ကျန်းမာရေး

ကျန်းမာရေး

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဆီးချိုသမားများ သတိထားသင့်သော အချက်များ

ဆီးချိုရောဂါဆိုတာ သွေးထဲမှာ သကြားဓာတ်ပုံမှန်ထက်မြင့်မားတဲ့ရောဂါကို ခေါ်တာဖြစ်ပါတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်ခြင်းဟာ သွေးထဲကသကြားဓာတ်ကို ထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာပါတဲ့ အချိုဓာတ်က သွေးတွင်းသကြားဓာတ်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဆီးချိုသမားများ သတိထားသင့်သောအချက်များကတော့ ၁) ကျန်းမာတဲ့စားသောက်မှု ပုံစံဖြစ်ဖို့ အရေးကြီးတဲ့အတွက် အစားအစာကို သတိထားဖို့လိုပါတယ်။ ၂) ကိုလက်စထရော ပါဝင်တဲ့အစားအစာတွေကို သတိထားပါ။ အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ၊ တိရစ္ဆာန်တွေဆီကနေရတဲ့အဆီတွေ၊ ကြက်ဥအနှစ်၊ အသည်း နဲ့ အခြားဝမ်းတွင်းသားတွေက ကိုလက်စထရောပါဝင်မှုများတာကြောင့် မစားသုံးသင့်ပါဘူး။ တစ်နေ့ကို ကိုလက်စထရောပမာဏ ၂၀၀ မီလီဂရမ် ထက်ပိုမစားမိအောင် သတိထားပါ။ ၃) ဆိုဒီယမ် (အငန်ဓာတ်) ပါဝင်တဲ့အစားအစာတွေကို သတိထားပါ။ နားလည်လွယ်အောင်ပြောပြရရင် အငန်ဓာတ်ပေါ့။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ခံတွင်းတွေ့အောင်ဆိုပြီး ဆားတွေ၊ ဟင်းခတ်မှုန့်တွေ အများကြီးထည့်စားတာမျိုး မလုပ်သင့်ပါဘူး။ သွေးတိုးရောဂါဝင်လာနိုင်တာကြောင့်ပါ။ ဒါကြောင့် တတ်နိုင်သမျှ အငန်ကဲတာတွေကို လျှော့စားပေးပါ။ ၄) ပြည့်ဝဆီများတဲ့အစားအစာတွေစားသုံးခြင်းကို သတိထားသင့်ပါတယ်။ အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ အမဲသား၊ ဟော့ဒေါ့၊ ကြက်အူချောင်း၊ ဝက်အူချောင်း နဲ့ ဝက်ပေါင်ခြောက်လိုမျိုးတိရစ္ဆာန်ကနေရတဲ့ အဆီတွေကနေထုတ်ထားတဲ့ အစားအစာတွေမှာ ပြည့်ဝဆီတွေပါနေတတ်ပါတယ်။ ၅) Trans fats အဆီပါတဲ့အစားအစာတွေကို သတိထားသင့်ပါတယ်။ ဒီအဆီတွေက အသင့်စား သရေစာတွေ၊ ဘီစကစ်၊ပေါင်မုန့်အဖြူ၊ ကိတ်မုန့်လိုမျိုး အစားအစာတွေမှာ အများကြီး ပါဝင်နေတတ်တဲ့အတွက် အလွန်အကျွံမစားမိအောင်သတိထားပါ။ ၆) အဆီပိုတွေ လျှော့ချနိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သင့်တာကို မမေ့ပါနဲ့။ ကိုယ်လက်လှုပ်ရှားမှုတစ်ခုတော့ ပုံမှန်လုပ်ဖို့သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ခန ္ဓာကိုယ်မှာပိုနေတဲ့အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ ၇) စိတ်ဖိစီးမှု ဖြစ်လာရင် သတိထားပါ။ စိတ်ဖိစီးမှုကြောင့် ခန ္ဓာကိုယ်မှာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ဟော်မုန်းဓာတ်ထွက်စေပါတယ်။ အဲဒီ့အခါ ဆီးချိုတက်စေနိုင်တာမို့ စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ။ လျှော့ချနိုင်အောင်ကြိုးစားဖို့ အရေးကြီးတဲ့အချက်ထဲမှာပါဝင်ပါတယ်။ ၈) အိပ်ရေးဝဝအိပ်ဖို့ သတိထားပါ။ ကာလတာရှည်အိပ်ရေးပျက်တာ၊ ညဘက်ကောင်းကောင်းအိပ်မပျော်တာတွေက ဆီးချိုနဲ့ အဝလွန်ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။ ၉) ဆေးလိပ်ဖြတ်ဖို့ သတိထားပါ။ ဆီးချိုကြောင့် နှလုံးရောဂါ၊ မျက်စိရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးကြောဆိုင်ရာရောဂါ၊ အာရုံကြောထိခိုက်မရောဂါ၊နဲ့ ခြေထောက်ထိခိုက်မှုပြဿနာတွေဖြစ်လာနိုင်ခြေ ပိုများစေနိုင်ပါတယ်။ သင်ကဆေးလိပ်သောက်တတ်သူဖြစ်ရင် ဒီအချက်တွေခံစားရနိုင်တဲ့ အန္တရာယ် ပိုများနိုင်ပါတယ်။ ဆီးချိုရောဂါရှိနေပေမယ့် နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပေးမယ်ဆိုရင် လူတန်းစေ့ကျန်းမာအောင် နေနိုင်မှာပါ။ ဒါကြော့င်ဆီးချိုရောဂါသည်တွေ သတိထားသင့်တဲ့အချက်လေးတွေကို မှတ်ထားနိုင်ဖို့ အရေးကြီးပါတယ်။ #Hello Sayarwon website မှာဆီးချိုရောဂါအကြောင်းဆောင်းပါးများကို ကိုးကားဖော်ပြပါသည်။ #BAWA101

