စွမ်းရည်

စွမ်းရည်

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ပျော်ရွှင်သောဘဝ

စာဖတ်ချင်စိတ်ပျောက်နေရင် ပြန်စိတ်ပါလာအောင် ဘယ်လိုလုပ်မလဲ။

“The more that you read, the more things you will know. The more that you learn, the more places you’ ll go” – Dr. Seuss “စာတွေများများဖတ်လေ သင်သိတဲ့အရာတွေပိုများလာလေပဲ၊ သင် ပိုပြီးသင်ယူလာနိုင်သလို၊ နေရာစုံကိုလည်း သင် ရောက်ဖူးသွားတာပါပဲ။” လို့ စာရေးဆရာDr. Seuss က ပြောထားပါတယ်။ ထိုစကားလေးက မှန်ပါတယ်၊ စာအုပ်တွေများများဖတ်ခြင်းက သင့်ကို သင်ယူစရာတွေအများကြီးကို သင်ပေးနိုင်သလို၊ နေရာစုံကိုလည်း သင်ရောက်ဖူးသွားမယ်၊ သင်မသိသေးတာတွေလည်း စာအုပ်တွေထဲက ပိုသိသွားမယ်။ စာအုပ်တစ်အုပ်ဖတ်ခြင်းရဲ့ အကျိုးက ပြောမပြနိုင်အောင် များပြားလှပါတယ်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ပျော်ရွှင်သောဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အောင်မြင်သောသူများတွင် တွေ့ရသော နေ့စဉ်လုပ်လေ့လုပ်ထရှိသော အကျင့်ကောင်းများ

အောင်မြင်သူတွေနဲ့ ပုံမှန်လူတွေမှာ မတူညီတဲ့အချက်တွေရှိနေပါတယ်။ အဲဒါကြောင့်သာ လူတကာထက်အောင်မြင်သူတွေဖြစ်လာတာမဟုတ်လား။ သင်ကော အောင်မြင်သူတွေက ဘယ်လိုအခြေခံအကျင့်ကောင်းတွေ နေ့စဉ်ကျင့်သုံးပြီး အောင်မြင်လာကြသလဲဆိုတာ မသိချင်ဘူးလား။ အောင်မြင်သူတွေနေ့စဉ်လုပ်လေ့လုပ်ထရှိသောအကျင့်ကောင်းလေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်နော်။ ၁) နေ့စဉ်စာဖတ်ခြင်း အောင်မြင်သူတွေမှာ နေ့စဉ်စာဖတ်ချိန်သတ်မှတ်ထားပြီး စာဖတ်လေ့ရှိပါတယ်။ စာဖတ်ခြင်းကြောင့် သူတို့ရဲ့ဘဝမှာပြုပြင်ဖို့လိုအပ်နေတာတွေသိလာနိုင်သလို၊ အသိပညာ ဗဟုသုတတွေ အမြဲရှာမှီးပြီးသားဖြစ်နေစေပါတယ်။ အောင်မြင်သူတွေက သူတို့ကိုယ်သူတို့နေ့စဉ် အသိပညာ၊ ဗဟုသုတတစ်ခုမဟုတ်တစ်ခုရစေဖို့ အမြဲစာဖတ်တတ်ကြပါတယ်။ ၂) မနက်စောစောထတတ်ခြင်း အောင်မြင်သူတွေက နေ့တစ်နေ့ရဲ့ မနက်ခင်းဟာ တစ်နေ့တာအတွက် စီစဉ်ဖို့ အကောင်းဆုံးအချိန်ဆိုတာ သိကြပါတယ်။ အဲဒါကြောင့် မနက်ကိုစောစောထပြီး ကိုယ့်အတွက်အချိန်ပိုယူတတ်သလို စီစဉ်စရာကို ခေါင်းအေးအေးနဲ့စီစဉ်တတ်ကြပါသေးတယ်။ ၃) အချိန်ဇယားဆွဲထားတတ်ခြင်း၊ ဘယ်အလုပ်ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာမျိုး