင့်တာ.......မိဘကမကူညီမထောက်ပံ့လို့ ပိုပင်ပန်းရတယ်”ဆိုတဲ့အတွေးမျိုးတွေ ဝင်လာတတ်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

မကောင်းတဲ့အတွေးတွေကို ထိန်းချုပ်နိုင်ဖို့.....

လူတိုင်းလိုလို မကောင်းတဲ့စိတ်ခံစားချက်ဖြစ်ပေါ်တတ်ကြပါတယ်။ ကိုယ့်ကြောင့်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကလူတွေကြောင့်ပဲဖြစ်ဖြစ်၊ အခြားအကောင်းအရာတခုခုကြောင့် စိတ်ထဲကုိ ဝင်လာတဲ့မကောင်းတဲ့အတွေးတွေခံစားချက်တေွကို စိတ်ထဲအမြဲထည့်ထားပြီး ဖြေဖျောက်ဖို့ မကြိုးစားရင်တော့ ကိုယ့်စိတ်ပျော်ရွှင်မှုကို ထိခိုက်နိုင်ပါတယ်။ အဲဒီ့အခါ စိတ်ညစ်မယ်၊ စိတ်ဖိစီးမယ်၊ မကောင်းတဲ့အပြုအမူတေွလုပ်မိလာမယ်၊ စသဖြင့်ဆိုးကျိုးကိုသာဖြစ်လာစေနိုင်ပါတဘ်။ အဲဲဲဒါကြောင့် မကောင်းတဲ့အတွေးတွေ၊ ခံစားချက်တွေဖြစ်လာတဲ့အခါ အောက်ပါအချက်လေးတေါကို လုပ်ကြည့်ဖို့ ကြိုးစားကြည့်ပါနော်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

နောင် ၁၀နှစ်မှာ နောင်တရနေနိုင်မယ့်အရာ ၁၀ခု

သင့်ဘဝမှာ လုပ်မိတာတွေထက်စာရင် မလုပ်လိုက်ရတာတွေကို ပြန်တွေးပြီးနောင်တရနေတတ်ပါတယ်တဲ့။ တကယ်လို့့များ သင်နောက်ထပ် ၁၀နှစ်အကြာမှာ ဆိုရင် ဘာတွေကိုများ နောင်တရနေမိမယ်ထင်ပါသလဲ။ ဒီဆောင်းပါးထဲမှာတော့ သင်နောင်တရနိုင်မယ့် အရာ ၁၀ခုကို ဖော်ပြထားပါတယ်။ တစ်ထပ်တည်း အချက်အားလုံးတူချင်မှတူမှာဖြစ်ပေမယ့် ကြိုသိထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးမိပြီး ဆင်ခြင်နိုင်အောင် ဖော်ပြပေးထားတာလေးဖတ်ကြည့်လိုက်ပါအုံးနော်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ပိုပြီးစိတ်ချမ်းသာတဲ့ အမျိုးသမီးဖြစ်စေဖို့ အကြံပြုချက် ၁၀ချက်

အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ကို စိတ်ဖိစီးမှုကို ပိုခံနိုင်တယ်လို့ဆိုကြပါတယ်။ ဘာလို့ဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုတွေး၊ ပိုပူပန်သောကရောက်ပြီး ပတ်ဝန်းကျင်ကအရာအားလုံးကို စိတ်ထဲထည့်ပြီးလက်ခံတတ်ကြလို့ပါပဲ။ အဲဒါကြောင့် ပိုပြီးလည်း စိတ်ဖိစီးမှုများသလို၊ စိတ်ဖိစီးမှုဒဏ်ကိုခံရတာမို့ စိတ်ထားတတ်ဖို့ လိုအပ်ပါတယ်။ ပိုပြီးစိတ်ချမ်းသာပျော််််််််််််််််််ရွှင်တတ်တဲ့အမျိုးသမီီးဖြစ်စေဖို့ အကြံပေးချက် ၁၀ချက် ကို ဖတ်ကြည့်လိုက်နာကြည့်မယ်ဆိုရင် စိတ်ဖိစီးမှုအနည်းငယ်လျော့သွားဖို့ အထောက်အကူပြုပါလိမ့်မယ်။ #BAWA101

