အစားအစာ

အစားအစာ

ကျန်းမာရေး, အစားအစာ

ဟင်းနုနွယ်စားခြင်းမှ ရရှိနိုင်သောအကျိုးကျေးဇူးများ

ဟင်းနုနွယ်စားခြင်းမှ ရရှိနိုင်သောအကျိုးကျေးဇူးများ#BAWA101

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ

ညဘက်ဗိုက်ဆာလာရင် မစားဖြစ်အောင်ထိန်းသိမ်းမည့်နည်းများ

ညဘက်ဗိုက်ဆာလာရင် မစားဖြစ်အောင်ထိန်းသိမ်းမည့်နည်းများ #BAWA101

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ

ဖရဲသီးစားလျှင် ရရှိနိုင်သော အကျိုးကျေးဇူးများ။

ဖရဲသီးစားလျှင် ရရှိနိုင်သော အကျိုးကျေးဇူးများ။#BAWA101

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ, ကိုးကားစာများ

ဝမ်းချုပ်ခြင်းအတွက် ကောင်းမွန်သော အစားအစာများ

ဝမ်းချုပ်ခြင်းဟာ ခံရခက်တဲ့ရောဂါတွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်နော်။ ဝမ်းချုပ်ခြင်းကို ထူးထူးထွေထွေကုသစရာမလိုဘဲနှင့် နေ့စဉ်နေထိုင်စားသောက်တဲ့အစားအစာလေးတွေမှာ အောက်ပါအစားအစာလေးတွေ ပါဝင်အောင်စားသောက်ပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါလိမ့်မယ်။ ၁) ရေ ရေသောက်နည်းခြင်းဟာ ဝမ်းချုပ်စေတဲ့အဓိကအကြောင်းရင်းတစ်ခုထဲမှာ ပါပါတယ်။ ရေက အူတွေကို စိုစွတ်စေပြီး မစင်တွေကို အူမကြီးထံလွယ်ကူစွာရွေ့လျားနိုင်စေတယ်။ အူမကြီးကနေတဆင့်ခန္ဓာကိုယ် အတွင်းမှ အပြင်သို့ လွယ်ကူစွာထုတ်လွှတ်နိုင်အောင် ကူညီပေးနိုင်တယ်။ ဝမ်းချုပ်ခြင်းကို ကုစားဖို့ ရေနွေး ဒါမှမဟုတ် ရေအေးတစ်ခုခုကို သောက်သင့်ပါတယ်။ ဒါပေမယ့် ရေနွေးသောက်ခြင်းက ရေခဲရေ (သို့) ပုံမှန်ရေထက် ပိုပြီး အူထဲကိုပိုပြီးရှင်းလင်းစေနိုင်ပါတယ်။ တစ်နေ့ကို ရေ ၈ခွက်မှ ၁၀ခွက်ထိသောက်သုံးခြင်းက ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ ၂) အုတ်ဂျုံမှုန့် အုတ်ဂျုံမှာ soluble fiber နဲ့ insoluble fiber ၂မျိုးပါပါတယ်။ soluble fiber ကတော့ ရေကိုစုပ်ယူနိုင်တဲ့အတွက် အူထဲမှာအစာတွေရွှေ့လျားရလွယ်ကူစေပါတယ်။ insoluble fiber ကတော့ အစာတွေများများရွေ့လျားနိုင်အောင်ကူညီပေးပါတယ်။ ၃) ပဲတောင့်ရှည် ပဲတောင့်ရှည်မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါသလို ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတိန်းဓာတ်နဲ့ သတ္တုဓာတ်ကြွယ်ဝစွာပါ ပါတယ်။ ၄) အခွံမာအသီး အခွံမာအသီးများမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့အဆီဓာတ်နဲ့ ပရိုတိန်းဓာတ်များလည်း ပါဝင်ပါသေးတယ်။ ၅) ပန်းသီး