လူနေမှုဘဝ

လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

စိတ်ပုတ်သူတို့နဲ့ ရင်ဆိုင်ရလျှင် ဘယ်လိုလုပ်မလဲ။

လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ သင်ကြားဖူးမှာပါ။ လူတွေရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး လူအမျိုးမျိုးရယ်လို့ ဖြစ်လာရတာပါ။ သင်ဘယ်လောက် အနိုင်ယူယူ အပြုံးမပျက်တုံ့ပြန်တဲ့သူမျိုးလား၊ သင်ကမှန်အောင်နေပါရက်နဲ့ သင့်ကိုမှ မဟုတ်တမ်းတရားတွေပြောပြီး စွပ်စွဲတတ်သူမျိုးလား၊ သင်အဆင်မပြေချိန်မှာတော့ သင့်ကိုအရမ်းသနားပြနေပြီး သင်တိုးတက်အောင်မြင်လာတော့ မနာလိုခြင်းတွေနဲ့အတူ သင့်ကို မုဒိတာမပွားနိုင်ဘဲ သင့်အနားက ဆုတ်ခွာသွားတဲ့သူမျိုးလား စသည်ဖြင့် လူတွေရဲ့စိတ်ထားပေါ်မူတည်ပြီး လူအမျိုးမျိုးရယ်လို့ဖြစ်လာရတာပါ။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အခြားသူများဆီက Respect လိုချင်လျှင်

ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ “အချင်းချင်း respect ရှိဖို့လိုတယ်…..” ဆိုတဲ့စကားက မကြာခဏကြားဖူးနေကျဖြစ်မှာပါ။အကြမ်းအားဖြင့် လူကြီးသူမတွေနဲ့ဖြစ်ဖြစ်၊ ကိုယ်ရဲ့အထက်လူကြီးနဲ့ဖြစ်ဖြစ်၊ ကိုယ့်ထက် အသက်အရွယ်အရ၊ ဝါအရ ကြီးတဲ့သူမျိုးဆိုရင် လေးစားစွာဆက်ဆံတတ်ရပါတယ်။အမှန်တော့ ရွယ်တူချင်းလည်း လေးစားမှုထားသင့်ပါတယ်။ ကိုယ်တိုင်က လေးစားသင့်တဲ့သူတွေကို လေးစားစွာဆက်ဆံတတ်သလိုပဲ၊ ကိုယ့်ကို အခြားသူတွေက ပြန်ပြီး လေးစားမှုထားတာမျိုးကို လူတိုင်းကလိုချင်တတ်ကြပါတယ်။ အဲဒါကြောင့် ကိုယ့်ကို အခြားသူများလေးစားအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာလေးကို ဖော်ပြပေးချင်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ကျန်းမာရေးနှင့်ပါတ်သက်သောအရာများသည် ရှက်စရာမဟုတ်ပါ။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့စကားလိုပါပဲ ကျန်းမာမှသာ ကိုယ်သွားတိုင်းစိတ်ပါ၊ ကိုယ်လုပ်ချင်တာတွေကို လုပ်လို့ရမှာပါ။ မကျန်းမာရင်တော့ စိတ်ကသာ ရှိပေမယ့် ကိုယ်ကမလိုက်နိုင်ဘဲ ကိုယ့်ကိုကိုယ်အားမရဘဲ စိတ်တိုဒေါသထွက်ရတာ တစ်ဒုက္ခဖြစ်ရပြန်ပါတယ်။ ကျန်းမာရေးကိုလည်း ငွေနဲ့ဝယ်မရနိုင်ပါဘူးနော်။ အဲဒါကြောင့်ကျန်းမာခြင်းက လာဘ်တစ်ပါးလို့ပြောကြတာပါ။ ဒါပေမယ့် ကျန်းမာရေးက အရေးအင်မတန်ကြီးလှမှန်းသိကြပေမယ့် တစ်ခါတစ်လေကျတော့ မရှက်သင့်ဘဲ ရှက်တတ်ကြတဲ့မြန်မာလူမျိုးတွေမှာ မဖြစ်သင့်တာတွေလည်း ဖြစ်တတ်ကြပါတယ်။ ရှက်ရှက်နဲ့ဖုံးကွယ်ထားတတ်ကြလို့ အချိန်လွန်မှ သိပြီး အသက်ရှုံးဆုံးကြတာမျိုးတွေတောင် ရှိပါတယ်။ အဲဒါကြောင့် ကျန်းမာရေးနဲ့ပတ်သက်လာရင် ရှက်စရာမဟုတ်ပါဘူးဆိုတဲ့အကြောင်း ဒီဆောင်းပါးလေးနဲ့ဖော်ပြလိုက်ရပါတယ်။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ကျွန်တော်မချေတတ်ပါဘူး။

လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ဓါတ်တွေ၊ ခံယူချက်တွေ၊ အတွေးအခေါ်တွေ အမျိုးမျိုး ကိုယ်စီရှိတတ်ကြပါတယ်။ ပွင့်လင်းလာတဲ့ အခုခေတ်ကြီးမှာ ကိုယ့်ဘဝသည်ကိုယ်ပိုင်တာမို့ ကိုယ်ကြိုက်တာလုပ်ခွင့်ရှိတယ် ဆိုတဲ့ ခံယူချက်တွေ ရှိလာကြပါပြီ။ ထိုအတွေးအခေါ်ကလည်း အတိုင်းအတာ တစ်ခုထိ တကယ်ကောင်းတယ်လို့ ထင်ပါတယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အခြားသူများ ကောင်းမှုတွေ များများလုပ်အောင် ဘယ်လိုတိုက်တွန်းမလဲ။

ပရဟိတဆိုတာ အထူးတလည်ကြီး ငွေတွေအများကြီးနဲ့ လူတွေအများကြီးကို ပေးဆပ်လှူဒါန်း၊ အလှူအတန်းအကြီးကြီးလုပ်၊ ပွဲတွေနဲ့ စည်ကားအောင် လုပ်တာမျိုးကို ဆိုလိုတာလို့ အက်မင်ကတော့မယူဆပါဘူး။ (အက်မင်တစ်ယောက်တည်းရဲ့အယူအဆပါနော်) ပရဟိတဆိုတာ ကိုယ်နိုင်သလောက်လေးနဲ့လည်း အခြားသူများအတွက် အခြားသူများအကျိုးရှိမယ့်ကိစ္စ (အကြီးအသေးမခွဲခြားဘဲ) မျိုးလုပ်ပေးချင်စိတ်ရှိတာ၊ လုပ်ပေးတာမျိုးကို ခေါ်တယ်လို့ ယူဆပါတယ်။ ငွေတွေအများကြီးရှိမှ၊ ဖောင်ဒေးရှင်းကြီးရှိမှ၊ လူတွေအများကြီးပါမှ လုပ်နိုင်တာမျိုးကို မဆိုလိုပါဘူးနော်။ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ….ကိုယ်တွေကြောင့် အခြားမပြည့်စုံ၊ လိုအပ်နေသူတွေ လိုအပ်နေတာလေး တခုခုရသွားစေချင်တဲ့စိတ်ကိုလည်း ပရဟိတစိတ်လို့ ခေါ်နိုင်တာပါပဲ။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ခရီးသွားတုန်း ဘာပညာတွေ သင်ယူကြမလဲ။

ခရီးသွားခြင်းက လူရောစိတ်ပါ လန်းဆန်းစေနိုင်သလို အခြားသောကောင်းကျိုးတွေလည်း အများကြီး ရနိုင်ပါတယ်။ အဲဒါအပြင် ခရီးသွားခြင်းကြောင့်ယူတတ်မယ်ဆိုရင် ဘဝသင်ခန်းစာတွေလည်း အများကြီး ရနိုင်ပါသေးတယ်။ ခရီးသွားခြင်းကြောင့် သင်ယူနိုင်တဲ့အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

တိရိစ္ဆာန်လေးတွေ ချစ်တတ်မှ ဘဝထဲ ဝင်လာခဲ့ပါ။

အိမ်မွေးတိရိစ္ဆာန်ဆိုတာက မချစ်တတ်၊ တန်ဖိုးမထားတတ်တဲ့သူအတွက်တော့ အရမ်းစိတ်ညစ်စရာအဖြစ်မြင်ကြမှာပါ။ ဒါပေမယ့် ချစ်တတ်တဲ့သူတွေအတွက်ကတော့ သူတို့လေးတွေကို ဂရုတစိုက်ရှိနေရတာကပဲ ဘဝရဲ့ သာယာခြင်းတစ်မျိုးပါပဲ။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, လူနေမှုဘဝ

မိန်းမလိုက်စားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော မကောင်းသည့်အကျိုုးဆက်များ

