ကျန်းမာရေး

ကျန်းမာရေး

ကျန်းမာရေး, အစားအစာ

ဝိုင်သောက်ခြင်း၏ အကျိုးကျေးဇူးများ

ဝိုင်သောက်ပြီး ပျော်ရွှင်စရာအချိန်လေးတွေဖန်တီးနိင်တယ်ဆိုတာ ငြင်းစရာတော့မရှိပါဘူးနော်။ အဲဒါရဲ့နောက်ဆက်တွဲ ကောင်းကျိုးတွေလည်း အများကြီး ရှိပါသေးတယ်။ ကျန်းမာရေးအတွက် ဘာကြောင့် ဝိုင်သောက်သင့်သလဲဆိုတာ သိရအောင် အောက်ကအချက်လေးတွေဆက်ဖတ်ကြည့်လိုက်ပါအုံး။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, လူနေမှုဘဝ

စိတ်ပူခြင်းကြောင့် ဘာမှဖြစ်မလာနိုင်ပါ။

လူတိုင်းပူပန်ဖူးကြမယ်ထင်ပါတယ်။ တစ်စုံတစ်ခုအတွက် ပူပန်ခြင်းက လူတိုင်းနဲ့မကင်းနိုင်တဲ့အရာတစ်ခုဖြစ်မယ်ထင်ပါတယ်။ အလုပ်မှာအဆင်ပြေပါ့မလား……..စာမေးပွဲအောင်ပါ့မလား၊ အင်တာဗျူးအောင်ပါ့မလား၊ ငွေကြေးကိစ္စ အဆင်ပြေပါ့မလား။ စသည်ဖြင့် လူတိုင်းမှာ ပူပန်မှုကိုယ်စီနဲ့ပါပဲ။ ဒါပေမယ့် ပူပန်ခြင်းကြောင့် ဆိုကျိုးတွေသာဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေသာမက ရုပ်ပိုင်းဆိုင်ရာအရလည်း ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒီ့တော့ စိတ်ပူတတ်တဲ့အကျင့်လေးတွေကို အတတ်နိုင်ဆုံးလျော့ကျအောင်နေနိုင်တာအကောင်းဆုံးပါ။ စိတ်ပူတတ်တဲ့အကျင့်ကြောင့် ဘာတွေဖြစ်လာနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

ကျန်းမာရေး လူနေမှုဘဝ

ကျန်းမာရေး, လူနေမှုဘဝ, ကိုးကားစာများ

အရက်ကို ရုပ်ပျက်ဆင်းပျက်မမူးရအောင် ဘယ်လိုသောက်ကြမလဲ။

မြောက်အမေရိကန်တွေနဲ့ ကမ္ဘာတစ်ဝန်းမှာ အရက်သောက်ခြင်းဆိုတာ ယဉ်ကျေးမှုတစ်ရပ်လို သောက်သုံးလာကြပါတယ်။ အရက်သောက်တဲ့အခါ တန်ဆေးလွန်ဘေးဆိုသလို သောက်တတ်ရင်ဆေးလိုဖြစ်ပြီး မသောက်တတ်ရင်တော့ ဘေးဖြစ်နိုင်ပါတယ်။

ကျန်းမာရေး လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ

ကြက်မောက်သီး၏ အကျိုးကျေးဇူးများ

တော်တော်များများကတော့ ကြက်မောက်သီးရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်မှုကို သိပ်သိကြမယ်မထင်ပါဘူးနော်။ ကြက်မောက်သီးဟာ ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်နိုင်လဲဆိုတာလေး ပြောပြပေးချင်ပါတယ်။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, လူနေမှုဘဝ