ပန်းသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အခြားသောအစာချေလွယ်တဲ့အမျှင်ဓာတ်များ ပါဝင်ပါတယ်။ antioxidant ဓာတ်တိုးပစ္စည်းများလည်းပါဝင်တဲ့အတွက် အစာခြေအဂါၤရပ်တွေယောင်ရမ်းခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ pectin ဆိုသော ဓာတ်တစ်မျိုးပါဝင်ခြင်းကြောင့် အူအတွက် ကောင်းမွန်တဲ့ ဘက်တီးတီးယားတွေကိုတိုးပွားစေနိုင်ပါတယ်။ သင့်အစာခြေစနစ်ကို ထိုဘက်တီးရီးယားတွေက အထောက်အကူပြုနိုင်ပါတယ်။ ၆) ဘယ်ရီသီးများ ဘယ်ရီသီးများက အမျှင်ဓာတ်ရဲ့အဓိကအရင်းအမြစ်ပါပဲ။ အဲဒါကြောင့် သင့်ရဲ့ကယ်လိုရီကိုလျော့ကျစေပြီး ရေဓာတ်များတဲ့အတွက် သင့်ရဲ့ဝမ်းချုပ်တတ်တဲ့ရောဂါကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ဘယ်လိုဘယ်ရီသီးအမျိုးအစားကိုမဆို သင့်ရဲ့ဝမ်းချုပ်တတ်တဲ့ပြ ဿနာကို ပျောက်ကင်းစေနိုင်ပါတယ်။ ၇) စပျစ်သီးများ စပျစ်သီးက သင့်ရဲ့ဝမ်းချုပ်တတ်တဲ့ပြ ဿနာကို ဖြေရှင်းပေးနိုင်တဲ့အစားအစာထဲမှာပါဝင်ပါတယ်။ စပျစ်သီးမှာ အမျှင်ဓာတ် ၂.၆ ဂရမ်ပါဝင်ပါတယ်။ နေ့လည်ခင်းမှာ အဆာပြေအနေနဲ့စားခဲ့ရင် နောက်နေ့မနက်ခင်းမှာ သင့်အတွက် ဝမ်းချုပ်ခြင်း ပြ ဿနာကိုခံစားရမှာမဟုတ်ပါဘူး ။ ၈) ဆီးသီးခြောက် ဆီးသီးခြောက်မှာ soluble fiber နဲ့ insoluble fiber များပြားစွာပါဝင်မှုကြောင့် ဝမ်းနုတ်ဆေးလိုပဲ အစွမ်းထက်ပါတယ်။ အူထဲက အစာခြေစနစ်အတွက်လုပ်ဆောင်ပေးမယ့်ကြွက်သားတွေကို တက်ကြွလာအောင် လှုံ့ဆော်နိုင်တဲ့အတွက် ဝမ်းချုပ်ခြင်းကို ခြေဖျက်နိုင်ပါတယ်။ ၉) ကန်စွန်းဥများ ကန်စွန်းဥမှာ အစာခြေနိုင်တဲ့အမျှင်ဓာတ်များပါဝင်ပါတယ်။ အူမကြီးရဲ့လုပ်ဆောင်ချက်တွေနဲ့ အာဟာရဓာတ်စုပ်ယူမှုတွေကို ပြည့်ဝစွာကူညီပေးနိုင်ပါတယ်။ အူထဲကဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ညီညွှတ်အောင်လှုံ့ဆော်ပေးနိုင်မှုကြောင့် အူမထဲက အစာခြေအင်ဇိုင်းတွေကို တိုးစေပါတယ်။ ၁၀) ပန်းပွင့်စိမ်း ပန်းပွင့်စိမ်းဟာ ဝမ်းချုပ်တတ်သူတွေအတွက် အကောင်းဆုးံအစားအစာပါပဲ။ ပန်းပွင့်စိမ်းတစ်ခွက်မှာ အမျှင်ဓာတ် ၅ ဂရမ်(သို့) ၆ဂရမ်ထိ ပါဝင်နိုင်ပါတယ်။ ပန်းပွင့်စိမ်းကို ချက်ပြုတ်စားခြင်းကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ အနီးစပ်ဆုံး လွယ်ကူစွာ ဝယ်ယူစားသောက်နိုင်တဲ့ အစားအစာလေးတွေကိုပဲ ကောက်နုတ်ဖော်ပြထားတာမို့လို့ နေ့စဉ်လှုပ်ရှားသွားလာရင်းနဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေမယ့် အစားအစာလေးတွေကို အားလုံးသိလောက်ပြီထင်ပါတယ်နော်။#BAWA101

ကျန်းမာရေး အစားအစာ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ရေသောက်ခြင်းဖြင့်ဘယ်လိုဝိတ်ကျစေနိုင်လဲ။

ရေသောက်ခြင်းက ဝိတ်ကျစေတယ်ဆိုတဲ့အကြောင်းကို သင်တစ်ကြိမ်ထက်မက ကြားဖူးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ရေသောက်ခြင်းက အမှန်တကယ်ဝိတ်ကျစေနိုင်လို့လား။ အတိုဆုံးဖြေရမယ်ဆိုရင် ဟုတ်ပါတယ်။ ရေသောက်ခြင်းက သင့်ခန္ဓာကိုယ်တွင်းက ဓာတုဖြစ်စဉ်ပြောင်းလဲမှုတွေကို မြင့်တက်စေဖို့ ကူညီပေးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ အစာစားချင်စိတ်ကို ချိုးနှိမ်ပေးနိုင်ပါတယ်။ အဲဒီ့တော့ ဒီထက်ပိုပြီးသေချာအောင် ဘာလုပ်နေအုံးမှာလဲ။ သင့်ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေဖို့နဲ့ ပေါင်ချိန်ကျဖို့ တစ်နေ့ကို ရေ ၈ခွက်ကနေ ၁၀အတွင်းသောက်ဖို့ အကြံပေးချင်ပါတယ်။ အဆင့် ၁) အစာမစားမီရေသောက်ပါ။ အစားမစားမီရေသောက်ခြင်းက သင့်ကိုပြည့်တင်းနေစေတဲ့အတွက် သင်စားမယ့်အစာပမာဏကို လျော့ကျသွားစေပါတယ်။ ကျန်းမာရေးဝက်ဆိုက်တစ်ခုဖြစ်တဲ့ WebMD က အစာမစားမီရေသောက်ခြင်းက ပျမ်းမျှအားဖြင့် ၇၅ ကယ်လိုရီခန့်လျော့ကျစေနိုင်ပါတယ်လို့ဖော်ပြထားပါတယ်။ အစာတစ်ခါမစားမီ တစ်ခါရေသောက်ခြင်းက သင့်ကို အနည်းဆုံး တစ်နှစ်မှာ ကယ်လိုရီ ၇၅၀၀၀ခန့် လျော့ကျစေနိုင်ပါတယ်။ တွက်ချက်ကြည့်မယ်ဆိုရင်ရေသောက်ခြင်းကြောင့် တစ်နှစ်မှာ ၈ပေါင်ခန့် ဝိတ်လျှော့ကျစေနိုင်ပါတယ်။ အခုပဲ အစာမစားမီ ရေသောက်ဖို့ စိတ်ကူးလိုက်ပါတော့။ အဆင့်၂) ကယ်လိုရီများတဲ့သောက်စရာတွေကို ရေဖြင့်အစားထိုးပါ။ ဆိုဒါတွေနဲ့ အခြားအချိုရည်တွေကို လွှင့်ပစ်ပြီးသင့်ခန္ဓာကိုယ်ဝိတ်ကျစေဖို့ကူညီပေးတဲ့ ရေနဲ့အစားထိုးလိုက်ပါတယ်။ ရေသောက်ရတာရိုးလာတဲ့အခါ ရှောက်သီးကိုအကွင်းလေးတွေလှီးပြီး ရေထဲထည့်သောက်လို့ရပါတယ်။ ရှောက်သီး ဒါမှမဟုတ် သံပုရိုသီးအကွင်းလိုက်လေးထည့်ထားတဲ့ရေတစ်ဖန်ခွက်က သင့်ပေါင်ချိန်ကျဖို့ ကူညီပေးပါလိမ့်မယ်။ ရှောက်သီး (သို့) သံပုရိုသီးမှာပါတဲ့ pectin ဆိုတဲ့ဓာတ်တစ်မျိးက အစာအစားချင်စိတ်ကိုလျော့ကျစေနိုင်ပါတယ်။ ရေက အမှန်တကယ်ဝိတ်မကျစေဘူးလို့ ထင်နေတယ်ဆိုရင် သင်သောက်နေကျ သကြားဓာတ်များတဲ့အချိုရည်တွေကို ရက်သတ္တပတ်အနည်းငယ်ခန့် မသောက်ဘဲနေကြည့်လိုက်ပါ။ ခြားနားမှုကို သင်မြင်လာပါလိမ့်မယ်။ အဆင့်၃) ရေခဲရေသောက်ပါ။ ရေခဲရေသောက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်မှ ဓာတုဗေဒအရဖြစ်ပေါ်တဲ့ပြောင်းလဲခြင်းတွေကို မြင့်တက်စေနိုင်တဲ့အတွက် ရေဓာတ်ပြည့်ဝပြီး အလုပ်ပိုလုပ်နိုင်လာပါလိမ့်မယ်။ အဲဒါကြောင့်ကယ်လိုရီတွေပိုပြီးလောင်ကျွမ်းစေနိုင်တဲ့အတွက် ဝိတ်ကျဖို့ အကူအညီဖြစ်စေနိုင်ပါတယ်။ အဆင့်၄) GYM ဆော့ပါ။ ရေသောက်ခြင်းက ကြွက်တက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး သင့်ရဲ့အဆစ်အမြစ်တွေကို လှုပ်ရှားရလွယ်ကူစေနိုင်ပါတယ်။ အဲဒါကြောင့် သင်ပိုပြီး ရှည်ကြာအောင်၊ ပိုပြီး ပြင်းထန်အောင် လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ လှုပ်ရှားမှုများတဲ့အခါ ရေသောက်ချင်စိတ်ပိုဖြစ်လာတဲ့အတွက် သင့်ကိုဝိတ်ကျစေနိုင်ပါတယ်။ . အဆင့်၅) ရေသောက်တာလုံလောက်မှုရှိမရှိ သေချာအောင်လုပ်ပါ။ ရေသောက်ပြီး သင့်ရဲ့ဝိတ်ကိုအမှန်တကယ်ချချင်တယ်ဆိုရင် အောက်ပါ နည်းလမ်းတွေကို သင်လိုက်နာသင့်ပါတယ်။ တစ်နေ့ကို ရေ ၈ခွက်သောက်ပြီး ဝိတ်ကျအောင်လုပ်ပြီး သင်လိုချင်တဲ့ပေါင်ချိန်ရသည့်အထိ ထိန်းသိမ်းပါ။ လေ့ကျင့်ခန်းပြင်းထန်အောင်လုပ်ပြီး ချွေးထွက်များတဲ့အခါ ရေပိုသောက်ပါ။ ဒါမှမဟုတ် ရေနည်းနည်းပဲသောက်တယ်ဆိုရင် ဆေးဘက်ဝင်တဲ့လက်ဖက်ရည်တစ်ခုခုသောက်ပါ။ ကဖင်းဓာတ်တော့နည်းပါစေ။ Trent Nessler(managing director of Baptist Sports Medicine in Nashville) ကတော့ နေ့တိုင်းမှာ သင့်ပေါင်ချိန်တစ်ပေါင်အတွက် ရေအောင်စဝက်နဲ့ ရေတစ်အောင်စ ကြား ပမာဏလောက်တော့ သောက်ဖို့ကြိုးစားသင့်တယ်လို့ ပြောခဲ့ပါတယ်။ ရေဓာတ်မလုံလောက်ဘူးဆိုရင် သင်ဘယ်လိုသိနိုင်မလဲ။ ယေဘုယျအားဖြင့်တော့ သင်သန့်စင်ခန်းသွားပြီးတဲ့နောက် စစ်ဆေးရန်လိုအပ်ပါတယ်။ သင်ကရေဓာတ်ပြည့်ဝသူဖြစ်တယ်ဆိုရင်တော့ သင့်ရဲ့ဆီးက ကြည်လင်ပြီး အဝါဖျော့ရောင်လေးဖြစ်နေပါလိမ့်မယ်။ သင့်ရဲ့ဆီးက အရောင်ရင့်နေတယ်ဆိုရင်တော့ သင်က ရေကိုပုံမှန်သောက်နေကျထက် ပိုသောက်ဖို့လိုနေပါပြီ။ အထူးသဖြင့် သင့်ရဲ့ပေါင်ချိန်ကျချင်တယ်ဆိုရင်ပေါ့။ ဝိတ်ချဖို့အတွက် ရေဓာတ်လုံလောက်မှုရှိမရှိကို သိချင်ရင် အဲဒီအကြမ်းဖျင်းနည်းလမ်းနဲ့ သိနိုင်ပါတယ်။ https://www.gaiam.com/blogs/discover/how-drinking-more-water-can-help-you-lose-weight မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။ #BAWA101