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

စိတ်ဓာတ်ခိုင်မာသူတွေလုပ်သင့်တဲ့အကျင့်များ

စိတ်ဓာတ်ခိုင်မာသူတွေဟာ အခြားသူတွေလို အရာအားလုံးခေါင်းထဲထည့်စဥ််းစားနေတာမျိုးမဟုတ်ဘဲ ကိုယ့်စိတ်နှလုံးနဲ့အာရုံထဲထည့်သင့်တာကိုထည့်ပြီး မထည့်သင့်တာကိုမထည့်သင့်မှန်းနားလည်ကြပါတယ်။ အဲဒါကြောင့်လည်း စိတ်ညစ်စိတ်ရှုပ်စ၇ာဆိုတာ မရှိတာမဟုတ်ပေမယ့် အခြားလူတွေထက်ကို တည်ငြိမ်နေတာပဲဖြစ်ပါတယ်။ အဲဒီ့အတွက် စိတ်ဓာတ်ခိုင်မာသူတွေရဲ့အမူအကျင့်တွေကို အတုယူသင့်တာယူရအောင်ဖော််််််ပြပေးလိုက်ပါတယ်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရမယ်။

ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရမယ်ဆိုတာက သင်စိုက်တဲ့အပင်က သရက်ပင်ဖြစ်နေရင် သရက်သီးသာရမှာဖြစ်ပြီး ပန်းသီးလိုချင်လို့မရနိုင်ပါဘူးလို့ဆိုလိုတာပါ၊ တနည်းအားဖြင့် သင့်စိတ်ထဲ လူတိုင်းကို စိတ်ကောင်းထားမှန်ကန်အောင် နေထိုင်ခဲ့ရင်လည်း အဲဒီ့အကျိုးကိုသင်ခံစားရမှာဖြစ်ပြီး၊ သင်က တပါးသူဒုက္ခရောက်အောင် ကောကျစ်ယုတ်မာခဲ့တယ်၊ သင့်ဘဝတစ်လျှောက်မမှန်မကန်နေထိုင်ခဲ့တယ်ဆိုရင်လည်း အဲဒီ့ရဲ့အကျိုးဆက်ကို သင်ခံစားရမှာပါပဲလို့ ဆိုလိုချင်တာပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

"ကိုယ့်ကိုယ်ကိုယ်ပိုပြီးအကောင်းမြင်လာစေဖို့လုပ်သင့်တဲ့အချက် (၆) ချက်"

ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်လာစေဖို့ဆိုတာက လူတစ်ယောက်ရဲ့ဘဝမှာ ရှင်သန်ရတာ ပျော်််််််််််ရွှင်ခြင်းမပျော်််််််််််််ရွှင်ခြင်းဆိုတဲ့အရာတွေဖြစ်လာဖို့အတွက်အရေးကြီီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်နေတဲ့လူမှသာ ကိုယ့်ကိုယ်ကိုယ်ပိုချစ်တတ်မယ်၊ ကိုယ့်ဘဝကို ပိုချစ်မယ်၊ ကိုယ်ကိုယ်ကိုယ်ပိုဂရုစိုက်မယ်၊ စိတ်ချမ်းသာမယ်၊ အဲဒီ့အတွက် ကိုယ်ကျန်းမာမှုအားနည်းနေရင်တောင် နေပျော်််ပါလိမ့်မယ်။ အဲဒါကြောင့် ဘဝတစ်ခုလုံးအတွက်ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်ခြင်းဟာ အင်မတန်အရေးကြီးပါတယ်.။ အဲဒါကြောင့် အောက်ပါအချက် ၆ချက်ကို လိုက်နာကြည့်လိုက်ပါ။ ကျင့်ယူကြည့်လိုက်ပါနော််။ ဘဝက စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းကနေ ဘဝကိုပါ အကောင်းဘက်ကိုအများကြီးပြောင်းလဲလာပါလိမ့်မယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အခြားသူနဲ့ နှိုင်းယှဥ်နေမိတဲ့အကျင့်ကို ဘယ်လိုဖျောက်မလဲ။