ကိုယ်ဝန်ဆောင်စဉ် သတိထားသင့်သော အချက်များ

ယောကျာ်းဖောင်စီး မိန်းမမီးနေ…..ဆိုတဲ့စကားက အလကားမဟုတ်ပါဘူးနော်။ မိန်းမတစ်ယောက်အတွက် မီးဖွားချိန်ဟာ အရေးကြီးဆုံးအချိန်ဖြစ်တယ်ဆိုတာကို ဒီစကားကနေ သိနိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့အသက်နဲ့ရင်းပြီး နောင်အနာဂတ်အတွက် မျိုးဆက်သစ်တွေကို မွေးဖွားပေးဖို့တာဝန်ယူရပါတယ်။ ထိုအနာဂတ်မျိုးဆက်သစ်တွေကို အကောင်းဆုံးသူရဲကောင်းတွေဖြစ်ဖို့ တာဝန်ယူရပြန်ပါတယ်။ အဲဒါကြောင့် အမျိုးသမီးအတွက် မီးဖွားချိန်ဟာ အသက်နဲ့အမျှ အရေးကြီးပါတယ်။ ဒါတင်မကသေးပါဘူး မီးဖွားခါနီးအချိန်ကျမှ အမျိုးသမီးတစ်ယောက်ကို ဂရုစိုက်နေလို့မဖြစ်ပါဘူး။ ကိုယ်ဝန်စပြီး သန္ဓေတည်ကတည်းက ဂရုစိုက်သင့်တာပါ။ သန္ဓေသားလောင်းဟာ အမေရဲ့ဝမ်းဗိုက်ထဲမှာ စတင်ဖွံ့ဖြိုးကတည်းက ဂရုတစိုက်ရှိသင့်တာပါ။ အဲဒါမှသာ ဉာဏ်ရည်ထက်မြက်သော၊ ကိုယ်လက်အင်္ဂါစုံလင်သန်စွမ်းသော ကလေးသူငယ်လေးတွေမွေးဖွားနိုင်မှာပါ။ ထိုမှတဆင့် ကျန်းမာသော သားကောင်းသမီးကောင်းလေးတွေ ဖြစ်လာအောင် ပျိုးထောင်ပေးရတာပါ။ ကဲ…..အဲဒါဆိုရင်တော့ မီးဖွားချိန်တင်အရေးကြီးတာမဟုတ်ဘဲ သန္ဓေတည်စမှာတင် အရေးကြီး ဂရုစိုက်သင့်တာသိဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်ရှောင်ရန်လေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။ ၁) စိတ်ဖိစီးမှုကို သတိထားပါ။ ၂) အာဟာရပြည့်ဝအောင် စားသုံးသင့်ပါတယ်။ ၃) အိပ်ရေးပျက်မခံပါနဲ့ ၄) ကိုယ်ဝန်ဆောင် အားဆေး၊ သံဓာတ်အားဆေး၊ ဖော်လစ်အက်ဆစ်သောက်ပါ။ ၅) သတ်မှတ်ထားသော ကာကွယ်ဆေးတွေ ပြည့်ဝအောင် ထိုးထားပါ။ ၆) လမ်းလျှောက်ပါ။ ၇) တရားထိုင်၊ ဘုရားရှိခိုးပြီး စိတ်ကိုတည်ငြိမ်ပါစေ။ ၈) အလေးအပင် မ ခြင်းရှောင်ပါ။ ၉) သေချာကျိုမချက်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ သေချာမချက်ပြုတ်ထားတဲ့ အသား၊ ငါး၊ တွေကို ရှောင်ပါ။ ၁၀) ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေကို ရှောင်ပါ။ (လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်၊ energy drink များ) ၁၁) အရက်၊ ဘီယာ၊ ဝိုင် ရှောင်ပါ။ ၁၂) ဆေးလိပ်ငွေ့ကို အတတ်နိုင်ဆုံးရှောင်ပါ။ ၁၃) ဆေးဝါးများကို ထင်သလိုမသောက်သုံးသင့်ပါ။ (အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေးတွေ) ၁၄) ဗီတာမင် ဒီ လိုအပ်ပါတယ်။ (ထောပတ်၊ နို့နဲ့ ဒိန်ချဉ်၊ ဝက်သား၊ ကြက်ဥ၊ cod liver oil ၊ ထရောက်ငါးကဲ့သို့အဆီများသောငါး မျိုးစားသင့်ပါတယ်) အထက်ကအချက်လေးတွေကိုမှတ်ထားပြီး ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားလိုက်ခြင်းက ကျန်းမာသန်စွမ်းသော သားသမီးရတနာလေးတွေ ပိုင်ဆိုင်နိုင်မှာပါ။ အားလုံးပဲ ကျန်းမာသန်စွမ်းသော သားသမီးရတနာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ #BAWA101

