ကျန်းမာရေး

ကျန်းမာရေး

ကျန်းမာရေး, လူနေမှုဘဝ

ဘာကြောင့် ရံဖန်ရံခါ စိတ်လွတ်ကိုယ်လွတ် ကသင့်လဲ။

တစ်ခါတစ်ရံမှာ စိတ်လွတ်ကိုယ်လွတ် ကခြင်းက သင့်အတွက် ကျန်းမာရေးအရ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ၁) စိတ်ဖိစီးမှုပြေပျောက်စေခြင်း စိတ်ထဲမှာ အမြဲတင်းကြပ်မှုတွေခံစားရတာများလာပြီဆိုရင်တော့ သေချာပါတယ် သင်စိတ်ဖိစီးနေပါပြီ။ စိတ်ဖိစီးမှုကို ပြေပျောက်စေဖို့ သင်စိတ်လွတ်ကိုယ်လွတ်ကကြည့်သင့်ပါတယ်။ သင့်စိတ်ထဲမှာ တင်းကြပ်သမျှ ပြေပျောက်စေနိုင်တာမို့ သင့်ရဲ့စိတ်ဖိစီးမှုတွေလည်း အဝေးဆုံးပြေးသွားပါလိမ့်မယ်။ ၂) ပြန်လည်နုပျိုမှုကို ခံစားနိုင်ခြင်း ကျွန်တော်တို့ရဲ့အသက်တွေက တစ်နေ့ထက်တစ်နေ့ အိုမင်းလာသလိုခံစားနေရတယ်ဆိုရင် စိတ်လွတ်ကိုယ်လွတ်တစ်ခါလောက်ကကြည့်လိုက်ပါ။ သင့်အသက်ပြန်ငယ်သွားရသလို ခံစားရပါလိမ့်မယ်။ ၃) ကျန်းမာစေခြင်း စိတ်ဖိစီးမှုကင်းသွားပြီဆိုမှတော့ သင်စိတ်ချမ်းသာနိုင်ပါပြီ။ စိတ်ကျန်းမာနေတဲ့နောက်တော့ ကိုယ်ကျန်းမာခြင်းနဲ့တိုက်ရိုက်ပတ်သက်နေတာပါပဲ။ ၄) ပျော်ရွှင်စေခြင်း စိတ်လွတ်ကိုယ်လွတ်ကလိုက်တဲ့နောက်တော့ သင့်အတွက် ရယ်မောပျော်ရွှင်မိမှာ အမှန်ပါပဲနော်။ ၅) မှတ်ဉာဏ်မကောင်းခြင်းမှ ကာကွယ်နိုင်ခြင်း တစ်ပတ်မှာ ၃ခါ (သို့) ၄ခါ ကလေ့ရှိသူဟာ လုံးဝကိုမကသူထက်စာရင် ရူးသွပ်ခြင်းရောဂါဖြစ်ပွားမှုအန္တရာယ်ကနေ ၇၆ရာခိုင်နှုန်းထိတောင် ကာကွယ်ပေးနိုင်ပါတယ်။ ၆) ကယ်လိုရီလောင်ကျွမ်းနိုင်ခြင်း၊ ဝိတ်ကျစေနိုင်ခြင်း စိတ်လွတ်ကိုယ်လွတ်ကလိုက်တဲ့အချိန်မှာ သင့်ရဲ့ ကယ်လိုရီလောင်ကျွမ်းစေနိုင်ပါတယ်။ သင်ကတဲ့အကအမျိုးအစားပေါ်မူတည်ပြီးတော့ ကယ်လိုရီလောင်ကျွမ်းမှုက မတူနိုင်ပါဘူး။ ကယ်လိုရီလောင်ကျွမ်းမှုပမာဏပေါ်မူတည်ပြီး သင့်ခန္ဓာကိုယ်ဝိတ်ကျနိုင်ပါတယ်။ ၇) အရိုးပွရောဂါဖြစ်နိုင်ချေလျော့နည်းစေခြင်း ခန္ဓာကိုယ်ကိုလှုပ်ရမ်းပြီး ကခြင်းက အရိုးသိပ်သည်းမှုကို ကူညီပေးနိုင်တဲ့အတွက် အရိုးပွရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ ကျန်းမာရေးအတွက် ထိရောက်မှုရှိတဲ့ အတွက် ကသင့်တယ်ဆိုတာကို သိသွားလောက်ပြိထင်ပါတယ်နော်။ အားလုံးပဲ ကျန်းမာကြပါစေ။ #BAWA101

ကျန်းမာရေး လူနေမှုဘဝ

ကျန်းမာရေး, လူနေမှုဘဝ

တောင်ပေါ်ဒေသလေးတွင် အသက်ကြီးလာရင် သွားရောက်နေထိုင်သင့်သည့် အချက် ၈ ချက်

သဘာဝရဲ့အသံလှိုင်းတွေက သင့်ရဲ့အာရုံကြောစနစ်ကို ပြေလျော့စေနိုင်ပါတယ်။ သဘာဝတရားနဲ့နီးကပ်စွာနေခြင်းက သွေးဖိအားကိုလျော့ကျစေပြီး ပိုပြီးကျန်းမာစေနိုင်ပါတယ်။ အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာ အသက်ကြီးလာတဲ့အခါ သွားရောက်နေထိုင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတာ အေက်မှာဖော်ပြပေးထားပါတယ်။

ကျန်းမာရေး လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ, ကိုးကားစာများ

လေလည်ကောင်းအောင် ဘာအစားအစာတွေ စားသင့်သလဲ နှင့် လေလည်ခြင်း၏ အကျိုးကျေးဇူးများ။

လေမလည်တဲ့အခါ နေရထိုင်ရခက်တာ ကြုံဖူးကြမှာပါ။ လေလည်ဖို့အတွက်စားသင့်တဲ့အစားအစာတွေကတော့ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ၊ ငှက်ပျောသီး၊ ပန်းသီး၊ မက်မွန်သီး၊ နို့၊ ဒိန်ချဉ်၊ ချိစ်၊ ဂျုံပေါင်မုန့်၊ အုတ်ဂျုံ နှင့် ပဲအမျိုးမျိုး စသည်တို့ဖြစ်ပါတယ်။ လေလည်ခြင်းက ကျန်းမာရေးနဲ့ ဘာကြောင့်ညီညွတ်စေလဲဆိုတာ အောက်ကအချက်လေးတွေ ဖတ်ကြည့်လိုက်ပါအုံး။ ၁) ပြည့်တင်းခြင်းကိုလျော့ကျစေခြင်း အစားအစာတွေကို ပြည့်အင့်နေအောင် စားပြီးတဲ့အခါ သင့်ရဲ့ဝမ်းဗိုက်တစ်ဝိုက်မှာ ပြည့်တင်းမှုကို ခံစားရမှာပါ။ ဂတ်စ်တွေ မထုတ်လွှတ်ခြင်းက အဓိက တရားခံပါပဲ။ အဲဒီ့အခါ သင်နေရထိုင်ရ ကသိကအောက်ဖြစ်နေမှာပါ။ ထိုကဲ့သို့အချိန်မျိုးမှာ လေလည်လိုက်ခြင်းက သင့်ရဲ့ပြည့်တင်းမှုတွေကို ပြေလျော့သွားစေပါတယ်။ ၂) အူမကြီးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခြင်း သင့်ရဲ့အစာအိမ်ထဲမှာ ဂတ်စ်တွေ ပြည့်အင့်နေပြီး လေမလည်ခြင်းက သင့်ကို အူမကြီးနဲ့ဆိုင်တဲ့ကျန်းမာရေးပြ ဿနာတွေဖြစ်ပွားစေနိုင်ပါတယ်။ လေအောင့်တာလိုမျိုး မခံချိမခံသာဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် လေလည်လိုက်ခြင်းအားဖြင့် အူမကြီးဆိုင်ရာပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်စေပါတယ်။ ၃) အူကျန်းမာရေးနဲ့ အူထဲက ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေနိုင်ခြင်း ကာဗွန်ဟိုက်ဒရိုတ်ပါတဲ့အစားအစာတွေက လေလည်စေပါတယ်။ လေလည်စေတဲ့အစားအစာတွေကို မစားဘူးဆိုရင် အူထဲမှာ အစာသယ်ယူစနစ်အတွက်လုပ်ဆောင်ပေးနေတဲ့ ဘက်တီးရီးယားလေးတွေကို မရှင်သန်စေတော့ပါဘူး။ အဲဒါကြောင့် အူလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်ပွားနိုင်ပြီး အစာချေစနစ်ကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ အဲဒါကြောင့် လေလည်တဲ့အစားအစာတွေကို စားသင့်ပြီး လေလည်ခြင်းက အူကျန်းမာရေးနဲ့ အူထဲက ဘက်တီးရီးယားတွေကို ရှင်သန်စေနိုင်ပါတယ်။ ၄) ကျန်းမာရေးကောင်းကြောင်း အချက်ပြခြင်း လေလည်ခြင်းက ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုရှိပါတယ်။ လေလည်တဲ့ပေါ်မူတည်ပြီး သင့်ကျန်းမာရေးအခြေအနေကို ခန့်မှန်းနိုင်ပါသေးတယ်။ လေလည်တဲ့အခါ အနံဆိုးဝါးပြီး ဗိုက်အောင့်တတ်တာမျိုး၊ မကြာခဏအကြိမ်ရေများများဆက်တိုက်လေလည်တာမျိုးက သင့်ရဲ့ကျန်းမာရေးမကောင်းဘူးဆိုတာကို ပြောပြနေတာပါ။ ၅) သင့်ရဲ့အစားအစာကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ မတူညီနိုင်တဲ့ အစားအစာမျိုးစုံက ဂတ်စ်မျိုးစုံက ထုတ်ပေးနိုင်ပါတယ်။ သင့်အူထဲမှာ ဘယ်လိုအစာမျိုးကို လိုအပ်နေသလဲဆိုတာကိုလည်း သင်ခန့်မှန်းနိုင်ပါသေးတယ်။ ဥပမာ၊ သင်က လေလည်တာနည်းနေတယ်ဆိုရင် သင်စားမယ့်အစားအစာထဲမှာ ပဲနီလေး၊ ပဲတောင့်ရှည်၊ ကိုက်လန် စသည်တို့ကို စားဖို့လိုနေပါပြီ။ ၆) သင့်ရဲ့လေလည်တဲ့အနံက သင့်အတွက်ကျန်းမာရေးကောင်းစေနိုင်ပါတယ်။ အမှန်ပါပဲ၊ လေလည်လိုက်တဲ့အခါ ထွက်လာတဲ့ hydrogen sulfide ဓာတ်က သင့်အတွက် နေမကောင်းဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ၇) နေရထိုင်ရသက်သာစေပါတယ်။ ဂတ်စ်တွေအများကြီးကို သင်သယ်ဆောင်ထားရတဲ့အခါ သင့်မှာမအီမသာဖြစ်တတ်ပါတယ်။ သင့်မျက်နှာထားကလည်း ဆိုးဝါးတဲ့သဏ္ဍာန်ဖြစ်နေမှာပါ။ သက်တောင့်သက်သာမရှိ၊ အာရုံစူးစိုက်မှုမရှိဖြစ်ပြီး နေထိုင်ရခက်စေပါတယ်။ လေလည်လိုက်တဲ့အခါ သင့်အတွက် နေထိုင်ရသက်သာသွားစေမှာပါ။ လေလည်ခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးတွေတော့ သိသွားလောက်ပါပြီနော်။ https://www.littlethings.com/farting-health-benefits/ မှ ဘာသာပြန်ပြီး ကိုးကားဖော်ပြပါတယ်။ #BAWA101