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အလုပ်ရပ်ပြီး စနေ၊တနင်္ဂနွေမှာ သင်ဘာကြောင့် အနားယူသင့်ပါသလဲ။

၁) စိတ်ဖိစီးမှုတွေကို လျော့ကျဖို့အချိန်ပေးနိုင်ခြင်း တစ်ပတ်လုံး အလုပ်ဖိအား၊ မိသားစုကိစ ္စမျိုးစုံဖိအား၊ ငွေကြေးကိစ ္စ ပေါင်းစုံဖိအား စသည်ဖြင့် ဖိအားအများကြီးအောက်ကနေ စနေ၊ တနင်္ဂနွေအားလပ်ရက်လေးမှာ အားလုံးကို ခဏတဖြုတ်နားလိုက်သင့်ပါတယ်။ ထိုကဲ့သို့အနားယူလိုက်ခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ကျဖို့အချိန်ပေးလိုက်သလိုဖြစ်သွားစေပါတယ်။ ၂) စိတ်ပိုင်းဆိုင်ရာစွမ်းအင်များ ပြန်လည်ဖြည့်တင်းနိုင်ခြင်း အလုပ်တွေဖိစီးမှုများလာတဲ့အခါ ကိုယ်ရောစိတ်ရော ထုံထိုင်းသွားတတ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေ ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့အတွက် အနားယူသင့်ပါတယ်။ ၃) ဖိစီးမှုများကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန ္တရာယ်များမှ လျော့ကျစေနိုင်ခြင်း တစ်ပတ်လုံးဖိစီးမှုများကြောင့် နှလုံးရောဂါနှင့်ဆိုင်တဲ့ရောဂါတွေဖြစ်ပွားစေနိုင်ပါတယ်။ စနေ၊ တနင်္ဂနွေနေ့မျိုးမှာ အနားယူခြင်းက ဖိစီးမှုတွေကို သက်သာစေတဲ့အတွက် နှလုံးရောဂါဖြစ်ပွားနိုင်တဲ့ အန ္တရာယ်များမှလျော့ကျစေနိုင်ပါတယ်။ ၄) ရှေ့ဆက်ပြီး လုပ်ရမယ့်အလုပ်တွေအတွက် အကြံသစ်၊ အမြင်သစ်တွေ ရနိုင်ခြင်း ဦးနှောက်ကို ဆက်တိုက်ဖိအားပေးခြင်းကနေ အနားယူလိုက်တဲ့အတွက် အကြံသစ်တွေ၊ အမြင်သစ်တွေ ထပ်ပြီးပေါ်ထွက်လာနိုင်ပါတယ်။ ၅) အလုပ်ကိစ ္စများမှ ကိုယ့်ကိုကိုယ်အနားပေးလိုက်ခြင်းကြောင့် ပိုပြီးဖန်တီးနိုင်လာခြင်း ဆက်တိုက်အလုပ်လုပ်လိုက်ခြင်းက ဦးနှောက်ကို ပိုပြီးထူပူစေတဲ့အတွက် ဘာကိုမှ ထပ်ပြီး ဖန်တီးနိုင်တော့မှာမဟုတ်ပါဘူး။ အသစ်တွေထပ်ပြီးဖန်တီးနိုင်ဖို့အတွက် စနေ၊ တနင်္ဂနွေနေ့လိုမျိုးမှာ အနားယူလိုက်ပါ။ တနင်္လာနေ့ရုံးတက်ချိန်မှာ အသစ်တွေထပ်ပြီး ဖန်တီးနိုင်မှာပါ။ ၆) ကိုယ်ခံစွမ်းအားစနစ်(immune system)ကို တိုးစေခြင်း တစ်ပတ်တစ်ခါ အလုပ်ကိစ ္စ တွေမှ အနားယူလိုက်ခြင်းကြောင့် စိတ်ဖိစီးမှုတွေ လျော့ကျသွားစေတဲ့အတွက် ကျန်းမာရေးလည်းပိုကောင်းလာစေသလို၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးလာစေပါတယ်။ ၇) မှတ်ဉာဏ်စွမ်းအား ကောင်းစေခြင်း အလုပ်တွေအရမ်းဖိစီး၊ အရမ်းတွေများလာတဲ့အခါ မကြာခဏ ဟိုဟာမေ့…..ဒီဟာမေ့တာမျိုးကြုံဖူးကြမှာပါ။ အားလပ်ရက်မှာ အလုပ်တွေအားလုံးမေ့ထားပြီး နားနေလိုက်ခြင်းက မှတ်ဉာဏ်စွမ်းအားကိုတိုးစေပါတယ်။#BAWA101