ကျန်းမာရေး လူနေမှုဘဝ

ကျန်းမာရေး, လူနေမှုဘဝ

ဓမ္မတာ ရာသီလာခြင်း သည် ရှက်စရာမဟုတ်ပါ။

သိပ္ပံနဲ့ဆေးပညာမထွန်းကားခင်တုန်းကတော့ ရာသီလာခြင်းကို မကောင်းသောကိစ္စရပ်ကြီးတစ်ခုလို အမျိုးသမီးတွေကိုနှိမ့်ချဆက်ဆံတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း တစ်ချို့သော အယူကြီးသူတွေက ဒီကိစ္စကြီးက မနှစ်မြို့ဖွယ်ရာ ကိစ္စရပ်ကြီးတစ်ခုလိုမျိုး ဖယ်ကျဉ်ထားတတ်ကြပါတယ်။ ဒါ့အပြင် ဒီလိုကိစ္စမျိုးကို ထုတ်ဖော်ပြောတာကို ဟန့်တားတတ်ကြပါသေးတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက်ကို ဘုန်းကံနိမ့်လို့ပါဆိုတဲ့ အတွေးအခေါ်မျိုးတွေနဲ့လည်း ရှုံ့ချတတ်ကြပါသေးတယ်။ တကယ်တော့ အဲဒါဟာ မှားယွင်းတဲ့အယူအဆတွေဖြစ်ပါတယ်။

ကျန်းမာရေး လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ

ကန်စွန်းဥစားခြင်းရဲ့အကျိုးကျေးဇူးများ

ကန်စွန်းဥကို လူတိုင်းစားဖူးကြမှာပါ။ ကန်စွန်းဥကနေ ဘာအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာလေး သိအောင်ပြောပြပေးချင်ပါတယ်။ ၁) အစာခြေစနစ်ကို ကောင်းမွန်စေခြင်း ၂) ခုခံနိုင်စွမ်းကို တိုးစေခြင်း ၃) ပေါင်ချိန်ထိန်းပေးနိုင်ခြင်း ၄) ခန္ဓာကိုယ်မှ ရေဓာတ်ခမ်းခြောက်ခြင်းကို ကူညီပေးနိုင်ခြင်း ၅) အစာအိမ်နာခြင်းနှင့် ရောင်ခြင်းကို ကုသပေးဖို့ ကူညီပေးနိုင်ခြင်း ၆) လည်ချောင်းနာခြင်းကို ကူညီပေးနိုင်ခြင်း ၇) အဆစ်ရောင်ရောဂါများကို ကာကွယ်ဖို့ ကူညီပေးနိုင်ခြင်း ၈) ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ဖို့ ကူညီပေးနိုင်ခြင်း ၉) အမြင်အာရုံတိုးတက်ဖို့ ကူညီနိုင်ခြင်း ၁၀) ကြွက်တက်ခြင်း နှင့် ထိခိုက်ဒဏ်ရာရခြင်းများကို ကာကွယ်ဖို့ ကူညီနိုင်ခြင်း ၁၁) နှလုံးရောဂါကို ကာကွယ်ဖို့ ကူညီနိုင်ခြင်း ၁၂) အဆုတ်ရဲ့လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်ဖို့ ကူညီပေးခြင်း ၁၃) သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ့ပေးနိုင်ခြင်း ဒီလောက်ဆိုရင်တော့ ကန်စွန်းဥစားခြင်းဖြင့် ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကို သိလောက်ပြီထင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို အစားများသွားမျိုးဆိုရင် ဘယ်အရာမဆို ဘေးဖြစ်နိုင်တာတော့ သတိပြုစေချင်ပါတယ်။ ဘယ်အရာမဆိုအလွန်အကျွံ့ဖြစ်ရင်တော့ ဘာမှကောင်းကျိုးမရှိပါဘူးနော်။ အားလုံးပဲကျန်းမာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ #BAWA101