ကျန်းမာရေး အစားအစာ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, လူနေမှုဘဝ

ဦးနှောက်ကို ဘယ်လိုအနားပေးမလဲ။

တစ်နေ့တာ လှုပ်ရှားမှုမှန်သမျှ၊ တွေးခေါ်မှုမှန်သမျှ၊ ဖိစီးမှုမှန်သမျှကို ကျွန်တော်တို့ရဲ့ဦးနှောက်က သယ်ပိုးပေးထားရပါတယ်။ အဲဒီ့အတွက် ဦးနှောက်က အခြားသောအဂါၤရပ်များထက်ကို ပိုပြီး ဖိစီးမှုခံရပါတယ်။ ဦးနှောက်ကဖိစီးမှုတွေများလာတဲ့အခါ ခေါင်းကိုက်ခြင်း၊ စိတ်မကြည်ခြင်း၊ စိတ်တိုဒေါသထွက်လွယ်ခြင်းစသည့် ဆိုးကျိုးတွေဖြစ်ပေါ်လာပြီး ကျန်းမာရေးနဲ့မညီညွတ်နိုင်တော့ပါဘူး။ အဲဒါကြောင့် တစ်နေ့တာ လှုပ်ရှားရုန်းကန်ပြီးတဲ့အခါ ဦးနှောက်ကို ဘယ်လိုအနားပေးမလဲဆိုတဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။ ၁) တရားထိုင်ပါ။ အားလုံးကို ရပ်တန့်ပစ်လိုက်ပြီးတဲ့နောက်မှာ တရားထိုင်လိုက်ပါ။ တရားထိုင်ခြင်းက သင့်ရဲ့စိတ်ကို တည်ငြိမ်သွားစေပြီး သင့်ဦးနှောက်ကိုလည်း တည်ငြိမ်စေပါတယ်။ ထိုင်ခါစမှတော့ အာရုံလွှင့်နေအုံးမှာဖြစ်ပေမယ့် နာရီဝန့်ခန့်ထိုင်လိုက်တဲ့အခါ အားလုံးတည်ငြိမ်သွားနိုင်ပါပြီ။ အဲဒါက သင့်ဦးနှောက်ကို အနားပေးခြင်းတစ်မျိုးပါပဲ။ ၂) အလုပ်ကို အလုပ်မှာပဲထားခဲ့ပါ။ အလုပ်မှာ မပြီးမသတ်သေးတဲ့ အလုပ်အကြောင်းတွေးတဲ့ အတွေးတွေက သင့်ဦးနှောက်ကို ဖိစီးစေပါတယ်။ တစ်ယောက်တည်းပူပန်နေတာက သင့်ကိုစိတ်ဖိစီးမှုတွေဖြစ်စေပါတယ်။ အလုပ်ရောက်မှ အလုပ်အကြောင်းကို ဆက်စဉ်းစားတာက အကြောင်းဆုံးပါ။ အိမ်ရောက်တဲ့အခါ အလုပ်အားလုံးကို အလုပ်မှာထားခဲ့ပြီးတော့ လွတ်လပ်စွာနေပါ။ အဲဒါက သင့်ဦးနှောက်ကို ငဲ့ညှာပြီး အနားပေးခြင်းတစ်မျိုးပါပဲ။ ၃) သီချင်းနားထောင်ပါ။ ပူပန်မှုတွေက သင့်ဦးနှောက်ကိုအနှောင့်အယှက်ပေးနိုင်ပါတယ်။ အဲဒီ့တော့ ပူပန်မှုတွေကို မတွေးတော့ဘဲ အိမ်မှုကိစ္စတွေ၊ အိမ်မှာလုပ်စရာရှိတာတွေကို သီချင်းအေးအေးလေးဖွင့်ထားပြီး လုပ်စရာရှိတာတွေလုပ်ရင်း နားထောင်ပါ။ သီချင်းအေးလေးတွေက သင့်ဦးနှောက်ကို အနားယူတဲ့အချိန်မှာ နားထောင်သင့်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့သီချင်းလေးတွေ နားထောင်တာမျိုးကလည်း သင့်အတွက် ပူပန်မှုတွေကို လျော့စေနိုင်ပါတယ်။ ၄) တစ်နေ့တာလုံးကို ပြန်သုံးသပ်ပါ။ ကဖင်းဓာတ်များတဲ့ကော်ဖီ၊ လက်ဖက်ရည်တွေအများကြီးသောက်မိနေလား၊ ခွန်အားဖြည့်အချိုရည်တွေအများကြီးသောက်မိနေလား၊ အဲဒါတွေက သင့်ကိုခေါင်းကိုက်စေတာမျိုးတွေဖြစ်စေပါတယ်။ ပြီးတော့ဘာအကြောင်းအရာတွေက သင့်ကိုပူပန်နေစေတာလဲ၊ ဘာအကြောင်းတွေက စိတ်ဖိစီးစေတာလဲ၊ မကြာခဏ စိတ်တိုဒေါသထွက်လွယ်နေမိလား၊ ဖိစီးမှုတွေဖြစ်လာတိုင်း ဘာကိုမှ တည်ငြိမ်အောင်ဆောက်တည်လို့မရလောက်အောင် စိတ်တွေ ကယောက်ကယက်ဖြစ်နေမိလား စသည်ဖြင့် ပြန်ပြီး သုံးသပ်ကာ အဲဒါတွေကို လျော့ချနိုင်သလောက် လျော့ချဖို့ ဆုံးဖြတ်ပါ။ အဲဒီ့လိုဖိစီးမှုမှန်သမျှကို လက်ခံထားပြီး သင့်ဦးနှောက်ကမခံမရပ်နိုင်တဲ့အခါ ဖြစ်လာမယ့် အကျိုးဆက်တွေက အဲဒါတွေထက်ပိုဆိုးဝါးပါတယ်။ အဲဒီ့တော့ အနားယူနေတဲ့အချိန်မှာ အေးဆေးသုံးသပ်ပါ။ သင့်ရဲ့ဦးနှောက်ကို ဒီထက်မဖိစီးခင် ဒီထက်မထိခိုက်အောင် လျော့ချပစ်လိုက်ပါ။ မေ့ပစ်လိုက်ပါ။ အဲဒါကလည်း သင့်ဦးနှောက်ကို အနားပေးနိုင်မယ့်နည်းလမ်းတစ်မျိုးပါပဲ။ ၅) ရေနွေးနဲ့ရေချိုးပါ။ ရေနွေးက သင့်ကိုကောင်းစွာအိပ်ပျော်စေပါတယ်။ ရေနွေးလေးနဲ့ရေချိုးပြီးတဲ့အခါ အားလုံးကို မေ့နိုင်သွားမှာပါ။ ပြီးမှ လုပ်ချင်တာလေးတွေ ဆက်ပြီးလုပ်ပါ။ မနက်ဖြန်ရုံးတက်မယ့် အဝတ်အစားတွေပြင်ဆင်ထားတာမျိုး၊ ဒိုင်ယာရီရေးတာမျိုးလေးတွေ လုပ်ပါ။ အဲဒါတွေက ဦးနှောက်အတွက်ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ အရာလေးတွေပဲမို့ ဦးနှောက်ကို အနားပေးသလိုပါပဲ။ ၆) အားလုံးကို ရပ်ပစ်လိုက်ပါ။ အိပ်စက်ချိန်မတိုင်မီ နာရီဝက်ခန့်အလိုလောက်မှာ ကတည်းက သင့်ရဲ့စာအုပ်၊ ဖုန်း၊ ရေဒီယို၊ တီဗီ စသည်တို့ကို အားလုံးရပ်ပစ်လိုက်ပါ။ အဲဒါတွေက သင့်ရဲ့အာရုံကြောကို လှုံ့ဆော်နေတာကြောင့်ပါ။ နာရီဝက်ခန့်ကြိုနားခြင်းက သင့်ဦးနှောက်ကို အနားပေးဖို့ အရှိန်ယူလိုက်တာပါပဲ။ ၇) အိပ်ရာကို အိပ်စက်တဲ့အချိန်မှသာ အသုံးပြုပါ။ တစ်ချို့က အိပ်ရာထဲမှာ စာဖတ်တာမျိုး၊ အိပ်ရာထဲမှာ လုပ်လက်စအလုပ်ကို လက်တော့နဲ့ဆက်လုပ်နေတတ်တာမျိုးလုပ်တတ်လို့ပါ။ အဲဒါမျိုးက သင့်ရဲ့အာရုံကြောတွေကို လှုံ့ဆော်ပေးစေပါတယ်။ အဲဒီ့တော့ ဦးနှောက်ကို အနားပေးသလိုမဖြစ်ပါဘူး။ တီဗီကြည့်မယ်၊ ကွန်ပျူတာကြည့်မယ်၊ စာဖတ်အုံးမယ်ဆိုရင် အိပ်ခန်းရဲ့အပြင်ဘက်မှာသာ လုပ်သင့်ပြီး အိပ်ရာဝင်မယ်ဆိုမှသာ အိပ်ရာမှ လဲလျောင်းအိပ်စက်ခြင်းက သင့်ရဲ့ဦးနှောက်ကို အနားပေးသလိုဖြစ်ပြီး သင်လည်း ကောင်းစွာအိပ်ပျော်စေမှာပါ။ သင့်ဦးနှောက်ကို သင်အနားပေးလိုက်တဲ့အခါ နောက်တစ်နေ့မနက်မှာ သင်လန်းဆန်းစွာနိုးထနိုင်မှာပါ။ ကြိုတင်ပူပန်ပြီး ဖိစီးမှုတွေဖြစ်နေတာက နောက်နေ့အလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လည်း စွမ်းဆောင်နိုင်မှာမဟုတ်တော့ပါဘူး။ အဲဒီ့တော့ အလုပ်ကိုအလုပ်မှာထားခဲ့ပြီးအိမ်ပြန်ပါ။ နောက်တစ်နေ့အလုပ်ကို တက်ကြွစွာသွားပြီး အလုပ်တွေအမြန်ဆုံးပြီးဆုံးအောင်လုပ်နိုင်ဖို့ ဦးနှောက်ကိုမဖိစီးစေပါနဲ့တော့။#BAWA101