ကျန်းမာရေး လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ကျန်းမာရေး, အစားအစာ

မနေ့ညက သောက်တာများသွားလျှင် စားသင့်သောအစားအစာများ

၁) အုန်းရည် သောက်ပါ အုန်းရည်က သဘာဝအလျောက် ခွန်အားဖြည့်အချိုရည်ဖြစ်ပါတယ်။ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းနိုင်ရုံသာမက အရက်သောက်ဖို့တိုက်တွန်းတဲ့ဓာတ်ကိုပါ ကုန်ဆုံးစေပါတယ်။ မနက်စောစောမှာသောက်လိုက်ခြင်းဖြင့် ရေဓာတ်ပြန်လည်ဖြည့်ပြီး နဂိုအတိုင်း အားပြန်ပြည့်စေမှာပါ။ ၂) အသီးဖျော်ရည် တစ်ခုခုသောက်ပါ။ အသဲကိုအဆိပ်ဖြစ်စေတဲ့ ဓာတ်ကို ဖယ်ရှားပေးနိုင်ပါတယ်။ အစာချေလွယ်တဲ့အတွက် အာဟာရဖြစ်စေတဲ့ဓာတ်တွေကို သွေးထဲကနေစုပ်ယူဖို့လွယ်စေပါတယ်။ ၃) ပန်းသီးရှာလကာဖျော်ရည် သောက်ပါ။ အံ့သြဖွယ်ကောင်းလောက်အောင် ခန္ဓာကိုယ်ရဲ့ရေဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ တစ်ကိုယ်လုံးမှာ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေကို (magnesium, sodium, and calcium) စုဆောင်းပေးနိုင်ပါတယ်။ ရေ၊ ဂျင်း၊ ပျားရည်နှင့် ပန်းသီးရှာလကာရည်ကို ရောသမပြီး စားပွဲတင်ဇွန်းတစ်ဇွန်းစာ သောက်ပေးခြင်းဖြင့် အာဟာရပြန်လည်ပြည့်ဝလာသလို ရောဂါပျောက်စေသည့်ဆေးတစ်မျိုးဖြစ်ပါတယ်။ ၄) ငှက်ပျော်သီးစားပါ။ အရက်ကြောင့် ပျက်ဆီးသွားတဲ့စွမ်းအားတွေကို ပြန်ဖြည့်နိုင်ပါတယ်။ မူးနှောက်နေပြီး အော့ချင်အန်ချင်စိတ်ဖြစ်ပေါ်ခြင်းကိုလည်း ပျောက်စေနိုင်ပါတယ်။ အစာချေစနစ်ကိုကောင်းစေတဲ့အတွက် အကောင်းဆုံး လောင်စာတစ်မျိုးဖြစ်ပါတယ်။ ၅) ဥတစ်မျိုးမျိုး စားပေးပါ။ ဥတွေမှာ cysteine ပါဝင်ပါတယ်။ အရက်ကထုတ်ပေးတဲ့ အဆိပ်၊ မအီမသာဖြစ်စေတဲ့ဓာတ်ကို cysteine ကဖြိုခွဲပစ်နိုင်ပါတယ်။ taurine ပါဝင်တဲ့အတွက်ကြောင့်လည်း အသည်းပျက်ဆီးတတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ ၆) ကြက်စွပ်ပြုတ်သောက်ပါ။ Cysteine ဓာတ်ပါဝင်လို့ အသည်းကိုအကျိုးဖြစ်စေပါတယ်။ ရေဓာတ်ကိုပြန်လည်ဖြည်တင်းပေးပြီး sodium levels ကို ပြန်ထိန်းပေးနိုင်ပါတယ်။ ၇) ခရမ်းချဉ်သီး စားပေးပါ။ Lycopene ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲက ယောင်ရမ်းခြင်းတွေလျှော့နည်းစေနိုင်ပါတယ်။ မနက်မစားဖြစ်ရင်တောင် နေ့လည်စာအဖြစ်စားလို့ရပါတယ်။ ၈) အုတ်ဂျုံ ခန္ဓာကိုယ်မှ အက်ဆစ်ဓာတ်ကိုလျှော့ပါးစေနိုင်ပါတယ်။ ကိုယ်လက်မလှုပ်မရှားချင်ဖြစ်ခြင်း၊ မအီမသာဖြစ်ခြင်းမှ သက်သာစေပြီး လိုအပ်တဲ့စွမ်းအားတွေပြန်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်နှင့် ဗီတာမင်ဘီဓာတ်ကို ပြန်ဖြည့်ပေးနိုင်ပါတယ်။ အုတ်ဂျုံမှုန့်ထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပြီး သောက်လိုက်ခြင်းက အာဟာရဓာတ်တွေဖန်တီးပေးပြီး မအီမသာဖြစ်ခြင်း၊ သွေးထဲကသကြားဓာတ်ကို ပုံမှန်ဖြစ်စေခြင်း အစရှိတဲ့အကျိုးတွေ ဖြစ်စေမှာပါ။#BAWA101

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အသက်အရွယ်ကြီးရင့်သောသူများကို ဂရူစိုက်ပါ