လုပ်ခါနီးမှ ဇဝေဇဝါဖြစ်မနေရအောင် ကြိုတင်စီစဉ်ထားတတ်ကြပါတယ်။ တစ်နေ့တာလုပ်ရမယ့်အလုပ်များကို အချိန်ဇယားဆွဲထားတတ်သလို၊ တစ်လစာလုပ်ရမယ့်အလုပ်များ၊ နှစ်ပြည့်ရင် ဘာဆက်လုပ်မလဲဆိုတာမျိုးတွေနဲ့ ပုံစံတကျဘဝကိုဖြတ်သန်းတတ်ကြလို့ အောင်မြင်ကြတာပါ။ ၅) အချိန်ကို စီမံတတ်ခြင်း အောင်မြင်သူတွေက သာမန်လူတွေထက်အောင် အလုပ်များတတ်ကြပါတယ်။ အဲလိုများပြားတဲ့အလုပ်တာဝန်တွေကို အချိန်နဲ့တပြေးညီပြီးဆုံးအောင်လည်း လုပ်နိုင်ဖို့ အချိန်ကို စီမံတတ်ကြပါသေးတယ်။ အဲဒါကြောင့် အချိန်ကုန်သက်သာပြီး အလုပ်လည်းမြန်မြန်ပြီးလို့ အောင်မြင်သူတွေက အောင်မြင်သထက်အောင်မြင်လာတာပါ။ ၆) နေ့စဉ်ရည်မှန်းချက်သတ်မှတ်ထားခြင်း၊ လစဉ်ရည်မှန်းချက်သတ်မှတ်ထားတတ်ခြင်း နေ့စဉ် ပြီးဆုံးသင့်သော ရည်မှန်းချက်သတ်မှတ်ထားတတ်ပါတယ်။ အဲဒါမှ သတ်မှတ်ထားတဲ့ရည်မှန်းချက်တွေပြီးဆုံးလား၊ မပြီးဆုံးလား ရှင်းလင်းစွာသိမြင်လာတဲ့နောက်တော့ ဘာဆက်လုပ်ရမလဲဆိုတာ ရှင်းလင်းစွာသိမြင်လာမှာပါ။ ၆) အတွေးအခေါ်အကြံဉာဏ်များ ဖလှယ်တတ်ခြင်း သာမန်လူတွေက လူတွေအကြောင်းကိုဆွေးနွေးပြီး အောင်မြင်သူတွေကတော့ အကြံဉာဏ်တွေအကြောင်းဆွေးနွေးတတ်ကြပါတယ်။ အောင်မြင်သူချင်းလည်း ရန်သူပြိုင်ဘက်လို့ ဘယ်တော့မှမမြင်တတ်ကြဘဲ မိတ်ဆွေဖွဲ့တတ်ကြပြီး မိမိရဲ့အသိအမြင်နဲ့ အခြားသူရဲ့အသိအမြင်ကို ဖလှယ်ပြီးကိုယ်တိုင်ရဲ့အသိအမြင်ထပ်တိုးပွားအောင် ပညာယူတတ်ကြပါတယ်။ ၇) မိမိထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာသာ အာရုံစိုက်ခြင်း အောင်မြင်သူတွေက သူတို့မထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာ အချိန်ကုန်ခံပြီး ညည်းတွားမနေတတ်ကြပါဘူး။ သူတို့ထိန်းချုပ်နိုင်တဲ့အရာပေါ်မှာသာ အလေးအနက်အာရုံစိုက်ပြီး တိုးတက်အောင် လုပ်မယ့်နည်းလမ်းကို ရှာဖွေတတ်ကြပါတယ်။ ၈) လေ့ကျင့်ခန်းလုပ်ခြင်း အောင်မြင်သူတွေက ရေရှည်မှာ ဆက်လက်အောင်မြင်ဖို့ ကျန်းမာရေးက အရေးကြီးတယ်ဆိုတာလည်း သိကြပါတယ်။ ကျန်းမာရေးလည်း လိုက်စားတတ်ကြပါသေးတယ်။ ၉) ကျန်းမာရေးနဲ့ညီညွှတ်အောင် စားသောက်တတ်ခြင်း ကျန်းမာရေးအရေးကြီးကြောင်းသိသလို ကျန်းမာရေးနဲ့ညီညွှတ်မျှတအောင်လည်း စားသောက်တတ်ကြပါတယ်။ ၁၀) အခြားသူများကို ခွင့်လွှတ်တတ်ပြီး၊ ချီးကျူးတတ်ခြင်း အောင်မြင်သူတွေမှာ အခြားသူတွေကို ခွင့်လွှတ်တတ်တဲ့အကျင့်လည်းရှိတတ်ပါသေးတယ်။ အခြားသူများရဲ့ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုတတ်ကြပြီး ချီးကျူးတတ်ကြပါသေးတယ် ၁၁) ဘဝအတွက်ရည်မှန်းချက်ပန်းတိုင်များ ချမှတ်တတ်ခြင်း သူတို့ဘဝမှာ ဘာဖြစ်လာရမယ်ဆိုတဲ့ရည်မှန်းချက် တိတိကျကျသတ်မှတ်ထားတတ်ကြပါတယ်။ အဲလိုသတ်မှတ်ထားတတ်ပြီး ဖြစ်မြောက်အောင်လည်းလုပ်ဆောင်တတ်ကြပါတယ်။ ၁၂) ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ခြင်း နေ့စဉ်လိုလို သူတို့ကိုသူတို့ပြန်လည်သုံးသပ်တတ်ပြီး အမှားရှိရင်လည်း ချက်ချင်းပြုပြင်တတ်ကြပါသေးတယ်။ အဲလို အမြဲကိုယ့်ကိုကိုယ်ပြန်သုံးသပ်တတ်ခြင်းကြောင့် ဘာတွေလိုအပ်နေလဲ၊ ဘာတွေထပ်လုပ်ရမလဲ၊ ဆိုတာမျိုးကို ပြန်မသုံးသပ်တတ်သူထက် ကိုယ့်ကိုကိုယ်ရှင်းလင်းစွာပြန်မြင်နိုင်ပါတယ်။ ၁၃) ပြောင်းလဲ၊ ပြင်လွယ်ခြင်း ကိုယ့်ကိုကိုယ်ပြုပြင်ယူဖို့ နောက်မတွန့်တတ်ကြပါဘူး။ ပြောင်းလဲပစ်ဖို့လည်း ဝန်မလေးတတ်ကြပါဘူး။ အမှားတစ်ခုတွေ့တာနဲ့ ချက်ချင်းပြောင်းလဲပစ်လိုက်ဖို့၊ ပြုပြင်လိုက်ဖို့ ဝန်မလေးတတ်ကြလို့လည်း အောင်မြင်တတ်ကြပါတယ်။ ကိုယ်တိုင်လည်း အောင်မြင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အောင်မြင်သူတွေရဲ့အကျင့်ကောင်းလေးတွေကို ဖတ်ကြည့်ပြီး ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးကြည့်လို့ရပါတယ်။ အချိန်တစ်ခုရောက်တဲ့အခါ ကိုယ်တိုင်ပြောင်းလဲလာတာကိုလည်း အံ့အားသင့်ဖွယ်မြင်တွေ့ရပါလိမ့်မယ်နော်။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, လူနေမှုဘဝ

နောက်လိုက်ကောင်း တစ်ယောက်တွင် ရှိသော အရည်အချင်းများ

အဖွဲ့အစည်းဆိုတဲ့အတိုင်းပဲ အဖွဲ့အစည်းမှာ လက်အောက်ငယ်သားတွေ၊ အထက်လူကြီးတွေ၊ အဆင့်အမျိုးမျိုးနဲ့ရာထူးသတ်မှတ်ထားတဲ့လူတွေပေါင်းစည်းထားတာဖြစ်မှာပါ။ လူအမျိုးမျိုးစိတ်အထွေအထွေမဖြစ်ရဘဲ အားလုံတစ်စိတ်တည်းတစ်ဝမ်းဖြစ်ခြင်းက အဖွဲ့အစည်းကောင်းဖြစ်စေပါတယ်။ အဖွဲ့အစည်းကောင်းတစ်ခုက အလုပ်တွေအမြန်ဆုံးပြီးဆုံးအောင် ဖန်တီးနိုင်လို့ အမြန်ဆုံးလည်း တိုးတက်နိုင်တဲ့အဖွဲ့အစည်းဖြစ်နိုင်ပါသေးတယ်။ အဲလိုအမြန်တိုးတက်ဖို့ ဆရာကောင်းရှိဖို့လိုသလို ဆရာကောင်းအတွက် နောက်လိုက်ကောင်းတွေရှိဖို့လည်း လိုပါတယ်။ နောက်လိုက်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းတွေကို ခုပဲ ဖော်ပြပေးလိုက်ပါတယ်။ ၁) စီမံမှုကို