မိန်းမလိုက်စားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေကတော့ အများကြီးဖြစ်နိုင်ပါတယ်။ အဲဒီ့အထဲကမှ အဓိက ထိခိုက်မှာက ကာယကံရှင်ကိုယ်တိုင်နဲ့ သူရဲ့မိသားစုက အဓိကပါပဲ။

ကျန်းမာရေး လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

မိမိပါတ်ဝန်းကျင်သာယာလှပစေဖို့။

အက်မင်တို့ရဲ့ကမ္ဘာကြီးက တဖြေးဖြေးပျက်စီးယိုယွင်းလာလို့ ရာသီဥတုတွေလည်း ဖောက်ပြန်နေပါတယ်။ လူသားတွေကသာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အလေးမထားဘူးဆိုရင် ဒီထက်ပိုပြီး ဆိုးဝါးဖို့သာရှိပါတော့တယ်။ အဲဒါကြောင့် လူတစ်ဦးချင်း တစ်ယောက်ချင်းကသာ မိမိတို့ရဲ့ပတ်ဝန်းကျင်ကို အလေးထားပြီး ကိုယ်တတ်နိုင်သလောက် ထိန်းသိမ်းကြမယ်ဆိုရင် ဆိုးဝါးတဲ့အခြေအနေကတော့ ပိုမဆိုးလာဖို့ ထိန်းသိမ်းထားနိုင်မှာပါ။ အဲဒါကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ သေးသေးလေးတွေကနေ စလုပ်ကြည့်ကြရအောင်ပါ။ #Bawa101

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ကိုယ့်ကို အခြားသူတစ်ယောက်က တန်ဖိုးထားအောင် ဘယ်လိုနေထိုင်ရမလဲ။

လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိကြပါတယ်။ လူတိုင်းကလည်း သူတို့ကို အခြားသူများက တန်ဖိုးထား၊ အသိအမှတ်ပြုမှုကို လိုချင်ကြတာချည်းပါပဲ။ အဲဒါကြောင့် ကိုယ့်ကိုအခြားသူများက တန်ဖိုးထားအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတဲ့ဆောင်းပါးလေးကိုဖော်ပြလိုက်ပါတယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အလုပ်ကြိုးစားတိုင်း အောင်မြင်တာမဟုတ်ပါဘူး။ အောင်မြင်သူတိုင်းတော့ အလုပ်ကြိုးစားကြပါတယ်။

“ သူဌေးဖြစ်ချင် ထီမထိုးပါနဲ့….အလုပ်ကြိုးစားပါ” ဆိုတဲ့စာသားလေးကို တစ်ချို့က အလုပ်ကြိုးစားတိုင်း သူဌေးဖြစ်တာမဟုတ်ဘူးလို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ အလုပ်ကြိုးစားတိုင်း သူဌေးမဖြစ်နိုင်ပါဘူး၊ ဒါဆိုရင် အလုပ်မကြိုးစားဘဲ နေရင်ကော…..လို့မေးစရာရှိပါတယ်။ ပိုဆိုးတာပေါ့။ အလုပ်ကြိုးစားတာတောင် သူဌေးဖြစ်ချင်မှဖြစ်တာဆိုရင် လုံးဝအလုပ်မကြိုးစားရင် ဘယ်လိုလုပ် သူဌေးဖြစ်ဖို့ လမ်းစရှိပါ့တော့မလဲ။ ပိုတောင် ဝေးသွားတော့တာပါပဲ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

စကားစမြည်ပြောရန် ခေါင်းစဉ်များ

ခင်မင်တဲ့လူချင်း တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံကြတဲ့အခါ အပြန်အလှန် စတင်နှုတ်ဆက်တတ်ကြပါတယ်။ ဒါပေမယ့် ထိုကဲ့သို့ နှုတ်ဆက်တဲ့စကားမှာတင် လူတစ်ဦးနဲ့တစ်ဦး ပြောသင့်တဲ့စကားနဲ့ မပြောသင့်တဲ့စကားဆိုတာမျိုးရှိပါတယ်။ တစ်ချို့တွေက မနှုတ်ဆက်တတ်တာနဲ့တင် တစ်ဖက်လူကို စော်ကားနေသလိုမျိုး၊ ဒါမှမဟုတ် တစ်ဖက်လူက စိတ်ခုသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် စကားစမြည်ပြောဖို့ရန်အတွက် ပြောသင့်တဲ့စကားလေးတွေ ဖော်ပြပေးလိုက်ပါတယ်။#Bawa101

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။