အသက်အရွယ်ကြီးရင့်လာသော အဖိုးအဖွားများ ငယ်ရွယ်စဉ်ကတော့ စိတ်သွားတိုင်းကိုယ်ပါနိုင်ပေမယ့် အသက်ကြီးရင့်လာတဲ့နောက် ကိုယ်လုပ်ချင်တာတွေရှိပေမယ့်မလုပ်နိုင်တော့တာမျိုး၊ ကိုယ်မှန်းထားတာတွေရှိပေမယ့် မလုပ်နိုင်တော့လို့ ဖြစ်မလာနိုင်တာမျိုး၊ သားသမီး မြေးမြစ်တွေအတွက် ဖြစ်ချင်ပေမယ့် ဖြစ်မလာတာမျိုးတွေဖြစ်လာတဲ့အခါ သူတို့ကိုယ်သူတို့အတွက်ကော သူတို့ပတ်ဝန်းကျင်မှသူများအတွက်ကော စိတ်တိုင်းမကျဖြစ်လာတတ်ပါတယ်။ အဲဒီ့အခါ ကိုယ်ကျန်းမာရေးအရကော စိတ်ကျန်းမာရေးအရကော အဆင်မပြေမှုတွေခံစားရလာနိုင်ပါတယ်။ အဲဒီအခါမှာ သူတို့တွေရဲ့စိတ်ကို နားလည်ပေးနိုင်ပြီး ရုပ်ပိုင်းကော စိတ်ပိုင်းကောကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ ခုအချိန်မှာ အားမသန်တော့တဲ့ အဖိုးတွေအဖွားတွေ သက်ကြီးရွယ်အိုတွေက အရင်တစ်ချိန်မှာ သင့်ကိုဂရုစိုက်ခဲ့ပြီး သင့်အတွက်အရေးပါခဲ့သောသူများဖြစ်ခဲ့တယ်ဆိုတာ သင်မမေ့ပါစေနဲ့။ ခုချိန်မှာတော့ သူတို့ဟာ သင့်ရဲ့ဂရုစိုက်မှုကို ပြန်လည်လိုအပ်နေတဲ့သူတွေဖြစ်ပါတယ်နော်။ ၁) ပစ်မထားဘဲ အရေးတယူဆက်ဆံပေးပါ။ အချိန်တန် ထမင်းစားဖို့၊ သုံးဖို့စွဲဖို့ အဆင်သင့်၊ လုံလုံလောက်လောက်ပေးထားတာနဲ့တင် လုံလောက်ပြီထင်ရင် သင်မှားနေပါပြီ။ သင်ငယ်ရွယ်စဉ်က အသေးစိတ်ကအစ ဂရုစိုက်ခဲ့တာသူတို့ပါ။ သင့်အတွက် စားစရာ၊ ကစားစရာ၊ ငွေကြေး၊ လုံလောက်အောင် ပေးရုံနဲ့ ပြည့်စုံပြီထင်ခဲ့ရင် သင်တောင်ခုလို အရွယ်ရောက်လာမှာမဟုတ်ပါဘူး။ ငယ်စဉ်တုန်းက အလုပ်တွေ၊ လူမှုရေးတွေ၊ ငွေကြေးကိစ ္စတွေ၊ သင့်ဝေယျာဝစ ္စတွေနဲ့ သူတို့မှာ အထီးကျန်ချိန်တောင်ရှိခဲ့မှာမဟုတ်ပါဘူး။ ခုလိုအချိန်မျိုးမှာ သူတို့ဟာ ပိုပြီး အထီးကျန်နေတတ်ပါတယ်။ အဲဒီတော့ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကောကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အရေးတယူဆက်ဆံပေးတာမျိုးလုပ်ပေးပါနော်။ ဥပမာ။ အဖိုးအဖွားထမင်းစားချိန်နဲ့တိုးလျှင် “အဖိုးဘာဟင်းနဲ့စားနေလဲ…၊စားရတာအဆင်ပြေရဲ့လား။ ဘာစားချင်လဲ…..