ကျန်းမာရေး လူနေမှုဘဝ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

မိန်းမလိုက်စားခြင်းကြောင့် ဘဝမည်သို့ပျက်နိုင်ပါသလဲ။

အပျော်အပါးလိုက်စားခြင်းက ဘယ်လိုမျိုးဘဝတွေကိုပျက်စေနိုင်ပါသလဲ၊ တော်တော်များများက သိပြီးသားဖြစ်ပေမယ့် တစ်ချို့ကသတိမမူတတ်ကြပါဘူး။ အိမ်ထောင်ဦးစီးတစ်ယောက်က မိန်းမလိုက်စားလိုက်တဲ့အခါ အဲဒီ့အိမ်ထောင်ဦးစီးတစ်ယောက်တည်းရဲ့ဘဝတစ်ခုတည်း ပျက်ရတာမဟုတ်ပါဘူး။ ထိုအိမ်ထောင်ဦးစီးနဲ့ပတ်သက်တဲ့ မိသားစုဝင်အားလုံးရဲ့ဘဝတွေပါ ပျက်စီးသွားနိုင်ပါတယ်။ အိမ်ထောင်ဦးစီးတော့မဟုတ်ဘူး ……ကိုယ်တွေက တစ်ယောက်တည်းသမားမို့ မိန်းမလိုက်စားတယ်၊ ဘာမှမဖြစ်ဘူးလို့များမထင်ပါနဲ့။ သင့်ဘဝကို သင်ကိုယ်တိုင်ဖျက်ဆီးပစ်နေတာနဲ့အတူတူပါပဲ။ အဲဒါအပြင် သင့်က တကယ်ချစ်ခင်နှစ်သက်သဘောကျလို့ လက်ထပ်ယူမယ့်အမျိုးကောင်းသမီးတွေ့လာတဲ့အခါ သင့်ကပါ သူ့ကို ဖျက်ဆီးသွားတဲ့တရားခံတောင်ဖြစ်နိုင်ပါသေးတယ်နော်။ အဲဒါအပြင် သင့်ရဲ့အနေအထိုင်မဆင်ခြင်မှုက သင့်ရဲ့မိဘ၊ ဆွေမျိုးအပေါင်းအသင်းတွေကိုတောင် ဖျက်ဆီးပစ်နိုင်ပါတယ်။ ဟုတ်ပါပြီ…..မိန်းမလိုက်စားရုံလောက်နဲ့များ ဘာလို့ဘဝတွေအများကြီး ပျက်စီးရမှာလို့ မေးစရာရှိပါတယ်။ အဓိက ပျက်စီးစေမယ့်အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒါတွေကို ဖတ်ကြည့်လိုက်ပါအုံး။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, လူနေမှုဘဝ