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

organic အစားအစာတွေ စားသုံးခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများ

သင်ရဲ့အစားအစာတွေကို ဘယ်လိုစိုက်ပျိုးသလဲဆိုတာက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုကျန်းမာရေးပေါ်မှာ ဒါမှမဟုတ် သင့်ရဲ့ကျန်းမာရေးနဲ့ သင့်ပတ်ဝန်းကျင်အပေါ်မှာ အကျိုးသက်ရောက်မှုရှိနိုင်ခြင်းက အထူးသဖြင့် မြင့်တက်လာနေပါတယ်။ အော်ဂဲနစ်အစားအစာတွေက ပုံမှန်အတိုင်းစိုက်ပျိုးထားတဲ့အခြားအစားအစာတွေထက် Antioxidants ကဲ့သို့သော အာဟာရအကျိုးသက်ရောက်မှုပိုပြီးရနိုင်ပါတယ်။ လူတွေက အစားအစာနဲ့ပတ်သက်ပြီး ဓာတုဗေဒနဲ့ပြုလုပ်ထားတာတွေ၊ တာရှည်ခံဆေးတွေနဲ့ပြုလုပ်ထားတာတွေကြောင့် အဆိပ်သင့်တာတွေဖြစ်နိုင်ပါတယ်။ အဲဒါတွေကြောင့် အဆိပ်သင့်ခြင်းဖြစ်စေနိုင်တဲ့လက္ခဏာတွေနည်းသထက်နည်းနိုင်တဲ့ အော်ဂဲနစ်အစားအစာတွေကိုသာ စားသုံးလာကြပါတယ်။ - အော်ဂဲနစ်အစားအစာတွေမှာ ပိုးသတ်ဆေးတွေပါဝင်မှုနည်းပါးပါတယ်။ ပုံမှန်အတိုင်းစိုက်ပျိုးတဲ့အသီးအနှံတွေမှာ ဓာတုဗေဒနဲ့ပြုလုပ်ထားသောဆေးတွေ ဥပမာ မှိုသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေ စသည့်ဆေးတွေကို သုံးကြပါတယ်။ အဲဒါကြောင့် အဲလိုစိုက်ပျိုးထားတဲ့အသီးအနှံတွေကို ကျွန်တော်တို့စားသုံးတဲ့အခါမှာ ပိုးသတ်ဆေးအကြွင်းအကျန်တွေကျန်နေတတ်ပြီး စားသုံးမိတတ်တဲ့အတွက် ကျန်းမာရေးနဲ့မညီညွှတ်နိုင်ပါဘူး။ - အော်ဂဲနစ်အစားအစာတွေက ပိုပြီး လတ်ဆတ်ပါတယ်။ အော်ဂဲနစ်အစားအစာတွေမှာ ကြာရှည်ခံဆေးတွေမသုံးထားတဲ့အတွက် ပိုပြီးလတ်ဆတ်ပါတယ်။ အော်ဂဲနစ်အစားအစာတွေက အသေးစားတောင်ယာတွေက ခြံထွက်အစားအစာတွေဖြစ်ပြီးတော့ အဲဒီမှာတင် ဝယ်ယူနိုင်အောင်ရောင်းချတာမို့ ပိုပြီးလတ်ဆတ်နိုင်ပါတယ်။ - အော်ဂဲနစ်အစားအစာတွေက ပတ်ဝန်းကျင်အတွက်ပိုကောင်းပါတယ်။ အော်ဂဲနစ်ခြံထွက်အစားအစာတွေက ညစ်ညမ်းမှုကိုလျော့ကျစေပြီး ရေမညစ်ညမ်းစေခြင်း၊ မြေတိုက်စားခြင်းကိုလျော့ကျစေခြင်း၊ မြေသြဇာဓာတ်ကို တိုးစေခြင်း၊ စွမ်းအင်အသုံးပြုမှုနည်းပါခြင်း စသည်တို့ကြောင့် ပတ်ဝန်းကျင်အတွက်ပိုကောင်းပါတယ်။ ပိုးသတ်ဆေးတွေမသုံးဘဲ စိုက်ပျိုးခြင်းက အနီးနားမှာရှိသော တိရစ္ဆာန်တွေ၊ ငှက်တွေနဲ့ အနီးနားမှာနေထိုင်တဲ့လူတွေရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပါတယ်။ - တိရစ္ဆာန်တွေကို တမင်ဖန်တီးထားသော အစာကျွေးခြင်း၊ ဟော်မုန်းဓာတ်များပြားစေခြင်း၊ ပဋိဇီဝဆေးများပေးခြင်း စသည်တို့ကိုမပြုလုပ်ခြင်း မွေးမြူရေးခြံမှ တိရစ္ဆာန်များကို ဓာတုပစ္စည်းဖြင့်ပြုလုပ်ထားတဲ့အစားအစာများကျွေးခြင်းက တိရစ္ဆာန်ရူးသွပ်ခြင်း(BSE) ရောဂါဖြစ်ပွားမှုမြင့်တက်စေနိုင်ပါတယ်။ ပဋိဇီဝဆေးများကို အသုံးပြုခြင်းကလည်း ဘက်တီးရီးယားများမှ ပဋိဇီဝယဉ်ပါးရောဂါမျိုးကို ဖြစ်စေတတ်ပါတယ်။ အော်ဂဲနစ်အရ တိရစ္ဆာန်များကိုမွေးမြူခြင်းကတော့ တိရစ္ဆာန်တွေ လှုပ်ရှားသွားလာဖို့ နေရာကျယ်ဝန်းစွာပေးထားနိုင်ခြင်းကြောင့် တိရစ္ဆာန်များရဲ့နာမကျန်းဖြစ်ခြင်းကို ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ အခြားသောရောဂါများမဖြစ်ပွားစေနိုင်တဲ့အတွက် ကူးစက်ရောဂါများမဖြစ်ပွားနိုင်တော့ဘဲ စားသုံးသူအတွက်လည်း စိတ်ချရစေနိုင်ပါတယ်။ - အော်ဂဲနစ်အသားများနှင့် နို့များက အာဟာရဓာတ်ပိုပြီး ပြည့်ဝစွာပါဝင်ပါတယ်။ ဥရောပမှာ ၂၀၁၆ခုနစ်ရဲ့စစ်တမ်းများအရ အာဟာရဓာတ်ပိုပြီး ပြည့်ဝစွာပါဝင်ပါတယ်လို့သိရပါတယ်။ အော်ဂဲနစ်အသားနှင့်နို့မှာ အိုမီဂါ ၃ ဖက်တီအက်ဆစ် ၅၀ရာခိုင်နှုန်း ပါဝင်ခြင်းတို့ကြောင့် အစဉ်အလာအတိုင်းစိုက်ပျိုးတာထက်ပိုပြီး အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။ - အော်ဂဲနစ်အစားအစာမှာ GMO မပါဝင်ပါဘူး မျိုးရိုးဗီဇအရပြုပြင်ပြောင်းလဲထားသောသက်ရှိ Genetically Modified Organisms (GMO) ဒါမှမဟုတ် genetically engineered (GE) ကိုဆိုလိုခြင်းဖြစ်ပါတယ်။ အစားအစာတွေက အပင်တွေရဲ့ DNAကို တလှည့်စီပြောင်းလဲပစ်တဲ့နည်းစနစ်ကို သုံးခြင်းက သဘာဝအရမဖြစ်ပေါ်နိုင်ဘဲ မျိုးစပ်ထားတာမျိုးပါ။ ပိုးသတ်ဆေးတွေ၊ အင်းဆက်သတ်ဆေးတွေဒဏ်ကို ပိုပြီးခံနိုင်စေရန်အလို့ငှာ ထိုကဲ့သို့ ပြုပြင်ထားခြင်းဖြစ်ပါတယ်။ သဘာဝအတိုင်းမဟုတ်တော့ဘဲ ထိုကဲ့သို့ပြုပြင်ထားခြင်းကြောင့် ကျန်းမာရေးနဲ့မသင့်တော်တာတွေဖြစ်နိုင်ပါတယ်။ အော်ဂဲနစ်အစားအစာတွေမှာတော့ GMO မပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ပိုပြီးသင့်တော်နိုင်ပါတယ်။ https://www.helpguide.org/articles/healthy-eating/organic-foods.htm#benefits မှ ဘာသာပြန်ဖော်ပြထားပါတယ်။#BAWA101

