အစားအစာ

အစားအစာ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

နေကြာစေ့ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

နေကြာစေ့မှာ polyunsaturated နဲ့ monounsaturated fats တွေပါဝင်တဲ့အတွက် ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ နေကြာစေ့ရဲ့ကောင်းကျိုးတွေကို ဖတ်ကြည့်လိုက်ပါအုံး။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ပန်းငရုတ်ပွရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူး ၁၁ခု

ပန်းငရုတ်ပွမှာ မျက်လုံးကျန်းမာရေး၊ ခုခံအား၊ သန္ဓေသားအတွက် အာဟာရ၊ ဝိတ်ကျစေဖို့၊ အစာခြေစနစ် စတဲ့အကျိုးများစေတဲ့ အာဟာရဓာတ်တွေများစွာ ပါဝင်ပါတယ်။ အခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီး ရှိပါသေးတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

သင့်သွေးလွှတ်ကြောတွေကို သန့်စင်ပေးမယ့် အစားအစာ ၁၀မျိုး

ကမ္ဘာပေါ်မှာ နံပါတ် တစ် လူသတ်သမားက နှလုံးရောဂါပဲဖြစ်ပါတယ်။ လေးယောက်မှာတစ်ယောက်နှုန်းနဲ့သေဆုံးနေတယ်လို့ Centers for Disease Control and Prevention (CDC) အဖွဲ့ကဖော်ပြထားပါတယ်။ နှလုံးရောဂါဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းကတော့ သွေးလွှတ်ကြောတွေရဲ့နံရံမှာ အညစ်အကြေးတွေစုပုံလာတဲ့အခါ အတွင်းနံရံက ကျဉ်းမြောင်းလာပါတယ်။ နောက်ဆုံးမှာတော့ သွေးလည်ပတ်စီးဆင်းမှုကို ပိတ်ဆို့လာစေပါတယ်။ ခန္ဓာကိုယ်ရဲ့မတူညီတဲ့တစ်ရှုးစတွေဆီကို အောက်ဆီဂျင်ပို့ပေးတဲ့တာဝန်ကို သွေးလွှတ်ကြောတွေက လုပ်ဆောင်ရပါတယ်။ အညစ်အကြေးတွေစုပြုံလာခြင်းက သွေးစီးဆင်းမှုကို အတားအဆီးဖြစ်စေပြီး ထိုပိတ်ဆို့နေတဲ့ သွေးလွှတ်ကြောတွေက ပြဿနာဖြစ်လာစေပါတယ်။ သွေးလွှတ်ကြောမှာအညစ်အကြေးတွေစုပြုံလာခြင်းကြောင့် လိုအပ်တဲ့နေရာတွေကို အောက်ဆီဂျင်လိုသလောက်မရောက်နိုင်တော့ဘဲ နှလုံးရှော့ဖြစ်ခြင်း၊ လေဖြတ်ခြင်းနဲ့ အခြားသွေးကြောဆိုင်ရာရောဂါတွေဖြစ်လာပါတယ်။ အဲဒါကြောင့် သင့်ရဲ့သွေးလွှတ်ကြောတွေကို သန့်စင်ပြီး ပိတ်ဆို့နေတဲ့အန္တရာယ်က ကာကွယ်စေဖို့ ဘာလုပ်သင့်သလဲ။ သွေးလွှတ်ကြောတွေကို သန့်စင်စေတဲ့အစားအစာကို စားသုံးခြင်းက သင့်ရဲ့သွေးလွှတ်ကြောတွေ ပျက်စီးခြင်းက ကာကွယ်နိုင်တဲ့ သဘာဝဆေးနည်းတစ်မျိုးပါပဲ။ အောက်ပါ အစားအစာ ၁၀မျိုးက သင့်ရဲ့သွေးလွှတ်ကြောကို သန့်စင်စေနိုင်ပါတယ်။ သွေးလွှတ်ကြောပိတ်ဆို့ခြင်းကနေလည်း ကာကွယ်ပေးနိုင်တဲ့အကောင်းဆုံးအစားအစာပါပဲ။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဘာကြောင့် ဗံဒါစေ့ကို စားသုံးသင့်တာလဲ။