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

တရားမဝင်ဆေးသုံးစွဲခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ။ (မိသားစု၊ ပတ်ဝန်းကျင်အပေါ်သက်ရောက်နိုင်သောဆိုးကျိုးများ)

ဒီနေ့ခေတ်မှာ လူနေမှုအဆင့်အတန်းတွေက ပိုပြီးမြင့်မားလာပါပြီ။ မြင့်မားလာတဲ့လူနေမှုကြောင့် လိုချင်တပ်မက်စရာတွေလည်း မကုန်နိုင်အောင် ဈေးကွက်ထဲမှာတွေ့မြင်နေရပါတယ်။ လိုချင်မှုတွေနောက်ကိုလိုက်ဖို့အတွက် နေ့စဉ်ဘဝမှာ အသည်းအသန်လိုက်မှီအောင် ကြိုးစားလာကြပါတယ်။ ထိုအခါမှာ မှီနိုင်ရင်တော့ ကောင်းပါရဲ့၊ မမှီနိုင်တဲ့အခါမှာတော့ depression ဝင်လာတာမျိုးတွေ ဖြစ်လာရပါတော့တယ်။ အဲဒီ့အခါမှာ လူရဲ့အသိဉာဏ်ထိန်းချုပ်မှုအလျောက် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်း အနည်းအများပေါ်မူတည်ပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းကွာခြားလာပါတော့တယ်။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အရက်စွဲခြင်းကြောင့် ဖြစ်လာနိုင်သောဆိုးကျိုးများ

ဒီနေ့ခေတ်မှာ social drinking ဆိုတဲ့အသုံးအနှုန်းက ပေါများစွာသုံးလာကြပါတယ်။ လူမှုရေးအရ ဘီယာသောက်ခြင်း၊ အရက်သောက်ခြင်းက သိပ်ပြီး ကိစ္စမရှိပေမယ့် မိုးလင်းကတည်းက အရက်သောက်ဖို့တွေးနေပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဘီယာလောက်သောက်တာ အရက်သောက်တာမှမဟုတ်တာဆိုတဲ့ အတွေးအခေါ်တွေနဲ့ ဘီယာကို အအေးဘူးဖောက်သောက်သလို ခွန်အားဖြည့်အချိုရည်သောက်သလို သောက်ချင်စိတ်ပေါ်လာတိုင်းသောက်မယ်ဆိုရင်တော့ အဲဒါဟာ ရေရှည်အတွက် ပြဿာနာအကြီးကြီးဖြစ်သွားပါပြီ။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ

နဂါးမောက်သီးစားခြင်းရဲ့အကျိုး

နဂါးမောက်သီးကို ဘာကြောင့်စားသုံးသင့်သလဲဆိုရင် နဂါးမောက်သီးမှာ ကျန်းမာရေးနဲ့ပတ်သတ်တဲ့အာဟာရတွေအများကြီး ပါဝင်နေလို့ပါ။ ကျန်းမာရေးနဲ့ ညီညွှတ်စေတဲ့အပြင် အရွယ်တင်နုပျိုစေနိုင်ပါသေးတယ်။ အသီးအရွက်စားဖို့ ကြောက်တတ်တဲ့ ကလေးငယ်တွေကိုလည်း အစားလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို ကျွေးလို့ရပါသေးတယ်။ ကဲ….နဂါးမောက်သီးရဲ့ အကျိုးကျေးဇူးတွေကို ဖတ်ကြည့်လိုက်တော့နော်။ ၁) ကိုလက်စထရောကို လျော့နည်းစေခြင်း ၂) သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေခြင်း ၃) နှလုံးသွေးကြောနဲ့ဆိုင်သောရောဂါတွေကို လျော့ကျစေဖို့ကူညီပေးနိုင်ခြင်း ၄) အသီးထဲမှာ အမျှင်ဓာတ်များစွာပါဝင်မှုကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေခြင်း ၅) အရိုးအဆစ်သန်မာစေသော ပိုတက်ဆီယမ်နဲ့ ကယ်လဆီယမ်တွေကြွယ်ဝစွာပါဝင်ခြင်း ၆) ပိုတက်ဆီယမ်ဓာတ်ကပဲ နှလုံးနဲ့ ကျောက်ကပ်ကို အားကောင်းဖို့ကူညီပေးခြင်း ၇) ဓာတ်တိုးဆန့်ကျင် အာနိသင် (antioxidant) နှင့် vitamin C ပါဝင်မှုကြောင့် ကိုယ်ခံအားကိုကောင်းစေခြင်း ၈) အသီးထဲမှာပါသော "ကယ်ရိုတင်း" ကလည်း ကင်ဆာဖြစ်စေမည့် ကာဆီနိုဂျင်တွေကို တိုက်ဖျက်ပေးတာကြောင့် ကင်ဆာ အကျိတ်တွေကို သေးသွားအောင် ကူညီပေးနိုင်ခြင်း ၉)အမြင်အာရုံတိုးတက်ကောင်းမွန်စေဖို့ ကူညီပေးနိုင်ခြင်း ၁၀) တုတ်ကွေးရောဂါသည်တွေကို ကုသရာတွင် အကူအညီပေးနိုင်ခြင်း ၁၁) အရွယ်တင်နုပျိုစေနိုင်ခြင်း ၁၂) ဝိတ်ကျစေနိုင်ခြင်း အခုလောက်ဆိုရင်တော့ နဂါးမောက်သီးရဲ့အကျိုးကျေးဇူးလေးတွေ သိသွားလောက်ပါပြီနော်။ အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ။ #BAWA101

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ

University ကျောင်းသားများအတွက် ကျန်းမာရေး အကြုံပြုချက်များ

တစ်ချို့သော တက္ကသိုလ်ကျောင်းသားတွေက မိဘမောင်နှမနဲ့ခွဲပြီး အဝေးတစ်နေရာမှာ ကျောင်းသွားတက်ကြတာမျိုးရှိပါတယ်။ အဲဒီ့အခါ ကိုယ့်ကို အရေးတယူဂရုစိုက်ပေးမယ့် မိဘဆွေမျိုးနဲ့ မနီးစပ်တဲ့အတွက် ကိုယ့်ကိုကိုယ်သာ အစစဂရုစိုက်ကြရပါတယ်။ အဲဒါကြောင့် မိဘနဲ့အဝေးမှာရောက်နေရမယ့် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ပင်ပန်းလွန်းတဲ့မိခင်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစောင့်ရှောက်မလဲ။