၊ ခုချက်ချင်းသွားဝယ်ပေးမှာပေါ့” ဆိုတာမျိုးပါ။ သူတို့အတွက်ဆို ကိုယ်က ဦးစားပေးတာကို သူတို့သိအောင်လုပ်ပေးပါ။ အဲဒါဆိုရင် သူတို့အတွေးမှာ “ငါ့ကိုဦးစားပေးအရေးစိုက်သား….” ဆိုတာမျိုးက သူတို့ကို ပျော်ရွှင်ပါစေလိမ့်မယ်။ ၂) စကားစမြည်ပြောဖို့ အချိန်ပေးပါ။ လူကြီးတွေကို ကိုယ်ဖတ်ထားတဲ့စာအုပ်က ဘယ်လို…..ဘာတွေပါတယ်ဆိုတာမျိုးပြောပြရင်း “အဖိုးတို့တုန်းကကော ဘာစာအုပ်တွေဖတ်ဖြစ်တာလဲ….” လို့ အရေးတယူစပ်စုတာမျိုးလုပ်ပေးပါ။ သူတို့က ခုချိန်မှာ စကားများများပြောချင်နေတဲ့သူတွေပါ။ သူတို့က လောကမှာ နှစ်ပေါင်း ၅၀ ကျော် ၆၀ကျော် နီးပါး နေထိုင်ခဲ့ပြီးလို့ အတွေ့အကြုံတွေ၊ ပြောစကားတွေ အများကြီးရှိပါတယ်။ သူတို့ပြောပြတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေက အရမ်းစိတ်ဝင်စားဖို့ကာင်းသလို၊ သင့်အတွက် ဗဟုသုတတောင်ရနိုင်ပါသေးတယ်။ ၃) လေ့ကျင့်ခန်းအတူလုပ်ပေးပါ။ ဥပမာ။ လမ်းလျှောက်ထွက်ဖို့ ကိုယ်ကစခေါ်တာမျိုးပါ။ သူတို့တွေက ခုချိန်မှာ အားလပ်ချိန်ရှိနေပေမယ့် အဖော်လုပ်ပေးမယ့်သူမရှိတာမျိုးပါ။ ကိုယ်ကဘယ်လောက်အလုပ်များများ ကိုယ့်အတွက်အားလပ်ချိန်ပေးတဲ့အချိန်မျိုးမှာ အဖိုးအဖွားကိုပါ အဖော်ခေါ်လိုက်ပါ။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်နိုင်တော့တဲ့အတွက် အတူစကားပြောရင်းလမ်းလျှောက်စေခြင်းက ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ ၄) အာဟာရပြည့်ဝအောင် ဂရုစိုက်ပေးပါ။ ကိုယ်တွေက အဆင်ပြေသလို စားလိုက်လို့ ခံနိုင်ရည်ရှိပေမယ့် လူကြီးတွေအတွက်ကတော့ မလွယ်တဲ့အခြေအနေပါ။ ကလေးလေးတွေကို ဂရုစိုက်သလို ဂရုစိုက်သင့်ပါတယ်။ ခုချိန်မှာ သူတို့က တဖန်အားငယ်တတ်သူတွေဖြစ်နေတဲ့အချိန်ပါ။ သူတို့စားချင်တာလေးတွေမေးပြီး တကူးတကချက်ပြုတ်ကျွေးတာမျိုးလုပ်ပေးပါ။ ပြီးတော့ အသက်အရွယ်ကြီးရင့်သူတွေ အဖြစ်များတဲ့ရောဂါတွေကိုသတိထားပြီး အာဟာရပြည့်ဝအောင်ချက်ပြုတ်ကျွေးမွေးပေးပါ။ ၅) လုပ်ချင်တာလေးတွေ လုပ်ခွင့်ပေးပါ။ လူကြီးတွေက ခုချိန်မှာ ဘာမှလုပ်စရာမရှိတော့တဲ့အခါ သူတို့ကိုယ်သူတို့ လူပိုကြီးတစ်ယောက်လို ခံစားလာရရင် ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ မီးဖိုချောင်အတွက် အပင်ငယ်လေးတွေ စိုက်တာမျိုးလုပ်ချင်ရင် လုပ်ခွင့်ပေးပါ။ ခြံရှင်းတာမျိုးလုပ်ချင်လည်း လုပ်ခွင့်ပေးလိုက်ပါ။ သိုးမွေးထိုးတာမျိုးလုပ်ချင်လုပ်ခွင့်ပေးလိုက်ပါ။ ဂရုစိုက်တဲ့အနေနဲ့ အညောင်းထိုင်မယ်၊ ခါးနာမယ်၊ ဘာမှမလုပ်ပါနဲ့လို့ ပြောပြီး ဆူနေမယ့်အစား ဝါသနာပါတာလေးတွေလုပ်နေရင်းနဲ့အချိန်ကုန်သွားတာက သူတို့အတွက် ပိုပြီး သက်တောင့်သက်သာဖြစ်စေတာပါ။ စိတ်ဓာတ်ကျရောဂါမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။ ၆) စိတ်ရှည်ပေးပါ။ အသက်အရွယ်ရလာတဲ့အခါ မှတ်ဉာဏ်မကောင်းတော့တာမျိုး ကြုံလာရမှာပါပဲ။ ကိုယ်က နားလည်ပြီး ထပ်ခါထပ်ခါရှင်းပြပေးပါ။ မေ့သွားလည်း မငြိုငြင်ဘဲ နောက်တစ်ခေါက်ပြန်ပြောပေးတာမျိုး လုပ်လိုက်ပါ။ လူကြီးတွေအတွက် white board လေးတစ်ခုနဲ့ မမေ့အောင် စာရေးပေးခဲ့တာမျိုးလေး လုပ်ပေးနိုင်ရင် အများကြီးမတိုးတက်တောင် အခြေအနေတစ်ခုထိတော့ မှတ်မိနိုင်ပါသေးတယ်။ ၇) နားလည်ပေးပါ။ လူကြီးတွေအတွက် နားလည်မှုလည်းလိုအပ်ပါတယ်။ အိမ်နားဝန်းကျင်မှာ အဖိုးအဖွားနဲ့ရွယ်တူသက်ကြီးရွယ်အိုတွေရှိရင် အပြန်အလှန်စကားပြောကြပါစေ။ လူကြီးတွေအတွက် ရွယ်တူခြင်းက ပိုပြီးစကားပြောလို့ အဆင်ပြေမှာပါ။ လူကြီးတွေကိုယ်တိုင်လည်း အထီးကျန်တယ်လို့ ခံစားရတော့မှာမဟုတ်ပါဘူး။#BAWA101