ဗံဒါစေ့က ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ အစေ့အဆံတစ်မျိုးဖြစ်ပါတယ်။ ဗံဒါစေ့မှာ သတ္တုဓာတ်၊ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ အခြားကျန်းမာရေးအတွက် အရေးကြီးတဲ့ဓာတ်တွေအများကြီး ပါဝင်ပါတယ်။ super – nut လို့တောင် တင်စားကြပါတယ်။ လေ့လာချက်တွေအရ ဗံဒါစေ့သေးသေးလေးထံကနေ ရနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ များပြားလှပါတယ်။ ဗံဒါစေ့ကို ဘာကြောင့်စားသုံးသင့်သလဲဆိုတဲ့ ကောင်းကျိုး ၁၀ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

မအိပ်ခင်စားသင့်သောအစားအစာများ

အိပ်ရေး၀၀အိပ်စက်ခြင်းက သင့်ကျန်းမာရေးအတွက်အရေးကြီးပါတယ်။ သင်နှစ်ခြိုက်စွာအိပ်မောကျစေဖို့ အစားအစာတွေက အများကြီးကူညီနိုင်ပါတယ်။ နှစ်ခြိုက်စွာအိပ်မောကျစေဖို့ ဦးနှောက်ကနေထုတ်လွှတ်ပေးတဲ့ဟော်မုန်း melatonin နဲ့ serotonin ၂မျိုးကို ဖြစ်ပေါ်စေတဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ကိုက်လန်စားခြင်းရဲ့ကောင်းကျိုးများ

ကိုက်လန်မှာ ဗီတာမင် ကေ၊ အေ၊ စီ ၊ ဘီ နဲ့ ကယ်လဆီယမ်၊ ကော့ပါ၊ မဂ္ဂနီစ် စတဲ့ ဓာတ်တွေပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ “the queen of greens” လို့တောင် တင်စားကြပါတယ်။ ကိုက်လန်စားခြင်းကြောင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ပျော်ရွှင်သောဘဝ, ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ရေဓာတ်ချို့တဲ့နေမှန်းပြသနေသော လက္ခဏာများ

ထမင်းအသက် ၇ရက်၊ ရေအသက်တစ်မနက်ဆိုသလိုပဲ။ ရေဓာတ်က ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အများကြီးအရေးပါပါတယ်။ သက်ရောက်မှုလည်း အများကြီးရှိပါတယ်။ ရေဓာတ်ချို့တဲ့သောအခါမှာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တစ်ချို့လည်း အဆင်မပြေနိုင်သလို၊ ကျောက်ကပ်အတွက်လည်း လုံးဝမကောင်းပါဘူး။ အခြားသောနောက်ဆက်တွဲ ရောဂါတွေလည်း အများကြီးဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ရေဓာတ်ချို့တဲ့ တဲ့အခါမှာ ဖြစ်လာနိုင်တဲ့ လက္ခဏာလေးတွေ ဖတ်ကြည့်လိုက်ပါအုံး။

ပျော်ရွှင်သောဘဝ ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဘာကြောင့် grapefruit ကိုစားသုံးသင့်တာလဲ။

Grapefruit သီးက ဝိတ်ကျစေတဲ့ဆိုတဲ့အချက်နဲ့ လူသိများကြပါတယ်။ တကယ်တော့ အဲဒါထက် ပိုများတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေအများကြီး ရှိပါသေးတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေနိုင်တဲ့ antioxidant တွေလည်း ပါဝင်ပါသေးတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

သရက်သီးစားခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ

သရက်သီးကို “the king of fruits”လို့တောင် တင်စားကြပါတယ်။ မြန်မာစကားပုံမှာဆိုလည်း အသီးမှာ သရက် ဆိုပြီး အသီးတွေထဲမှာမှ စားအကောင်းဆုံးအသီးအဖြစ်ပြောတတ်ကြပါတယ်။ သရက်သီးကို စားကောင်းတာလူတိုင်းသိကြပေမယ့် သရက်သီးစားတဲ့အခါ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေပါ သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