မိခင်ဘဝဆိုတာ အလွန်ခက်ခဲပင်ပန်းပြီး ကမ္ဘာပေါ်မှာ အားအင်ကုန်ခန်းခြေကုန်လက်ပန်းကျရဆုံးအလုပ်ပါ။ အဲဒါကို နားလည်နိုင်ရင်တောင်မှ တကယ်ခံစားရတဲ့သူထက်ပိုပြီး မသိနိုင်ပါဘူး။ မိခင်တွေသာ သိနိုင်တဲ့ကိစ္စမျိုးပါ။ အဲဒါကြောင့် သင့်ရဲ့ဒီနေ့ကော၊ မနက်ဖြန်ကော အခြားသောနေ့ရက်တွေတိုင်းမှာ အနားမယူဘဲ အမြဲခြေကုန်လက်ပန်းကျလောက်အောင် ပင်ပန်းနေလို့မရပါဘူး။ မိခင်ဘဝက နေ့တိုင်းပင်ပန်းရမှာဖြစ်သလို ကိုယ့်ကိုကိုယ်အပန်းဖြေဖို့အချိန်လည်း တဖန်ပြန်ပေးသင့်ပါသေးတယ်။ မိခင်ဘဝမှာ အကောင်းဆုံးအနားယူနိုင်မယ့် အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ၁) အိပ်ရေးဝအောင်အိပ်ပါ။ အနည်းဆုံး တစ်နေ့ကို ၇နာရီအိပ်ချိန်ပြည့်အောင်တော့ အိပ်ပါ။ အိပ်ချိန်ကို ပုံမှန်ဖြစ်စေတာက ပိုကောင်းပါတယ်။ ရက်သား၊ လသားနဲ့ ကလေးငယ်လေးတွေကို ပြုစုရတဲ့မေမေတွေကတော့ အိပ်ချိန်ပုံမှန်မဖြစ်နိုင်တော့ဘဲ ကလေးအိပ်တာနဲ့ မိခင်ကပါ အနားယူအိပ်စက်တာ မိခင်အတွက်အကောင်းဆုံးပါ။ ၂) အစာအာဟာရပြည့်ဝအောင် စားပါ။ သင့်ခန္ဓာကိုယ်မှာ အာဟာရနဲ့ပြည့်ဝနေဖို့လိုပါတယ်။ သင့်ရဲ့နေ့ရက်တွေမှာ အားအင်အပြည့်နဲ့ ဖြစ်နေစေဖို့ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်ပါတာတွေ စားသုံးပေးပါ။ နို့တိုက်မိခင်တွေဆိုရင် မိခင်ရဲ့နို့ရည်ကတဆင့် ကလေးဆီ အာဟာရဓာတ်တွေရောက်မှ ကလေးက အာဟာရနဲ့ပြည့်ဝမှာမို့ နို့်တိုက်မိခင်တွေ အာဟာရပြည့်ဝအောင် စားသုံးဖို့လိုပါတယ်။ ၃) လေ့ကျင့်ခန်းလုပ်ပါ။ မိခင်တွေက တစ်မိသားစုလုံးအတွက် နေ့မအားညမအား အချိန်ပြည့်ဖြည့်ဆည်းပေးရပေမယ့် သူတို့ကိုယ်တိုင်အတွက်တော့ တကူးတကအချိန်ပေးတာမျိုးမရှိတတ်ကြပါဘူး။ အဲဒါကြောင့် မိခင်တွေက လေ့ကျင့်ခန်းလုပ်ဖို့အချိန်သပ်သပ်လုပ်ပြီး အရမ်းပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးမဟုတ်ရင်တော့ အသေးဆုံးလေ့ကျင့်ခန်းက စလုပ်ကြည့်ပါ။ အဲဒါက သင့်ကို ပိုပြီး ကျန်းမာနုပျိုလာစေမှာပါ။ သတိထားရမှာတော့ ကလေးမွေးပြီးကာစ မေမေတွေကတော့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုံးဝမလုပ်သင့်သေးပါဘူးနော်။ ၄) မနှိုင်းယှဉ်ပါနဲ့။ ဘယ်သူနဲ့မှ မနှိုင်းယှဉ်မိပါစေနဲ့။ နှိုှု်င်းယှဉ်မိခြင်းက သင့်ကိုသင် စိတ်ဓာတ်ကျစေသလို မကောင်းမြင်တဲ့အမြင်၊ သိမ်ငယ်စိတ်တွေပါ ဖြစ်လာစေပါတယ်။ အထူးသဖြင့် လူမှုကွန်ယက်ပေါ်မှာ တင်သမျှ မိခင်ဘဝတွေကို