အခြားသူတွေနဲ့ နှိုင်းယှဥ်တတ်တဲ့အကျင့်ရှိလား။ အခြားသူတွေကို ကြည့်ပြီး အားကျနေတာမျိုး၊ ကိုယ့်ကိုယ်ကိုယ်အားမရဖြစ်နေတာမျိုးဟာ အချိန်ကုန်စေတဲ့အပြင် အကျိုးမထူးဘဲ စိတ်ဖိစီးမှုကိုသာ တိုးလာစေတာဖြစ်ပါတယ်။ များသောအားဖြင့် ဒီနေ့ခေတ်လို လူမှုကွန်ရက်အသုံးများလာတဲ့အခါမျိုးမှာ လူတိုင်းဟာ ကိုယ့်ရဲ့အားသာချက်၊ ကောင်းကွက်နဲ့ ကိုယ့်ဘဝရဲ့ကောင်းတဲ့အချက်တွေကိုသာ အွန်လိုင်းမှာမျှဝေကြတာဖြစ်ပါတယ်။ အဲဒါတွေကို မြင်မိတိုင်း ကိုယ့်ဘဝကျမှ ဆိုးဝါးလှချည်လို့ တွေးပူနေလို့မဖြစ်ပါဘူး။ လူတိုင်းဟာ ကောင်းကွက်မကောင်းကွက်ရှိသလိုပဲ မိသားစုတိုင်း၊ ဘဝတိုင်းမှာလည်း ပျော်စရာရှိသလို၊ နာကျင်ကြေကွဲစရာတွေလည်းရှိကြတယ်ဆိုတာ နှလုံးသွင်းရင်း အောက်ပါအချက်လေးတွေကို လုပ်ကြည့်လိုက်ပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

အလုပ်ခွင်အတွင်း ထားသင့်တဲ့စိတ်ထားများ (၂)

အလုပ်ခွင်အတွင်းထားရှိသင့်တဲ့စိတ်ထားတွေကတော့ ထားတတ်ရင်ထားတတ်သလို မကုန်နိုင်ပါဘူး။ အလုပ်ခွင်ထဲမှာ တစ်နေ့ကို ၈နာရီလောက်ကုန်ဆုံးရတဲ့အပြင် အခြား freelance အလုပ်တွေပါရှိသေးတယ်ဆိုရင် အလုပ်ချိန်က တစ်နေ့တာလုံးမှာ အချိန်အများဆုံးဖြစ်နေမှာပါပဲ။ အဲဒါကြောင့် အလုပ်ခွင် ဒါမှမဟုတ် အလုပ်ချိန်တွင်းမှာ ပျော်ရွှင်နေမှ တစ်နေ့တာလုံးအဆင်ပြေမှာမဟုတ်လား။ အဲဒါကြောင့် အလုပ်ခွင်အတွင်းမှာ ပျော်ရွှင်ဖို့ထားရှိသင့်တဲ့စိတ်ထားလေးတွေကို သိထားပြီး သင်ယူသင့်ပါတယ်။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

"အတွေးလွန်ခြင်းကို အမြန်ဆုံးထိန်းနိုင်မယ့်နည်းလမ်း ၅ချက်"

အခုချက်ချင်းပြုပြင်သင့်သောအချက်များထဲမှာ အတွေးလွန်ခြင်းလည်းပါဝင်ပါတယ်နော််။ အတွေးလွန်တယ်ဆိုတာက လက်ရှိဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းရမှာထက် မဖြစ်လာသေးတဲ့ဆိုးကျိုးတွေကိုပါတွေးပြီး ပူပန်သောကဖြစ်နေတာမျိုးပါ။ အဲဒီ့အခါ လက်ရှိပြဿနာကိုဖြေရှင်းဖို့ရာ အဖြေမထွက်နိုင်သလို၊ လက်ရှိအချိန်လည်း ပူပန်နေရတာနဲ့တင်အချိန်အလကားကုန်ဆုံးသွားစေပါတယ်။ လူလည်း စိတ်ဖိစီးပြီး သောက‌‌ရောက်ရတဲ့အတွက် စိတ်ကျန်းမာရေးကိို ထိခိုက်စေနိုင်ပါတယ်။ အဲဒါအပြင် အဲဒီ့လို အတွေးလွန်တတ်ခြင်းက အကျင့်တခုဖြစ်သွားမယ်၊ အချိန်မီမပြုပြင်ဘူးဆိုရင် စိတ်ထိခိုက်မှုများလာပြီး သင့်ရဲ့ကိုယ်ကျန်းမာရေးကိုပါ ဂရုမစိုက်နိုင်တော့ဘဲ ကိုယ်ကျန်းမာရေးကိုပါထိခိုက်လာစေနိုင်ပါတယ်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။