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ

အသီးအနှံများ ဘာကြောင့်စားသင့်သလဲ

အသီးအနှံများဟာ အာဟာရပေါင်းစုံရဲ့ အရေးကြီးတဲ့အရင်းအမြစ်ဖြစ်ပါတယ်။ အသီးအနှံများမှာ ပိုတက်ဆီယမ်ဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဖော်လစ်အက်စစ် စတဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။ အသီးအနှံတွေစားသုံးခြင်းဖြင့် ရရှိနိုင်မယ့်ကျန်းမာရေးအတွက် ကောင်းကျိုးတွေက များပြားလွန်းတာကြောင့် အသီးအနှံများများ စားသုံးဖို့တိုက်တွန်းလိုက်ရပါတယ်။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့ Night Out ထွက်ခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများ

သေချာတာကတော့ တစ်ခါတစ်ရံသူငယ်ချင်းတွေနဲ့ night out ထွက်လိုက်ရတဲ့အတွက် စိတ်ဖိစီးမှုတွေလျော့ပြီး ပျော်ရွှင်ရမှာတော့အမှန်ပါပဲ။ တစ်ခုရှိတာက သင့်အပေါ်တကယ်ခင်မင်ပြီး တကယ့်စိတ်ရင်းနဲ့ကောင်းစေချင်တဲ့ သူငယ်ချင်းတွေကိုသာရွေးပြီး night out ထွက်တာကပိုပြီး သင့်အတွက်ကောင်းပါလိမ့်မယ်။ #BAWA101

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ

ဟင်းနုနွယ်စားခြင်းမှ ရရှိနိုင်သောအကျိုးကျေးဇူးများ

ဟင်းနုနွယ်စားခြင်းမှ ရရှိနိုင်သောအကျိုးကျေးဇူးများ#BAWA101

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ

ညဘက်ဗိုက်ဆာလာရင် မစားဖြစ်အောင်ထိန်းသိမ်းမည့်နည်းများ

ညဘက်ဗိုက်ဆာလာရင် မစားဖြစ်အောင်ထိန်းသိမ်းမည့်နည်းများ #BAWA101

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, လူနေမှုဘဝ

လမ်းလျှောက်ခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများ

ဒီနေ့ခေတ်မှာ အလုပ်တွေပိုပြီး ကြိုးစားလာကြရတဲ့အတွက် လေ့ကျင့်ခန်းသတ်သတ်လုပ်ဖို့ အချိန်မပေးနိုင်ကြတာများပါတယ်။ လေ့ကျင့်ခန်းကို အထူးတလည်အချိန်မပေးနိုင်သူများအတွက် အလွယ်တကူလုပ်လို့ရတဲ့ လေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်းပါပဲ။တစ်နေ့မှာ ၁၅မိနစ်ခန့်လမ်းလျှောက်ရုံနဲ့တင် ရရှိမယ့်အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။#BAWA101

ကျန်းမာရေး လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။