လိုက်ကြည့်ပြီး အားကျရင်း သူတို့နဲ့ကိုယ့်ဘဝကိုနှိုင်းယှဉ်မိလာတတ်ပါတယ်။ အဲဒါက အရမ်းကို ဆိုးဝါးတဲ့စိတ်ဓာတ်ကျဆင်းခြင်းကိုတောင် ဖြစ်လာစေနိုင်ပါတယ်။ လူတိုင်းက ကိုယ့်ဘဝအခြေအနေနဲ့ကိုယ် ပျော်အောင်နေတာသာအကောင်းဆုံးပါ။ သူများဘဝနဲ့ကိုယ့်ဘဝကဘယ်လိုမှမတူနိုင်ပါဘူး။ ကိုယ်ရောက်နေတဲ့ဘဝမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ဖို့သာလိုတာပါ။ ၅) သင်ချစ်တဲ့အရာတွေကို လုပ်ဆောင်ပါ။ သင့်ရဲ့အားလပ်ချိန်မရှိရှိတဲ့ကြားက ရသလောက်အချိန်လေးမှာ သင်ချစ်တဲ့အရာလေးတွေ ဖန်တီးတာမျိုး၊ သင်လုပ်ချင်နေတာလေးတွေ လုပ်ဆောင်တာမျိုးက သင့်ကို ပျော်ရွှင်စေပါတယ်။ ၆) သင့်ကိုသင်အလိုလိုက်ပါ။ ရေချိုးပြီး လန်းဆန်းစွာနေပါ။ စာဖတ်ချင်ရင် စာဖတ်ပါ။ အနားယူချင်ရင် အနားယူပစ်လိုက်ပါ။ သင့်ကိုသင်သက်တောင့်သက်သာရှိတဲ့အချိန်လေးပေးပါ။ သင့်စိတ်တွေပြန်ပြီး လန်းဆန်းစေဖို ပိုက်ဆံတွေအများကြီးရှိစရာမလိုပါဘူး၊ အနားယူဖို့ပဲလိုတာပါ။ ၇) အကူအညီတောင်းဖို့ မခဲယဉ်းပါစေနဲ့။ စိတ်ပိုင်းဆိုင်ရာအရပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာအရပဲဖြစ်ဖြစ် အကူအညီလိုအပ်တဲ့အခါ တောင်းဆိုဖို့ ဝန်မလေးပါနဲ့ ။ လေ့လာတွေ့ရှိချက်တွေအရ အမေတွေက မိသားစုကအကူအညီတောင်းရင်သာ အပြည့်အဝကူညီပေးတတ်ပြီး သူတို့အတွက်ကျတော့ အကူအညီတောင်းဆိုဖို့ကို ဝန်လေးတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေမကောင်းတဲ့အခါကျရင်လည်း ကျွမ်းကျင်တဲ့ဆရာဝန်နဲ့စကားပြော ဆွေးနွေးတာမျိုးလုပ်ပေးပါ။ ရုပ်ပိုင်းဆိုင်ရာအရ အိမ်အလုပ်တွေပုံနေတဲ့အခါမျိုးမှာလည်း ကိုယ့်ရဲ့ဆွေမျိုးအသိုင်းအဝိုင်း၊ မိဘမောင်နှမကို ဝိုင်းကူလုပ်ဖို့ အကူအညီတောင်းပါ။ အဲဒါက ရှက်စရာမဟုတ်ပါဘူး။ ကိုယ်မနိုင်တဲ့ဝန်ကို အမြဲထမ်းခြင်းကသာ ကြာလာတဲ့အခါ သင့်ကိုထိခိုက်စေနိုင်ပါတယ်။ ကိုယ်မလုပ်နိုင်တာကို လုပ်နိုင်တဲ့သူတွေရှိပါတယ်။ ကူညီပေးပါလို့ ပြောရမှာ တာဝန်မကျေတာမဟုတ်ပါဘူးနော်။ ဒီအချက်လေးတွေက ရိုးရိုးလေးတွေနဲ့ တစ်နေ့တာလုံးမှာ ပုံမှန်လေး ကျင့်သုံးသွားရုံနဲ့ မိခင်ဘဝမှာ သက်သောင့်သက်တာဖြစ်စေနိုင်ပါတယ်။ မိခင်ဖြစ်သူမှာ တာဝန်တွေများလှတာကြောင့် နေ့ရက်တိုင်း ဖိစီးပြီး ပင်ပန်းနွမ်းနယ်နေလို့မဖြစ်ပါဘူးနော်။ ကျန်းမာရွှင်လန်းပြီး အမြဲတက်ကြွတဲ့မေမေတွေဖြစ်ကြပါစေ။#BAWA101

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။