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ, ကိုးကားစာများ

လေလည်ကောင်းအောင် ဘာအစားအစာတွေ စားသင့်သလဲ နှင့် လေလည်ခြင်း၏ အကျိုးကျေးဇူးများ။

လေမလည်တဲ့အခါ နေရထိုင်ရခက်တာ ကြုံဖူးကြမှာပါ။ လေလည်ဖို့အတွက်စားသင့်တဲ့အစားအစာတွေကတော့ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ၊ ငှက်ပျောသီး၊ ပန်းသီး၊ မက်မွန်သီး၊ နို့၊ ဒိန်ချဉ်၊ ချိစ်၊ ဂျုံပေါင်မုန့်၊ အုတ်ဂျုံ နှင့် ပဲအမျိုးမျိုး စသည်တို့ဖြစ်ပါတယ်။ လေလည်ခြင်းက ကျန်းမာရေးနဲ့ ဘာကြောင့်ညီညွတ်စေလဲဆိုတာ အောက်ကအချက်လေးတွေ ဖတ်ကြည့်လိုက်ပါအုံး။ ၁) ပြည့်တင်းခြင်းကိုလျော့ကျစေခြင်း အစားအစာတွေကို ပြည့်အင့်နေအောင် စားပြီးတဲ့အခါ သင့်ရဲ့ဝမ်းဗိုက်တစ်ဝိုက်မှာ ပြည့်တင်းမှုကို ခံစားရမှာပါ။ ဂတ်စ်တွေ မထုတ်လွှတ်ခြင်းက အဓိက တရားခံပါပဲ။ အဲဒီ့အခါ သင်နေရထိုင်ရ ကသိကအောက်ဖြစ်နေမှာပါ။ ထိုကဲ့သို့အချိန်မျိုးမှာ လေလည်လိုက်ခြင်းက သင့်ရဲ့ပြည့်တင်းမှုတွေကို ပြေလျော့သွားစေပါတယ်။ ၂) အူမကြီးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခြင်း သင့်ရဲ့အစာအိမ်ထဲမှာ ဂတ်စ်တွေ ပြည့်အင့်နေပြီး လေမလည်ခြင်းက သင့်ကို အူမကြီးနဲ့ဆိုင်တဲ့ကျန်းမာရေးပြ ဿနာတွေဖြစ်ပွားစေနိုင်ပါတယ်။ လေအောင့်တာလိုမျိုး မခံချိမခံသာဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် လေလည်လိုက်ခြင်းအားဖြင့် အူမကြီးဆိုင်ရာပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်စေပါတယ်။ ၃) အူကျန်းမာရေးနဲ့ အူထဲက ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေနိုင်ခြင်း ကာဗွန်ဟိုက်ဒရိုတ်ပါတဲ့အစားအစာတွေက လေလည်စေပါတယ်။ လေလည်စေတဲ့အစားအစာတွေကို မစားဘူးဆိုရင် အူထဲမှာ အစာသယ်ယူစနစ်အတွက်လုပ်ဆောင်ပေးနေတဲ့ ဘက်တီးရီးယားလေးတွေကို မရှင်သန်စေတော့ပါဘူး။ အဲဒါကြောင့် အူလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်ပွားနိုင်ပြီး အစာချေစနစ်ကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ အဲဒါကြောင့် လေလည်တဲ့အစားအစာတွေကို စားသင့်ပြီး လေလည်ခြင်းက အူကျန်းမာရေးနဲ့ အူထဲက ဘက်တီးရီးယားတွေကို ရှင်သန်စေနိုင်ပါတယ်။ ၄) ကျန်းမာရေးကောင်းကြောင်း အချက်ပြခြင်း လေလည်ခြင်းက ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုရှိပါတယ်။ လေလည်တဲ့ပေါ်မူတည်ပြီး သင့်ကျန်းမာရေးအခြေအနေကို ခန့်မှန်းနိုင်ပါသေးတယ်။ လေလည်တဲ့အခါ အနံဆိုးဝါးပြီး ဗိုက်အောင့်တတ်တာမျိုး၊ မကြာခဏအကြိမ်ရေများများဆက်တိုက်လေလည်တာမျိုးက သင့်ရဲ့ကျန်းမာရေးမကောင်းဘူးဆိုတာကို ပြောပြနေတာပါ။ ၅) သင့်ရဲ့အစားအစာကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ မတူညီနိုင်တဲ့ အစားအစာမျိုးစုံက ဂတ်စ်မျိုးစုံက ထုတ်ပေးနိုင်ပါတယ်။ သင့်အူထဲမှာ ဘယ်လိုအစာမျိုးကို လိုအပ်နေသလဲဆိုတာကိုလည်း သင်ခန့်မှန်းနိုင်ပါသေးတယ်။ ဥပမာ၊ သင်က လေလည်တာနည်းနေတယ်ဆိုရင် သင်စားမယ့်အစားအစာထဲမှာ ပဲနီလေး၊ ပဲတောင့်ရှည်၊ ကိုက်လန် စသည်တို့ကို စားဖို့လိုနေပါပြီ။ ၆) သင့်ရဲ့လေလည်တဲ့အနံက သင့်အတွက်ကျန်းမာရေးကောင်းစေနိုင်ပါတယ်။ အမှန်ပါပဲ၊ လေလည်လိုက်တဲ့အခါ ထွက်လာတဲ့ hydrogen sulfide ဓာတ်က သင့်အတွက် နေမကောင်းဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ၇) နေရထိုင်ရသက်သာစေပါတယ်။ ဂတ်စ်တွေအများကြီးကို သင်သယ်ဆောင်ထားရတဲ့အခါ သင့်မှာမအီမသာဖြစ်တတ်ပါတယ်။ သင့်မျက်နှာထားကလည်း ဆိုးဝါးတဲ့သဏ္ဍာန်ဖြစ်နေမှာပါ။ သက်တောင့်သက်သာမရှိ၊ အာရုံစူးစိုက်မှုမရှိဖြစ်ပြီး နေထိုင်ရခက်စေပါတယ်။ လေလည်လိုက်တဲ့အခါ သင့်အတွက် နေထိုင်ရသက်သာသွားစေမှာပါ။ လေလည်ခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးတွေတော့ သိသွားလောက်ပါပြီနော်။ https://www.littlethings.com/farting-health-benefits/ မှ ဘာသာပြန်ပြီး ကိုးကားဖော်ပြပါတယ်။ #BAWA101