အိုမင်းရင့်ရော်ခြင်းကိုနှေးစေသောအသီးအနှံ ၆မျိုး

အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းဆိုတာက သင်ရောက်ရှိနေတဲ့အသက်ထက် ကြီးရင့်တဲ့အရွယ်လို့ ထင်မှားမိတာမျိုးပါ။ ထိုကဲ့သို့ အရွယ်မတိုင်မီ ပိုပြီးအသက်ကြီးသလိုထင်ရတာမျိုးကို ဘယ်လိုမှ နှစ်သက်ကြမယ်မထင်ပါဘူးနော်။ အသင့်စားအစားအစာတွေ စားသုံးခြင်း၊ အဆီများတဲ့အစားအစာများ၊ ဒိုးနပ်နဲ့ ပါစတာများ၊ အချိုများသောအစားအစာများ၊ အကင်များ၊ အရက်သေစာများ စတဲ့အစားအသောက်တွေက သင့်ကို အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သင်စားတဲ့အစားအစာတွေက သင့်ရဲ့အိုမင်းရင့်ရော်ခြင်းနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ အဲဒါကြောင့် အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေနိုင်တဲ့အစားအစာတွေထက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကို စားသုံးခြင်းက သင့်ကို အရွယ်တင်နုပျိုဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ

ပြောင်းဖူးစားခြင်းရဲ့ ကောင်းကျိုးများ

ဗီတာမင် ဘီဝမ်း (Thiamine) ပါဝင်မှုကြောင့် ခန္ဓာကိုယ်မှာ ကာဗွန်ဟိုက်ဒရိုတ်တွေနဲ့ ပရိုတင်းဓာတ်ဖြိုခွဲဖို့ ကူညီနိုင်ပြီး ခန္ဓာကိုယ်အတွက်ပြန်လည်အသုံးပြုနိုင်တဲ့စွမ်းအင်အဖြစ်ပြောင်းလဲပေးပါတယ်။ အရိုးကိုသန်မာစေဖို့ ကူညီနိုင်ပြီး အမြင်အာရုံကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်၊ ကော့ပါး၊ သံဓာတ်၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ် စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။ ကျန်းမာရေးအတွက် ပြောင်းဖူးက ဘယ်လိုအကျိုးတွေရှိသလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ, ကိုးကားစာများ

အသက်၃၀မတိုင်မီ ပြုပြင်သင့်သော ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကျင့်ဆိုး ၁၀ ခု

သင်က အသက်၂၀ကျော် ၃၀ကြားဆိုရင် ကိုယ့်ဘဝအတွက် ကိုယ့်ဟာကိုယ်စီမံပြီး လျှောက်လှမ်းဖို့ ကြိုးစားရတော့မှာပါ။ ထိုကဲ့သို့ တစ်ယောက်ထဲအရာရာအကောင်းဆုံးဖြစ်အောင် စီမံပြီး ဆုံးဖြတ်ရတဲ့အခါ နေ့ရက်တိုင်းက စိတ်လှုပ်ရှားစရာဖြစ်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့နေ့စဉ်ဘဝမှာ ကြိုတင်စီစဉ်ထားမှုမရှိဘဲ၊ အကြံပေးချက်တွေမပါဘဲ ကိုယ့်ဟာကိုယ်ရှင်သန်ရတော့မှာမို့ပါ။ ထိုအခြေအနေနဲ့အသားမကျခင်မှာလည်း ပြဿနာလေးတွေရှိနိုင်သလို၊ ကျန်းမာရေးအတွက်လည်း အဆင်မပြေနိုင်တဲ့အလေ့အကျင့်လေးတွေရှိနေမှာမို့ သင့်ကိုသင်ပြန်လည်ပြုပြင်သင့်တဲ့အချက်တွေရှိပါတယ်။ အဲဒါကြောင့် သင့်ရဲ့နေ့စဉ်ဘဝမှာ ကျန်းမာပြီး ပိုစိတ်ချမ်းသာစရာကောင်းတဲ့ဘဝဖြစ်စေဖို့ အသက်၃၀မတိုင်မီမှာ အောက်ပါအကျင့်ဆိုးတွေကို ပြုပြင်လိုက်ပါတော့နော်။

ကျန်းမာရေး အစားအစာ လူနေမှုဘဝ ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။