သန်စွမ်းသော ဆံပင်များ မဆုံးရှုံးရလေအောင် မည်သို့ထိန်းသိမ်းမလဲ။

သန်စွမ်းသောဆံပင်များ မဆုံးရှုံးရလေအောင် ဘယ်လိုထိန်းထိမ်းရမလဲ ဆိုတဲ့ နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။ အများအားဖြင့် သိသလို ရှိကြပေမယ့် သတိမမူမိကြတဲ့အချက်လေးတွေပါ။ ၁) သင့်ရဲ့ဦးရေပြားကို သန့်ရှင်းအောင်ထားပါ။ သင့်ဦးရေပြားက သင့်ဆံပင်ကောင်းခြင်းမကောင်းခြင်းအတွက် အရေးကြီးပါတယ်နော်။ သင့်ဦးရေပြားမှာ ဗောက်တွေ၊ သန်းတွေ၊ အညစ်အကြေးတွေနဲ့ဖြစ်နေမယ်ဆိုရင် သင့်ရဲ့ဆံပင်တွေကို ပိုပြီး အကျျွတ်များစေနိုင်ပါတယ်။ ၂) ခေါင်းစည်းတဲ့အခါ တင်းကြပ်နေအောင်မစည်းနှောင်ပါနဲ့။ သင့်ရဲ့ဆံပင်ကို စည်းနှောင်မယ်ဆိုရင် လုံးဝပွယောင်းမနေနိုင်အောင် အရမ်းကြီး တင်းကြပ်အောင် စည်းနှောင်ခြင်းက သင့်ဆံပင်တွေကို နာစေပါတယ်။ သင့်ဆံပင်တွေက ဦးရေပြားကနေ ဆောင့်ဆွဲထားသလို ဖြစ်နေတာမို့ သင့်ရဲ့ဦးရေပြားလည်း နာကျင်စေနိုင်ပါတယ်။ သင့်ဆံပင်တွေလည်း နာတဲ့အတွက် အကျွတ်များစေပါတယ်။ ခေါင်းစည်းတဲ့အခါ ခေါင်းစည်းကြိုးနဲ့ တော်သင့်ရုံစည်းနှောင်တာအကောင်းဆုံးပါပဲ။ ၃) ပုံစံတစ်မျိုးတည်းစည်းနှောင်းခြင်းမလုပ်ပါနဲ့။ အမြဲတစ်စေ ဆံပင်ကို ဒီပုံစံအတိုင်းပဲ အမြဲစည်းနှောင်တာက သင့်ဆံသားကို ထိခိုက်နိုင်ပါတယ်။ စည်းနှောင်နေကျနေရာက အမြဲထိုနေရာကိုထိတာများလာတဲ့အခါ ထိုနေရာတစ်ဝိုက်က သင့်ဆံသားတွေက ပိုပြီးပျက်စီးလွယ်ပါတယ်။ အဲဒါကြောင့် ဆံပင်ကို မကြာခဏ စည်းနှောင်တဲ့ပုံစံပြောင်းလဲသင့်ပါတယ်။ ၄) ပျော့ဆေးကို ပုံမှန်သုံးပါ။ ခေါင်းလျှော်တဲ့အခါတိုင်းပျော့ဆေးသုံးသင့်ပါတယ်။ ပျော့ဆေးက သင့်ဆံပင်ကို လိုသလိုပျော့ပြောင်းစေတဲ့အတွက် ဖြီးရခက်ပြီး ဆံပင်ကျွတ်ထွက်တာတွေ၊ ပြတ်ထွက်တာတွေ မဖြစ်နိုင်တော့ပါဘူး။ အဖျားနှစ်ခွဖြစ်တာတွေ၊ ဆံသားကြမ်းတာတွေကိုလည်းပျော့ဆေးက ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ ၅) အပူအလွန်အကျွံ့မပေးပါနဲ့။ ခေါင်းလျှော်ပြီး dryer နဲ့မှုတ်တဲ့အခါ ခြောက်ချင်ဇောနဲ့ အပူတွေ လွန်ကဲစွာပေးခြင်းက သင့်ဆံပင်ကို ပျက်စီးစေပါတယ်။ အပူများတဲ့အခါ ဆံသားတွေခြောက်သွေ့ခြင်းဖြစ်နိုင်ပါတယ်။ အဲဒါအပြင် နေပူထဲသွားရင်လည်း နေပူဒဏ်ကာကွယ်နိုင်တဲ့ ဦးထုပ်၊ ထီး အကာအကွယ်ဆောင်သွားသင့်ပါတယ်။ ပြီးတော့ ဆံသားကောက်မယ်၊ ဖြောင့်မယ်ဆိုရင်လည်း အပူဒဏ်ခံနိုင်တဲ့ဆေးတွေအရင်သုံးပြီးမှ ကောက်တာဖြောင့်တာပိုကောင်းပါတယ်။ ၆) အဖျားနှစ်ခွဖြစ်နေတာမျိုးကို ညှပ်ပစ်ပါ။ သင့်ဆံပင်မှာ နီကျင်ကျင်လေးတွေဖြစ်ပြီး အဖျားနှစ်ခွဖြစ်နေတာမျိုးဆို ဆံပင်အဖျားလေးတွေကို တိပစ်လိုက်ပါ။ အဲဒါက ပိုကောင်းပါတယ်။ အဖျားနှစ်ခွဖြစ်နေတာမျိုးတွေက မတိမိတဲ့အခါ ဆံပင်က ရှည်လာပေမယ့်လည်း ခြောက်သွေ့အက်ကွဲနေတဲ့ဆံသားမျိုးဖြစ်စေတတ်ပါတယ်။ အဲဒါကြောင့် ဆံသားခြောက်သွေ့အက်ကွဲခြင်းကို ကာကွယ်ဖို့ အဖျားလေးတွေ တိပေးပါ။ ၇) ကိုယ့်ဆံသားနဲ့ကိုက်ညီတဲ့ ခေါင်းလျှော်ရည်၊ ပျော့ဆေးရွေးသုံးပါ။ သင့်ဆံပင်က ခြောက်သွေ့တဲ့အမျိုးအစားလား၊ ဆီပြန်တဲ့အမျိုးအစားလား၊ စသည်ဖြင့် မတူနိုင်ပါဘူး။ ခေါင်းလျှော်ရည်ဝယ်တဲ့အခါ ကိုယ်နဲ့ကိုက်တဲ့ခေါင်းလျှော်ရည်၊ ပျော့ဆေး ဝယ်သုံးမှသာ ငွေကုန်ရကျိုးနပ်ပြီး ကိုယ့်ဆံသာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ၈) စိုနေတဲ့ဆံပင်ကို ဘီးမဖြီးသင့်ပါ။ သင့်ဆံသားတွေ စိုနေတဲ့အချိန်မှာ ဘီးနဲ့အတင်းမရမကမဖြီးသင့်ပါဘူး။ ဆံသားတွေက စိုနေတဲ့အချိန်မှာ ပိုပြီး ပျက်ဆီးလွယ်လို့ပါ။ တဘက်လေးနဲ့ ခြောက်သွားအောင် လုပ်ပြီးတော့ဖြစ်ဖြစ် အနည်းငယ်ခြောက်သွေ့ချိန်မှသာ ဘီးအသွားကျဲကျဲနဲ့ အရင်ဖြီးသင့်ပါတယ်။ အဲဒါက သင့်ဆံပင် အထွေးလိုက်ကျွတ်ထွက်ခြင်းက ကာကွယ်နိုင်ပါတယ်။ အထက်ပါအချက်လေးတွေကတော့ ဆံပင်ကို မပျက်စီးအောင် ကာကွယ်ရမယ့် ယေဘုယျအချက်လေးတွေပါ။ ဆံသားကာကွယ်ဖို့ တကူးတက ဘာမှမလုပ်ချင်ဘူးဆိုရင်တော့ အထက်ပါအချက်လေးတွေလောက်ကို လိုက်နာလိုက်ရင်ပဲ သင့်ဆံပင်တွေ မပျက်စီးနိုင်တော့ပါဘူးနော်။ #BAWA101