ကျန်းမာရေး အစားအစာ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ

ဒူးရင်းသီးစားခြင်း၏ အကျိုးကျေးဇူးများ။

တစ်ချို့က အနံပြင်းလွန်းလို့ မစားချင်တဲ့ ဒူးရင်းသီးမှာ မယုံကြည်နိုင်လောက်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေရှိနေပါတယ်။ တစ်ချို့ကလည်း နှစ်သက်လွန်းလို့ စားကြတဲ့ အသီးဖြစ်ပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေတော့ တော်တော်များများမသိလောက်သေးဘူးထင်ပါတယ်နော်။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ

ပျားရည်၏ကောင်းကျိုးများ

အိမ်ကလူကြီးတွေ ပျားရည်စစ်စစ်ဆို ရွှေလိုတန်ဖိုးထားတတ်ကြတာ မြင်ဖူးတယ်မလား။ ဘာလို့အဲလောက်တောင် ပျားရည်ကို တန်ဖိုးထားရတာလဲဆိုတဲ့ ပျားရည်ရဲ့ကောင်းကျိုးတွေကို တိတိကျကျသိသွားအောင် ပြောပြပေးချင်ပါတယ်။ ပျားရည်ရဲ့ကောင်းကျိုးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။ ၁) ကင်ဆာရောဂါနဲ့ နှလုံးရောဂါကို ကာကွယ်ဖို့ကူညီနိုင်ပါတယ်။ပျားရည်မှာ flavonoids လို့ခေါ်တဲ့ antioxidants ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲဒီ့ဓာတ်က ကင်ဆာရောဂါအချို့ဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင် နှလုံးရောဂါကိုလည်း ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ ၂) ပြည်တည်နာတွေနဲ့ အခြားသော အူရောင်ရမ်းနာတာတွေကို လျော့ကျစေနိုင်ပါတယ် ။မကြာသေးမီက လေ့လာတွေ့ရှိချက်အရ ပျားရည်က ပြည်တည်နာနှင့် ဘက်တီးရီးယားတွေကြောင့် အူရောင်ရမ်းတာမျိုး၊ အစာအိမ်အနာဖြစ်တာမျိုးကို ကုသနိုင်တယ်လို့ဖော်ပြထားပါတယ်။ အောက်မှာဖော်ပြမယ့် ၃ချက်မြောက်နဲ့ ပတ်သက်မှုရှိပါတယ်။ ၃) မှိုနဲ့ဆိုင်သော ၊ ဘက်တီးရီးယားနဲ့ဆိုင်သော ရောဂါတွေကို လျော့ကျစေနိုင်ပါတယ်။ ပျားရည်အားလုံးဟာ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျားတွေက အင်ဇိုင်းတွေကိုကို ထပ်ပြီးပေါင်းထပ်ထားပါတယ်၊ အင်ဇိုင်းတွေမှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဓာတ်ပါဝင်ပါတယ်။ ထိုဓာတ်က ဘက်တီးရီးယားတွေကိုသေစေနိုင်တာပါ ဆိုပြီး New Zealand.မှာရှိတဲ့ University of Waikato မှ ပျားရည်ရှာဖွေလေ့လာမှု အဖွဲ့ ဒါရိုက်တာ Peter Molan ကပြောပြခဲ့ပါတယ်။ ၄) ပြေးခုန်ပစ်အားကစားနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်စေနိုင်ပါတယ်။ ရှေးခေတ် အိုလံပစ် ပြေးခုန်ပစ်အားကစားသမား တွေကသူတို့ရဲ့ လုပ်ဆောင်ချက်တွေ တိုးတက်စေဖို့ ပျားရည်နဲ့ ကတွတ်သီးခြောက်ကို စားပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းက ဒီနေ့ခေတ်လေ့လာတွေ့ရှိချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါမှာတော့ အခြားသော ချိုစေတဲ့အရာတွေထက်စာရင် ပျားရည်က glycogen (ကစီဓာတ်ကိုသိုလှောင်ထားသည့် ဓာတ်တစ်မျိုး) ပမာဏကို အမြင့်ဆုံးဖြစ်အောင်ထိန်းထားနိုင်တာကို တွေ့ရှိရပါတယ်။ ၅) ချောင်းဆိုးခြင်းကို နှင့် လည်ချောင်းယားခြင်းကို လျော့ကျစေနိုင်ပါတယ်။ ပျားရည်နဲ့ buckwheat ဆိုတဲ့အစေ့ကို ရောစားခြင်းဖြင့် ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။ ကလေးသူငယ် ၁၀၅ယောက်ကိုလေ့လာကြည့်တဲ့အခါ buckwheat honey တစ်ခါစားထားတဲ့ကလေးက dextromethorphan ဆေးတစ်မျိုးသောက်သုံးထားတဲ့အကျိုးနဲ့အတူတူဖြစ်ပြီး ညစဉ်ညတိုင်း မအိပ်နိုင်အောင် ချောင်းဆိုးတဲ့ရောဂါမျိုးကို သက်သာရာရစေပြီး ကောင်းစွာ အိပ်ပျော်ဖို့ အကျိုးသက်ရောက်မှုရှိတာကိုတွေ့ရပါတယ်။ ၆) အခြားသောရောဂါများကို ကုသဖို့ကူညီပေးနိုင်ခြင်း ပျားရည်ကို အိန္ဒိယမှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ခန့်ကတည်းက Ayurvedic လို့အမည်ရတဲ့ဆေးတစ်မျိုးမှာ သုံးခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့မညီမျှမှုတွေကို ထိန်းညှိပေးနိုင်တဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ အမြင်အာရုံကောင်းအောင် ကူညီပေးနိုင်ခြင်း၊ ဝိတ်ကျစေခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ လမစေ့ဘဲကလေးမွေးခြင်း၊ ဆီးလမ်းကြောင်း ရောဂါများဖြစ်ပွားခြင်း၊ အဆုတ်ပြွန်နဲ့ဆိုင်သော ရင်ကြပ်ရောဂါများ၊ ဝမ်းလျောခြင်း နှင့် မအီမသာဖြစ်ပြီး ပျို့အန်ခြင်း စတဲ့ရောဂါတွေကို ကုသဖို့ ကူညီပေးနိုင်ပါတယ်။ ၇) သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ပျားရည်မှာ သကြားပါဝင်ပေမယ့် white sugar နှင့် တမင်ချိုအောင်ဖန်တီးထားသော အချိုဓာတ်မဟုတ်ပါဘူး။ fructose နဲ့ glucose ပေါင်းစပ်ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်မှ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် ဆီးချိုသမားတွေအတွက် ပျားရည်ကအဆင်ပြေစေပါတယ်။ အခုလောက်ဆိုရင်တော့ ပျားရည်ရဲ့ကောင်းကျိုးလေးတွေသိသွားလောက်ပြီထင်ပါတယ်နော်။ မိမိနှင့်ပျားရည်တည့်မတည့်ဆိုတာကတော့ မိမိပြသသော ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကြည့်တာအကောင်းဆုံးပါပဲ။ ပျားရည်မှမဟုတ်ပါဘူး မည်သည့် ကျန်းမာရေးနှင့်ပါတ်သက်သည့် အကြောင်းအရာကိုမဆို တာဝန်ရှိသော ဆရာဝန်နှင့်အသေးစိတ် ဆွေးနွေးပြီး သုံးဆောင်တာအကောင်းဆုံးပဲဖြစ်ပါတယ်။ #BAWA101

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ

ဝိုင်သောက်ခြင်း၏ အကျိုးကျေးဇူးများ

ဝိုင်သောက်ပြီး ပျော်ရွှင်စရာအချိန်လေးတွေဖန်တီးနိင်တယ်ဆိုတာ ငြင်းစရာတော့မရှိပါဘူးနော်။ အဲဒါရဲ့နောက်ဆက်တွဲ ကောင်းကျိုးတွေလည်း အများကြီး ရှိပါသေးတယ်။ ကျန်းမာရေးအတွက် ဘာကြောင့် ဝိုင်သောက်သင့်သလဲဆိုတာ သိရအောင် အောက်ကအချက်လေးတွေဆက်ဖတ်ကြည့်လိုက်ပါအုံး။

ကျန်းမာရေး အစားအစာ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။