ကျန်းမာရေး လူနေမှုဘဝ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

သစ်ပင်စိုက်ခြင်း၏ အကျိုးကျေးဇူးများ

သစ်ပင်စိုက်ခြင်းက ပတ်ဝန်းကျင်အတွက် ဘယ်လောက်အကျိုးကျေးဇူးများတယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူးနော်။ ဒီနေ့ခေတ်လို့ အရမ်းတိုးတက်လာတဲ့ခေတ်မှာ ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ ညစ်ညမ်းမှုတွေ ပိုလို့တောင်ဖြစ်လာပါသေးတယ်။ အဲဒါကြောင့် အပင်တွေပိုပြီး စိုက်ပျိုးသင့်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေအမျိုးမျိုးဖြစ်လာရခြင်းကလည်း အပင်တွေဆုံးရှုံးခြင်းကြောင့်ပါ။ အပင်စိုက်ခြင်းအကျိုးကို သေချာလေးသိရအောင် ရေးပေးလိုက်ပါတယ်။ ၁) အပင်တွေက ရာသီဥတုကို ပြောင်းလဲခြင်းကို အံတုနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာ့လေထုမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေများပြားလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုတွေဖြစ်လာရပါတယ်။ အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူထားပြီး ပတ်ဝန်းကျင်မှဖယ်ရှားပေးနိုင်ပါတယ်။ ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သိုလှောင်ထားပြီး အောက်ဆီဂျင်ကိုပြန်လည်ထုတ်လွှတ်ပေးပါတယ်။ တစ်နှစ်မှာ တစ်ဧကခန့်ရှိတဲ့သစ်ပင်တွေက သင့်ရဲ့ကားမိုင်ပေါင်း ၂၆၀၀၀ မိုင်မောင်းနှင်ပြီးထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏတွေကို စုပ်ယူနိုင်ပါတယ်။ ၂) အပင်တွေက လေထုကို သန့်ရှင်းစေနိုင်ပါတယ် မကောင်းတဲ့ဓာတ်ငွေ့တွေကို သူတို့ရဲ့အရွက်တွေနဲ့ ပင်စည်က စုပ်ယူနိုင်ပါတယ်။ အထူးသဖြင့် အမိုးနီးယား၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ အိုဇုန်း စသည့်ဓာတ်ငွေ့တွေကို စုပ်ယူတဲ့အတွက် လေထုကို သန့်ရှင်းသွားစေနိုင်ပြီး သန့်စင်သွားအောင်လည်း စစ်ထုတ်ပေးနိုင်ပါတယ်။ ၃) အပင်တွေက အောက်ဆီဂျင်ဓာတ်ကိုပေးပါတယ်။ တစ်နှစ်မှာ တစ်ဧကခန့်ရှိတဲ့အပင်တွေကနေ လူပေါင်း၁၈ယောက်အတွက် အောက်ဆီဂျင်လုံလုံလောက်လောက်ထုတ်ပေးနိုင်ပါတယ်။ ၄) အပင်တွေက မြို့တွေ၊ လမ်းတွေကို အေးချမ်းစေပါတယ်။ Los Angeles မြို့မှာ လွန်ခဲ့တဲ့နှစ်ငါးဆယ်ခန့်ကတည်းက ပျမ်းမျှအပူချိန်ထက် ၆ဒီဂရီဖာရင်ဟိုက် မြင့်တက်လျက်ရှိပါတယ်။ အပင်တွေက အုပ်လွှမ်းပြီး လမ်းတွေ အိမ်တွေကို အပူဒဏ်ကနေကာကွယ်ပေးထားပါတယ်။ အိမ်တွေနဲ့လမ်းတွေကို တစ်ဆယ်ဒီဂရီဖာရင်ဟိုက်အထိ အေးစေပါတယ်။ သစ်ပင်ရဲ့ အရွက်တွေကတဆင့် လေထုထဲကို ရေငွေ့တွေထုတ်လွှတ်ပေးပါတယ်။ ၅) အပင်တွေက စွမ်းအင်တွေမဆုံးရှုံးအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ အိမ်တစ်အိမ်မှာ နွေရာသီပူပြင်းမှုကို ကာကွယ်နိုင်အောင် လေအေးစက်အသုံးပြုခြင်းကြပါတယ်။ အပင်တွေကြောင့် လမ်းတွေအိမ်တွေကို အပူသက်သာစေတဲ့အခါ မလိုအပ်ပဲလေအေးပေးစက်မသုံးဖြစ်တော့ပါဘူး။ ထိုအခါ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ဓာတ်ငွေ့တွေထုတ်လွှတ်မှုနည်းသွားစေပါတယ်။ စွမ်းအင်တွေလည်း အလဟသမကုန်တော့သလို လေထုလည်းမညစ်ညမ်းနိုင်တော့ပါဘူး။ ၆) ရေကုန်ဆုံးခြင်းကို ကာကွယ်နိုင်ပါတယ်။ အပင်တွေက ရတဲ့အရိပ်ကြောင့် ရေလိုအပ်နေတဲ့ မြက်ခင်းတွေမှာ ရေငွေ့ပျံခြင်းကို သက်သာစေပြီး မြစ်ချောင်းအင်းအိုင်များမှ ရေငွေ့ပျံခြင်းကို သက်သာစေနိုင်ပါတယ်။ လောလောလတ်လတ်စိုက်ပျိုးထားတဲ့အပင်သစ်လေးတွေက တစ်ပတ်မှာ ရေ ငါးဂါလံလောက်ပဲလိုအပ်ပါတယ်။ သစ်ပင်တွေကနေ ရေငွေ့တွေပြန်ထုတ်ပေးတဲ့အတွက်ကြောင့် ကမ္ဘာ့လေထုကို ပြန်ပြီးစိုစွတ်စေပါတယ်။ ၇) ရေထုညစ်ညမ်းခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ အပင်ရဲ့ပင်စည်ကနေ ရေတွေက အပင်ရဲ့အောက်ခြေမြေကြီးတွေထဲကို ရောက်သွားပါတယ်။ အဲဒါက အညစ်အကြေးတွေကို ပင်လယ်ထဲအရှိန်ပြင်းပြင်းစီးဆင်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ စိုက်ပျိုးထားတဲ့အပင်တွေအတွက် ဖြန့်ကျဲထားတတ်တဲ့ သစ်ရွက်ဆွေးတွေ ၊ ကောက်ရိုးဆွေးတွေကိုလည်း သဘာဝအရ ရေမြုပ်ပုံစံလိုမျိုး စစ်ထုတ်ပေးနိုင်အောင် အပင်တွေရဲ့ အမြစ်တွေက ဆောင်ရွက်နိုင်ပါတယ်။ အဲဒါအပြင် မြေအောက်ရေပြန်လည်ရရှိအောင် ပြန်လည်ထောက်ပံ့ပေးနိုင်ပါသေးတယ်။ ၈) မြေတိုက်စားခြင်းမှ ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ တောင်ခါးပန်းတွေလိုနေရာမျိုး၊ စမ်းချောင်းတွေစီးဆင်းနေတဲ့ ကုန်းလျှောမြေလိုနေရာမျိုးတွေမှာ ရှိတဲ့အပင်တွေက မြေကြီးတွေကို တိုက်စားမှုမဖြစ်အောင် အမြစ်တွေနဲ့ ကုတ်တွယ်ထားနိုင်ပါတယ်။ အဲဒါကြောင့် မြေတိုက်စားခြင်း၊ မြေပြိုခြင်းတွေ မဖြစ်နိုင်တော့ပါဘူး။ ၉) ကလေးတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အရေပြားကင်ဆာက အဖြစ်များဆုံးရောဂါတစ်ခုထဲမှာ ပါဝင်ပါတယ်။ အပင်တွေက နေရောင်ခြည်မှ UV B နဲ့ထိတွေ့နရခြင်းမှ ၅၀ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။ အဲဒါကြောင့် ကလေးသူငယ်တွေရဲ့ ကစားကွင်းတွေနဲ့ ကျောင်းဝင်းတွေမှာ အပင်တွေနဲ့ အရိပ်ရနေအောင် စီမံထားသင့်ပါတယ်။ ၁၀) အစားအစာတွေကို စီမံပေးနိုင်ပါတယ်။ ပန်းသီးပင်တစ်ပင်က ပန်းသီးပေါင်း တစ်နှစ်မှာ ရှစ်ဂါလံဝင်တဲ့ တင်းတောင်းပေါင်း ၁၅ - ၂၀ လောက်ထိ ထွက်နိုင်ပါတယ်။ အပင်တွေက လူတွေအတွက် စားစရာအသီးအနှံတွေသာမက ငှက်တွေနဲ့ သားရဲတိရစ္ဆာန်တွေအတွက်လည်း စားစရာဖန်တီးပေးပါတယ်။ ၁၁) ရောဂါတွေကို ကုသပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ ပြတင်းပေါက်မှာ အပင်တွေ အမြဲစိမ်းစိုနေတာမြင်တွေ့နေတတ်တဲ့ လူနာတွေက အမြန်ဆုံးရောဂါပျောက်ကင်းနိင်တာကိုတွေ့ရပါတယ်။ Attention Deficit Hyperacitivity Disorder (ADHD) ရေဂါဝေဒနာရှင် ကလေးသူငယ်တွေမှာ သဘာဝတရားကို လက်ခံရတဲ့အခါ ရောဂါလက္ခဏာတွေလျော့နည်းလာတာကိုတွေ့ရပါတယ်။ သစ်ပင်တွေနဲ့ ထိတွေ့ခြင်း၊ သဘာဝတရားကိုလက်ခံရခြင်းက စိတ်ပိုင်းဆိုင်ရာမောပန်းနွမ်းနယ်မှုတွေကိုလည်း လျော့ကျစေပါတယ်။ ၁၂) ခရမ်းလွန်ရောင်ခြည်ကို လျှော့ကျစေနိုင်ပါတယ်။ အိမ်အနီးဝန်းကျင် အိမ်အတွင်းအပြင်ကို ခရမ်းလွန်ရောင်ခြည်ပြင်းပြင်းထန်ထန်ရောက်ရှိခြင်း ဒဏ်မှ လျှော့ကျစေပါတယ်။ အပင်တွေနဲ့ သဘာဝရှုခင်းတွေကြောင့် ခရမ်းလွန်ရောင်ခြည်ဓာတ်များပြားစွာ ကျရောက်ခြင်းဒဏ်ကို ကြောက်လန့်နေစရာမလိုတော့ပါဘူး။ အထက်ပါအချက်တွေက အပင်တွေကို စိုက်ပျိုးခြင်းကြောင့်ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေပါ။ ပတ်ဝန်းကျင်စိမ်းစိုနေစေဖို့ အားလုံးပဲ အပင်တွေစိုက်ပျိုးသင့်ပါတယ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ အပင်လေးတွေ စိုက်ပျိုးခြင်းကြောင့် မိမိကိုယ်တိုင်သာမက အနီးအနားပတ်ဝန်းကျင်အတွက်ကော နောင်နှစ်ပေါင်းများစွာအထိ အကျိုးရှိနေစေမှာပါ။ https://www.treepeople.org/tree-benefits ၁၄) သစ်ပင်စိုက်ခြင်း၏ အကျိုးကျေးဇူးများ သစ်ပင်စိုက်ခြင်းက ပတ်ဝန်းကျင်အတွက် ဘယ်လောက်အကျိုးကျေးဇူးများတယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူးနော်။ ဒီနေ့ခေတ်လို့ အရမ်းတိုးတက်လာတဲ့ခေတ်မှာ ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ ညစ်ညမ်းမှုတွေ ပိုလို့တောင်ဖြစ်လာပါသေးတယ်။ အဲဒါကြောင့် အပင်တွေပိုပြီး စိုက်ပျိုးသင့်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေအမျိုးမျိုးဖြစ်လာရခြင်းကလည်း အပင်တွေဆုံးရှုံးခြင်းကြောင့်ပါ။ အပင်စိုက်ခြင်းအကျိုးကို သေချာလေးသိရအောင် ရေးပေးလိုက်ပါတယ်။ ၁) အပင်တွေက ရာသီဥတုကို ပြောင်းလဲခြင်းကို အံတုနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာ့လေထုမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေများပြားလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုတွေဖြစ်လာရပါတယ်။ အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူထားပြီး ပတ်ဝန်းကျင်မှဖယ်ရှားပေးနိုင်ပါတယ်။ ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သိုလှောင်ထားပြီး အောက်ဆီဂျင်ကိုပြန်လည်ထုတ်လွှတ်ပေးပါတယ်။ တစ်နှစ်မှာ တစ်ဧကခန့်ရှိတဲ့သစ်ပင်တွေက သင့်ရဲ့ကားမိုင်ပေါင်း ၂၆၀၀၀ မိုင်မောင်းနှင်ပြီးထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏတွေကို စုပ်ယူနိုင်ပါတယ်။ ၂) အပင်တွေက လေထုကို သန့်ရှင်းစေနိုင်ပါတယ် မကောင်းတဲ့ဓာတ်ငွေ့တွေကို သူတို့ရဲ့အရွက်တွေနဲ့ ပင်စည်က စုပ်ယူနိုင်ပါတယ်။ အထူးသဖြင့် အမိုးနီးယား၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ အိုဇုန်း စသည့်ဓာတ်ငွေ့တွေကို စုပ်ယူတဲ့အတွက် လေထုကို သန့်ရှင်းသွားစေနိုင်ပြီး သန့်စင်သွားအောင်လည်း စစ်ထုတ်ပေးနိုင်ပါတယ်။ ၃) အပင်တွေက အောက်ဆီဂျင်ဓာတ်ကိုပေးပါတယ်။ တစ်နှစ်မှာ တစ်ဧကခန့်ရှိတဲ့အပင်တွေကနေ လူပေါင်း၁၈ယောက်အတွက် အောက်ဆီဂျင်လုံလုံလောက်လောက်ထုတ်ပေးနိုင်ပါတယ်။ ၄) အပင်တွေက မြို့တွေ၊ လမ်းတွေကို အေးချမ်းစေပါတယ်။ Los Angeles မြို့မှာ လွန်ခဲ့တဲ့နှစ်ငါးဆယ်ခန့်ကတည်းက ပျမ်းမျှအပူချိန်ထက် ၆ဒီဂရီဖာရင်ဟိုက် မြင့်တက်လျက်ရှိပါတယ်။ အပင်တွေက အုပ်လွှမ်းပြီး လမ်းတွေ အိမ်တွေကို အပူဒဏ်ကနေကာကွယ်ပေးထားပါတယ်။ အိမ်တွေနဲ့လမ်းတွေကို တစ်ဆယ်ဒီဂရီဖာရင်ဟိုက်အထိ အေးစေပါတယ်။ သစ်ပင်ရဲ့ အရွက်တွေကတဆင့် လေထုထဲကို ရေငွေ့တွေထုတ်လွှတ်ပေးပါတယ်။ ၅) အပင်တွေက စွမ်းအင်တွေမဆုံးရှုံးအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ အိမ်တစ်အိမ်မှာ နွေရာသီပူပြင်းမှုကို ကာကွယ်နိုင်အောင် လေအေးစက်အသုံးပြုခြင်းကြပါတယ်။ အပင်တွေကြောင့် လမ်းတွေအိမ်တွေကို အပူသက်သာစေတဲ့အခါ မလိုအပ်ပဲလေအေးပေးစက်မသုံးဖြစ်တော့ပါဘူး။ ထိုအခါ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ဓာတ်ငွေ့တွေထုတ်လွှတ်မှုနည်းသွားစေပါတယ်။ စွမ်းအင်တွေလည်း အလဟသမကုန်တော့သလို လေထုလည်းမညစ်ညမ်းနိုင်တော့ပါဘူး။ ၆) ရေကုန်ဆုံးခြင်းကို ကာကွယ်နိုင်ပါတယ်။ အပင်တွေက ရတဲ့အရိပ်ကြောင့် ရေလိုအပ်နေတဲ့ မြက်ခင်းတွေမှာ ရေငွေ့ပျံခြင်းကို သက်သာစေပြီး မြစ်ချောင်းအင်းအိုင်များမှ ရေငွေ့ပျံခြင်းကို သက်သာစေနိုင်ပါတယ်။ လောလောလတ်လတ်စိုက်ပျိုးထားတဲ့အပင်သစ်လေးတွေက တစ်ပတ်မှာ ရေ ငါးဂါလံလောက်ပဲလိုအပ်ပါတယ်။ သစ်ပင်တွေကနေ ရေငွေ့တွေပြန်ထုတ်ပေးတဲ့အတွက်ကြောင့် ကမ္ဘာ့လေထုကို ပြန်ပြီးစိုစွတ်စေပါတယ်။ ၇) ရေထုညစ်ညမ်းခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ အပင်ရဲ့ပင်စည်ကနေ ရေတွေက အပင်ရဲ့အောက်ခြေမြေကြီးတွေထဲကို ရောက်သွားပါတယ်။ အဲဒါက အညစ်အကြေးတွေကို ပင်လယ်ထဲအရှိန်ပြင်းပြင်းစီးဆင်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ စိုက်ပျိုးထားတဲ့အပင်တွေအတွက် ဖြန့်ကျဲထားတတ်တဲ့ သစ်ရွက်ဆွေးတွေ ၊ ကောက်ရိုးဆွေးတွေကိုလည်း သဘာဝအရ ရေမြုပ်ပုံစံလိုမျိုး စစ်ထုတ်ပေးနိုင်အောင် အပင်တွေရဲ့ အမြစ်တွေက ဆောင်ရွက်နိုင်ပါတယ်။ အဲဒါအပြင် မြေအောက်ရေပြန်လည်ရရှိအောင် ပြန်လည်ထောက်ပံ့ပေးနိုင်ပါသေးတယ်။ ၈) မြေတိုက်စားခြင်းမှ ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ တောင်ခါးပန်းတွေလိုနေရာမျိုး၊ စမ်းချောင်းတွေစီးဆင်းနေတဲ့ ကုန်းလျှောမြေလိုနေရာမျိုးတွေမှာ ရှိတဲ့အပင်တွေက မြေကြီးတွေကို တိုက်စားမှုမဖြစ်အောင် အမြစ်တွေနဲ့ ကုတ်တွယ်ထားနိုင်ပါတယ်။ အဲဒါကြောင့် မြေတိုက်စားခြင်း၊ မြေပြိုခြင်းတွေ မဖြစ်နိုင်တော့ပါဘူး။ ၉) ကလေးတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အရေပြားကင်ဆာက အဖြစ်များဆုံးရောဂါတစ်ခုထဲမှာ ပါဝင်ပါတယ်။ အပင်တွေက နေရောင်ခြည်မှ UV B နဲ့ထိတွေ့နရခြင်းမှ ၅၀ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။ အဲဒါကြောင့် ကလေးသူငယ်တွေရဲ့ ကစားကွင်းတွေနဲ့ ကျောင်းဝင်းတွေမှာ အပင်တွေနဲ့ အရိပ်ရနေအောင် စီမံထားသင့်ပါတယ်။ ၁၀) အစားအစာတွေကို စီမံပေးနိုင်ပါတယ်။ ပန်းသီးပင်တစ်ပင်က ပန်းသီးပေါင်း တစ်နှစ်မှာ ရှစ်ဂါလံဝင်တဲ့ တင်းတောင်းပေါင်း ၁၅ - ၂၀ လောက်ထိ ထွက်နိုင်ပါတယ်။ အပင်တွေက လူတွေအတွက် စားစရာအသီးအနှံတွေသာမက ငှက်တွေနဲ့ သားရဲတိရစ္ဆာန်တွေအတွက်လည်း စားစရာဖန်တီးပေးပါတယ်။ ၁၁) ရောဂါတွေကို ကုသပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ ပြတင်းပေါက်မှာ အပင်တွေ အမြဲစိမ်းစိုနေတာမြင်တွေ့နေတတ်တဲ့ လူနာတွေက အမြန်ဆုံးရောဂါပျောက်ကင်းနိင်တာကိုတွေ့ရပါတယ်။ Attention Deficit Hyperacitivity Disorder (ADHD) ရေဂါဝေဒနာရှင် ကလေးသူငယ်တွေမှာ သဘာဝတရားကို လက်ခံရတဲ့အခါ ရောဂါလက္ခဏာတွေလျော့နည်းလာတာကိုတွေ့ရပါတယ်။ သစ်ပင်တွေနဲ့ ထိတွေ့ခြင်း၊ သဘာဝတရားကိုလက်ခံရခြင်းက စိတ်ပိုင်းဆိုင်ရာမောပန်းနွမ်းနယ်မှုတွေကိုလည်း လျော့ကျစေပါတယ်။ ၁၂) ခရမ်းလွန်ရောင်ခြည်ကို လျှော့ကျစေနိုင်ပါတယ်။ အိမ်အနီးဝန်းကျင် အိမ်အတွင်းအပြင်ကို ခရမ်းလွန်ရောင်ခြည်ပြင်းပြင်းထန်ထန်ရောက်ရှိခြင်း ဒဏ်မှ လျှော့ကျစေပါတယ်။ အပင်တွေနဲ့ သဘာဝရှုခင်းတွေကြောင့် ခရမ်းလွန်ရောင်ခြည်ဓာတ်များပြားစွာ ကျရောက်ခြင်းဒဏ်ကို ကြောက်လန့်နေစရာမလိုတော့ပါဘူး။ အထက်ပါအချက်တွေက အပင်တွေကို စိုက်ပျိုးခြင်းကြောင့်ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေပါ။ ပတ်ဝန်းကျင်စိမ်းစိုနေစေဖို့ အားလုံးပဲ အပင်တွေစိုက်ပျိုးသင့်ပါတယ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ အပင်လေးတွေ စိုက်ပျိုးခြင်းကြောင့် မိမိကိုယ်တိုင်သာမက အနီးအနားပတ်ဝန်းကျင်အတွက်ကော နောင်နှစ်ပေါင်းများစွာအထိ အကျိုးရှိနေစေမှာပါ။ https://www.treepeople.org/tree-benefits လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ

ဒူးရင်းသီးစားခြင်း၏ အကျိုးကျေးဇူးများ။

တစ်ချို့က အနံပြင်းလွန်းလို့ မစားချင်တဲ့ ဒူးရင်းသီးမှာ မယုံကြည်နိုင်လောက်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေရှိနေပါတယ်။ တစ်ချို့ကလည်း နှစ်သက်လွန်းလို့ စားကြတဲ့ အသီးဖြစ်ပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေတော့ တော်တော်များများမသိလောက်သေးဘူးထင်ပါတယ်နော်။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, ကလေးပြုစုပျိုးထောင်ခြင်း, ကိုးကားစာများ

ကလေးငယ်လေးတွေ ထွားကြိုင်းသန်မာလာအောင် ဘယ်လိုလုပ်ပေးရမလဲ

။ ကလေးက ပိန်တယ်၊ ညှက်တယ်၊ မကြာခဏချော်လဲတတ်တယ်။ စသည်ဖြင့် မေမေတွေညည်းကြတာကြားဖူးမှာပါ။ မိမိကလေးကို ထွားကြိုင်းသန်မာအောင် ကျွေးသင့်တဲ့အစားအစာလေးတွေနဲ့ သူတို့ရဲ့အရိုးအဆစ်တွေသန်မာအောင် ဘာလိုကစားနည်းမျိုးတွေနဲ့ ဘာတွေလိုအပ်သလဲဆိုတာ ရေးပေးထားပါတယ်။ ကလေးရဲ့အရိုးတွေ၊ ကြွက်သားတွေ ထွားကြိုင်းသန်မာအောင် စားသင့်တဲ့အစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁) ဘယ်ရီသီးများ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးတွေက ဗီတာမင် စီ ကြွယ်ဝစွာပါဝင်ပါတယ်။ အောက်ဆီဂျင်ကထုတ်လုပ်တဲ့ဓာတ်ပေါင်းတွေနဲ့ အပင်ကထုတ်တဲ့ဓာတ်ပေါင်းတွေပါဝင်ပါတယ်။ အဲဒါတွေက ကျန်းမာစေတဲ့ဆဲလ်တွေကို ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်က ခုခံစွမ်းအားလည်းတိုးစေပါတယ်။ ၂) ဥအမျိုးမျိုး ဥတွေမှာ ပရိုတင်းဓာတ်နဲ့ အာဟာရဓာတ်တွေအမျာကြီးပါဝင်ပါတယ်။ အထူးသဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။ ၃) နွားနို့ နွားနို့မှာ ကယ်လစီယမ်နဲ့ ဖော့စဖောရပ် တို့ပါဝင်တဲ့အတွက် ကြွက်သားနဲ့အရိုးတွေအတွက်ကောင်းမွန်စေပါတယ်။ သင့်ကလေးက နှစ်နှစ်မပြည့်သေးဘူးဆိုရင် ရှိသင့်တဲ့ ပေါင်ချိန်ထက် မကျော်လွန်နေဘူးဆိုရင် နွားနို့်များများသောက်သင့်ပါတယ်။ ၄) မြေပဲထောပတ် (သို့) မြေပဲစေ့များကိုလှော်ပြီး ကြိတ်ထားသော မြေပဲအနှစ် မြေပဲထောပတ်က ကလေးတွေအတွက် စွမ်းအင်တွေနဲ့ ပရိုတင်းဓာတ်တွေကို ရစေပါတယ်။ တစ်ချို့သော တံဆိပ်မြေပဲထောပတ်တွေကတော့ ဆားတွေ၊ သကြားတွေ၊ ထန်းဆီနဲ့ မပြည့်ဝတဲ့ ဟိုက်ဒရိုဂျင်ဓာတ်တွေ ထပ်ပေါင်းထည့်ထားတတ်တဲ့အတွက် အာဟာရဓာတ်တွေရဲ့စွမ်းအင်တွေကို လျော့ကျစေနိုင်ပါတယ်။ ၅) နှံစားပြောင်း အစာခြေလွယ်တဲ့အမျှင်ဓာတ်ပါဝင်တဲ့အတွက် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ၆) အသား ပရိုတင်းဓာတ်နဲ့ သံဓာတ်ပါဝင်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးဖို့ ကူညီပေးပြီး ဦးနှောက်လုပ်ဆောင်ချက်တွေကို အကောင်းဆုံးဖြစ်စေပါတယ်။ ခုခံစွမ်းအားတိုးစေပါတယ်။ ၇) ငါး ပရိုတင်းဓာတ်ကြောင့် ကြွက်သားနဲ့အရိုးတွေ သန်မာစေပါတယ်။ ဆော်လမွန်၊ တူနာ၊ ဆာဒင်း ငါးတွေမှာ အိုမီဂါသရီးဖက်တီအက်ဆစ်ပါဝင်ပါတယ်။ မျက်လုံးအမြင်အာရုံကောင်းစေပြီး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ တိုးတက်ဖို့ အထောက်အကူပေးပါတယ်။ ၈) ချိစ် ချိစ်က သင့်ကလေးရဲ့အရိုးသန်မာအောင် ကြီးထွားဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးတဲ့ အဓိက ဓာတ်တွေအများကြီးပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင် ဒီ၊ ပရိုတင်း၊ ကယ်လဆီယမ်၊ ဖော့စဖောရပ်စ် စသည်တို့ပါဝင်ပါတယ်။ ၉) ပန်းပွင့်စိမ်း ကလေးရဲ့ အမြင်အာရုံကို ကောင်းမွန်စေပြီး ဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အစာခြေစေတဲ့အမျှင်ဓာတ်ပါဝင်မှုကြောင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ၁၀) အရောင်ရင့်တဲ့အသီးအနှံတွေနဲ့ အသီးအရွက်တွေ အထူးသဖြင့် ကန်စွန်းဥ၊ ဖရုံသီး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ သင်္ဘောသီး စတဲ့အသီးအနှံတွေမှ betacarotene နဲ့ carotenoids ဓာတ်တွေပါဝင်ပါတယ်။ ထိုဓာတ်တွေက ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်အေအဖြစ်ပြောင်းလဲပြီး အရေပြားနဲ့အမြင်အာရုံကောင်းစေပါတယ်။ ခန္ဓာကိုယ်ထဲကတစ်ရှူးတွေကို ပြုပြင်ပေးနိုင်ပြီး ကြီးထွားဖွံ့ဖြိုးစေနိုင်ပါတယ်။ ခုဖော်ပြထားတာတွေကတော့ ကလေးရဲ့အရိုးတွေကြွက်သားသန်မာမှုတွေအတွက်စားသင့်တဲ့အစားအစာတွေဖြစ်ပါတယ်။ ဒါပေမယ့် ကလေးကို ထိုအစားအစာတွေကျွေးရုံနဲ့ ကြီးထွားသန်မာလာမယ်လို့ အပြည့်အဝပြောလို့မရသေးပါဘူး။ အာဟာရပြည့်ဝအောင် မျှတစွာကျွေးသင့်တဲ့အပြင် ကလေးရဲ့အရိုးအဆစ်တွေသန်မာအောင် ဗီတာမင် ဒီရရှိဖိုလည်း လိုပါတယ်။ အထူးသဖြင့် မနက်ခင်းနေရောင်ခြည်က ကလေးရဲ့မျက်နှာ၊ လည်ပင်း၊ လက်မောင်း တို့နဲ့ထိတွေ့တဲ့အခါ ဗီတာမင်ဒီဓာတ်ရရှိပါတယ်။ အဓိကကတော့ ကယ်ဆီယမ်ဓာတ်နဲ့ ဗီတာမင် ဒီဓာတ်ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ကလေးကို ပြေးလွှားဆော့ကစားခိုင်းတဲ့နည်းပါပဲ။ ဒီနေ့ခေတ်မှာ လေကောင်းလေသန့်ရရှိနိုင်တဲ့ ပန်းခြံမျိုး၊ လွတ်လပ်စွာပြေးလွှားဆော့ကစားနိုင်တဲ့ မြင်ခင်းပြင်နဲ့ အားကစားကွင်းမျိုး ရှားပါးလာပါတယ်။ အမှန်တကယ်တော့ ကလေးငယ်တွေကို ထိုကဲ့သို့လွတ်လပ်စွာပြေးလွှားဆော့ကစားခိုင်းခြင်းက အရိုးအဆစ်တွေသန်မာစေပါတယ်။ စက်ဘီးစီးခိုင်းတာမျိုး၊ ရေကူးခိုင်းတာမျိုး၊ ပြေးခိုင်းတာမျိုး၊ စတဲ့ကစားနည်းတွေကလည်း သင့်ကလေးရဲ့အရိုးအဆစ်တွေ သန်မာစေဖို့ အကူအညီပေးနိုင်ပါတယ်။ နည်းပညာလွှမ်းမိုးမှုတွေများလာတဲ့ဒီနေ့ခေတ်မှာ screen time ကိုလျော့ချပေးပြီး လေကောင်းလေသန့်ရနိုင်မယ့် ပန်းခြံ၊ ကစားကွင်းတွေမှာ ပြေးလွှားဆော့ကစားခိုင်းခြင်းမျိုးလုပ်ခိုင်းပေးပါ။ အာဟာရဓာတ်တွေ မျှတအောင် ကျွေးမွေးပေးပါ။ အဲဒါဆိုရင်တော့ သင့်ကလေးကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေပါလိမ့်မယ်။ #BAWA101

ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ကိုးကားစာများ

ကျန်းမာရေး, အစားအစာ

ပျားရည်၏ကောင်းကျိုးများ

အိမ်ကလူကြီးတွေ ပျားရည်စစ်စစ်ဆို ရွှေလိုတန်ဖိုးထားတတ်ကြတာ မြင်ဖူးတယ်မလား။ ဘာလို့အဲလောက်တောင် ပျားရည်ကို တန်ဖိုးထားရတာလဲဆိုတဲ့ ပျားရည်ရဲ့ကောင်းကျိုးတွေကို တိတိကျကျသိသွားအောင် ပြောပြပေးချင်ပါတယ်။ ပျားရည်ရဲ့ကောင်းကျိုးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။ ၁) ကင်ဆာရောဂါနဲ့ နှလုံးရောဂါကို ကာကွယ်ဖို့ကူညီနိုင်ပါတယ်။ပျားရည်မှာ flavonoids လို့ခေါ်တဲ့ antioxidants ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲဒီ့ဓာတ်က ကင်ဆာရောဂါအချို့ဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင် နှလုံးရောဂါကိုလည်း ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ ၂) ပြည်တည်နာတွေနဲ့ အခြားသော အူရောင်ရမ်းနာတာတွေကို လျော့ကျစေနိုင်ပါတယ် ။မကြာသေးမီက လေ့လာတွေ့ရှိချက်အရ ပျားရည်က ပြည်တည်နာနှင့် ဘက်တီးရီးယားတွေကြောင့် အူရောင်ရမ်းတာမျိုး၊ အစာအိမ်အနာဖြစ်တာမျိုးကို ကုသနိုင်တယ်လို့ဖော်ပြထားပါတယ်။ အောက်မှာဖော်ပြမယ့် ၃ချက်မြောက်နဲ့ ပတ်သက်မှုရှိပါတယ်။ ၃) မှိုနဲ့ဆိုင်သော ၊ ဘက်တီးရီးယားနဲ့ဆိုင်သော ရောဂါတွေကို လျော့ကျစေနိုင်ပါတယ်။ ပျားရည်အားလုံးဟာ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျားတွေက အင်ဇိုင်းတွေကိုကို ထပ်ပြီးပေါင်းထပ်ထားပါတယ်၊ အင်ဇိုင်းတွေမှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဓာတ်ပါဝင်ပါတယ်။ ထိုဓာတ်က ဘက်တီးရီးယားတွေကိုသေစေနိုင်တာပါ ဆိုပြီး New Zealand.မှာရှိတဲ့ University of Waikato မှ ပျားရည်ရှာဖွေလေ့လာမှု အဖွဲ့ ဒါရိုက်တာ Peter Molan ကပြောပြခဲ့ပါတယ်။ ၄) ပြေးခုန်ပစ်အားကစားနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်စေနိုင်ပါတယ်။ ရှေးခေတ် အိုလံပစ် ပြေးခုန်ပစ်အားကစားသမား တွေကသူတို့ရဲ့ လုပ်ဆောင်ချက်တွေ တိုးတက်စေဖို့ ပျားရည်နဲ့ ကတွတ်သီးခြောက်ကို စားပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းက ဒီနေ့ခေတ်လေ့လာတွေ့ရှိချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါမှာတော့ အခြားသော ချိုစေတဲ့အရာတွေထက်စာရင် ပျားရည်က glycogen (ကစီဓာတ်ကိုသိုလှောင်ထားသည့် ဓာတ်တစ်မျိုး) ပမာဏကို အမြင့်ဆုံးဖြစ်အောင်ထိန်းထားနိုင်တာကို တွေ့ရှိရပါတယ်။ ၅) ချောင်းဆိုးခြင်းကို နှင့် လည်ချောင်းယားခြင်းကို လျော့ကျစေနိုင်ပါတယ်။ ပျားရည်နဲ့ buckwheat ဆိုတဲ့အစေ့ကို ရောစားခြင်းဖြင့် ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။ ကလေးသူငယ် ၁၀၅ယောက်ကိုလေ့လာကြည့်တဲ့အခါ buckwheat honey တစ်ခါစားထားတဲ့ကလေးက dextromethorphan ဆေးတစ်မျိုးသောက်သုံးထားတဲ့အကျိုးနဲ့အတူတူဖြစ်ပြီး ညစဉ်ညတိုင်း မအိပ်နိုင်အောင် ချောင်းဆိုးတဲ့ရောဂါမျိုးကို သက်သာရာရစေပြီး ကောင်းစွာ အိပ်ပျော်ဖို့ အကျိုးသက်ရောက်မှုရှိတာကိုတွေ့ရပါတယ်။ ၆) အခြားသောရောဂါများကို ကုသဖို့ကူညီပေးနိုင်ခြင်း ပျားရည်ကို အိန္ဒိယမှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ခန့်ကတည်းက Ayurvedic လို့အမည်ရတဲ့ဆေးတစ်မျိုးမှာ သုံးခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့မညီမျှမှုတွေကို ထိန်းညှိပေးနိုင်တဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ အမြင်အာရုံကောင်းအောင် ကူညီပေးနိုင်ခြင်း၊ ဝိတ်ကျစေခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ လမစေ့ဘဲကလေးမွေးခြင်း၊ ဆီးလမ်းကြောင်း ရောဂါများဖြစ်ပွားခြင်း၊ အဆုတ်ပြွန်နဲ့ဆိုင်သော ရင်ကြပ်ရောဂါများ၊ ဝမ်းလျောခြင်း နှင့် မအီမသာဖြစ်ပြီး ပျို့အန်ခြင်း စတဲ့ရောဂါတွေကို ကုသဖို့ ကူညီပေးနိုင်ပါတယ်။ ၇) သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ပျားရည်မှာ သကြားပါဝင်ပေမယ့် white sugar နှင့် တမင်ချိုအောင်ဖန်တီးထားသော အချိုဓာတ်မဟုတ်ပါဘူး။ fructose နဲ့ glucose ပေါင်းစပ်ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်မှ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် ဆီးချိုသမားတွေအတွက် ပျားရည်ကအဆင်ပြေစေပါတယ်။ အခုလောက်ဆိုရင်တော့ ပျားရည်ရဲ့ကောင်းကျိုးလေးတွေသိသွားလောက်ပြီထင်ပါတယ်နော်။ မိမိနှင့်ပျားရည်တည့်မတည့်ဆိုတာကတော့ မိမိပြသသော ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကြည့်တာအကောင်းဆုံးပါပဲ။ ပျားရည်မှမဟုတ်ပါဘူး မည်သည့် ကျန်းမာရေးနှင့်ပါတ်သက်သည့် အကြောင်းအရာကိုမဆို တာဝန်ရှိသော ဆရာဝန်နှင့်အသေးစိတ် ဆွေးနွေးပြီး သုံးဆောင်တာအကောင်းဆုံးပဲဖြစ်ပါတယ်။ #BAWA101

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, လူနေမှုဘဝ

လူမှုရေးအရ အရက်သောက်သုံးခြင်းဆိုတာ ဘာလဲ။

ဒီနေ့ခေတ်မှာ အရက်သောက်ခြင်းကို လူမှုဆက်ဆံရေးအတွက် လိုအပ်ချက်တစ်ခုအနေနဲ့ အသုံးချတတ်ကြပါတယ်။ အဲဒါကို အလွယ်တကူ Social Drinking လို့ခေါ်ဝေါ်ကြပါတယ်။ ဒါပေမယ့် အရက်ဆိုတာ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်စေတာမို့ ။ နေရာတကာ social drinking လို့ နာမည်တပ်ပြီး အရက်သောက်သုံးဖို့ချည်း တွေးနေရင်တော့ social drinking မဟုတ်တော့ပါဘူး။ အန္တရာယ်ရှိသော သောက်သုံးခြင်းမျိုးဖြစ်လာပါပြီ။ အဲဒါကြောင့် ဒီနေ့ခေတ်လူငယ်တွေ social drinking ဆိုတာဘာလဲ၊ ဘယ်လိုမျိုးကို ခေါ်တာလဲ ဆိုတာသိစေဖို့ ပြောပြပေးချင်ပါတယ်။

ကျန်းမာရေး လူနေမှုဘဝ

ကျန်းမာရေး, လူနေမှုဘဝ, ကိုးကားစာများ

ကျောက်ကပ်ကျန်းမာရေး ဂရုစိုက်ထိန်းသိမ်းရန် လိုက်နာသင့်သည့်အရာများ

ကျောက်ကပ်က ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကျောက်ကပ်မကောင်းတဲ့အခါ ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်း စတဲ့ရောဂါတွေအပြင်အခြားရောဂါတွေလည်းဖြစ်ပွားလာနိုင်ပါသေးတယ်။ ကျောက်ကပ်ကို ထိခိုက်စေတဲ့ အကျင့်တွေက ဘာတွေဖြစ်မလဲဆိုတာ အောက်မှာဖတ်ကြည့်လိုက်ပါအုံး။ #BAWA101

ကျန်းမာရေး လူနေမှုဘဝ ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။