နာခံလွယ်ခြင်း အထက်လူကြီးက စီမံပေးလိုက်တဲ့ အလုပ်တာဝန်တွေကို အလွယ်တကူ နာခံတတ်ခြင်းက အလုပ်ပြီးမြောက်ဖို့ အချက်တွေထဲမှာ တစ်ချက်အပါအဝင်ဖြစ်ပါတယ်။ ၂) တာဝန်ကျေခြင်း အလုပ်ကို အလုပ်လို့သဘောမထားဘဲ မိမိရဲ့တာဝန်တစ်ရပ်အနေနဲ့ ပြီးဆုံးသည်အထိ အားခဲပြီး လုပ်တတ်တဲ့နောက်လိုက်တွေများလာတဲ့အခါ အဖွဲ့အစည်းကောင်းတစ်ခုဖြစ်လာပါတယ်။ ၃) အဖွဲ့အစည်းရဲ့အကျိုးကို မိမိရဲ့အကျိုးကဲ့သို့တွေးခြင်း တစ်ချို့နောက်လိုက်တွေက အလုပ်ချိန်မှာ မလွဲမရှောင်သာအလုပ်လုပ်နေရပေမယ့် အလုပ်ချိန်ပြီးမြောက်ရင်တော့ ဘာမှထပ်မတွေးတော့ပါဘူး။ အချိန်ပြည့်အလုပ်ကိုတွေးပြီး ဖိစီးနေတာမျိုးတော့မဖြစ်သင့်ပါဘူး။ ဒါပေမယ့် ဒီအလုပ်အောင်မြင်ခြင်းသည် ရလဒ်ကို မျှဝေခံစားနိုင်ခြင်း အကျိုးကို အဖွဲ့အစည်းတစ်ခုလုံးခံစားရမှာကို နားလည်သင့်တာပါ။ အဲလိုနားလည်မှ အားကြိုးမာန်တက်စည်းလုံးစွာကြိုးစားတဲ့အဖွဲ့က အကျိုးရလဒ်တွေ များသထက်များလာပြီး အဖွဲ့အစည်းကလည်း ပိုတိုးတက်လာနိုင်မှာပါ။ ၄) စည်းလုံးမှုရှိခြင်း၊ တက်ကြွမှုရှိခြင်း နောက်လိုက်တွေ စည်းလုံးမှုရှိတဲ့အခါ အဖွဲ့အစည်းက ပိုပြီး တက်ကြွလာပါတယ်။ အလုပ်မြန်မြန်ပြီးနိုင်ပါတယ်။ အလုပ်မြန်မြန်ပြီးတော့ ပိုပြီတက်ကြွနိုင်သလို စိတ်ဓာတ်ခွန်အားလည်းဖြစ်လာသလို ယုံကြည်မှုတွေတိုးလာပါတော့တယ်။ အဲဒီ့တော့ ထိုကဲ့သို့အဖွဲ့အစည်းက အောင်မြင်လာပြီပေါ့။ အဲဒါကြောင့်နောက်လိုက်တွေမှာ စည်းလုံးဖို့လဲလိုပါတယ်။ ၅) အချောင်ခိုချင်စိတ်မရှိခြင်း နောက်လိုက်တစ်ဦးချင်းက ကိုယ့်တာဝန်ကိုယ်ကျေအောင် ကြိုးစားကြတဲ့အခါ အပြစ်လွှဲချမှုမျိုးမရှိနိုင်တော့ပါဘူး။ တစ်ချို့သော နောက်လိုက်တွေက အချောင်ခိုချင်တဲ့စိတ်မျိုးရှိနေတဲ့အခါ တစ်ဦးကိုတစ်ဦးအပြစ်လွှဲချတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲလိုမျိုးကြုံလာတဲ့အခါ အဖွဲ့အစည်းမှာ စည်းလုံးမှုပျောက်နိုင်ပါတယ်။ စည်းလုံးမှုပျောက်တဲ့အခါ အဖွဲ့အစည်းမတိုးတက်နိုင်တော့ပါဘူး။ အဲဒါကြောင့် နောက်လိုက်တစ်ဦးချင်း အချောင်ခိုချင်စိတ်မရှိဖို့အရေးကြီးပါတယ်။ ၆) အမှားပြင်တတ်ခြင်း အမှားမရှိတဲ့သူက အလုပ်မလုပ်လို့ပါပဲ။ အမှားတွေကြုံလာတဲ့အခါ ပြုပြင်ဖို့ ကြိုးစားခြင်းကလည်း နောက်လိုက်ကောင်းတစ်ယောက်ရဲ့အရည်အချင်းပါပဲ။ အမှားတွေထဲက သင်ယူမယ်၊ နောက်မမှားအောင်ကြိုးစားမယ်၊ ပြင်ဆင်မယ် အဲဒါမှ နောက်လိုက်ကောင်းဖြစ်နိုင်တာပါ။ ၇) အလုပ်ခွင်မှာ ပျော်ရွှင်ခြင်း တစ်ချို့သောနောက်လိုက်တွေက အလုပ်ကို မဖြစ်မနေလုပ်နေတာမျိုးမို့ အလုပ်ခွင်မှာ လုံးဝပျော်ရွှင်မှုမရှိပါဘူး။ အလုပ်ကိုမပျော်ရွှင်တဲ့အခါ အလုပ်ကို ဝတ်ကျေတန်းကျေပဲလုပ်ပါတော့တယ်။ အဲဒီ့အခါ အလုပ်တွေမပြီးမြောက်နိုင်တော့ပါဘူး။ ထိုကဲ့သို့ နောက်လိုက်တွေများလာတဲ့အခါ အဖွဲ့အစည်းလည်း မတိုးတက်နိုင်တော့ပါဘူး။ အလုပ်ခွင်မှာ ပျော်ရွှင်ခြင်းကလည်း နောက်လိုက်ကောင်းတစ်ယောက်ရဲ့အရည်အချင်းတစ်ခုပါပဲ။ ၈) အလုပ်ခွင်မှာ သင်ယူချင်စိတ်ရှိခြင်း လုပ်ငန်းခွင်ကနေ ကိုယ်မသိသေး၊ မတတ်သေးတာတွေကို အစွမ်းကုန်သင်ယူချင်စိတ်ရှိခြင်းကလည်း နောက်လိုက်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းပါ။ သင်ယူချင်စိတ်ရှိမှ သင်ယူတဲ့အခါပိုပြီး တတ်လွယ်နိင်ပါတယ်၊ အရည်အချင်းတွေတိုးတက်လာနိုင်ပါတယ်။ ၉) အခြားသူများနှင့် ဆက်ဆံရေးကောင်းမွန်ခြင်း လုပ်ငန်းခွင်မှာ ကိုယ်တစ်ယောက်တည်းလုပ်ကိုင်ရတာမဟုတ်တဲ့အတွက် ဆက်ဆံရေးပြေပြစ်ဖို့လည်းလိုပါသေးတယ်။ ဆက်ဆံရေးမပြေပြစ်တဲ့အခါ အဖွဲ့အစည်းက စည်းလုံးမှုမရှိနိုင်ပါဘူး။ ၁၀) အကြံဉာဏ်ကောင်းများပေးနိုင်ခြင်း နောက်လိုက်ကောင်းတစ်ယောက်က ဆရာလုပ်သူကို လိုအပ်တဲ့နေရာမှာလည်း အကြံဉာဏ်ကောင်းများပေးနိုင်ပါသေးတယ်။ တိုင်ပင်တတ်ပြီး လုပ်သင့်လုပ်ထိုက်တာကိုလည်း အကြံဉာဏ်ကောင်းများပေးတတ်ခြင်းကလည်း နောက်လိုက်ကောင်းတစ်ယောက်ရဲ့အရည်အချင်းပဲဖြစ်ပါတယ်။ ၁၁) အကောင်းမြင်တတ်ခြင်း အကောင်းမြင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ အလုပ်ခွင်အမြဲအကောင်းတွေချည်းကြုံနေမှာမဟုတ်သလို အဆိုးတွေချည်းလည်းကြုံနေမှာမဟုတ်ပါဘူး။ အဆိုးတွေကြုံလာတဲ့အခါ စိတ်ပျက်လက်လျှော့ခြင်းနဲ့နောက်မဆုတ်တတ်စေဖို့ အကောင်းမြင်တတ်ခြင်းလည်း လိုပါတယ်။ ၁၂) ရိုးသားဖြောင့်မတ်ခြင်း နောက်လိုက်ကောင်းတစ်ယောက်က ရိုးသားဖို့လဲလိုပါသေးတယ်။ အလုပ်အပေါ်မှာ ရိုးသားမှာသာ စောင့်ထိန်းသင့်တာစောင့်ထိန်းနိုင်မှာပါ။ မရိုးသားတဲ့နောက်လိုက်တစ်ယောက်လောက်သာ အဖွဲ့အစည်းမှာပါလာခဲ့ရင် ထိုအဖွဲ့အစည်းအတွက် အရမ်းကိုအန္တရာယ်များနိုင်ပါတယ်။ ၁၃) မျှဝေခံစားနိုင်ခြင်း နောက်လိုက်ကောင်းတစ်ယောက်က အလုပ်ခွင်မှာ ဆိုးခြင်း၊ ကောင်းခြင်းကို မျှဝေခံစားတတ်တဲ့အကျင့်ရှိဖို့လိုပါတယ်။ နောက်လိုက်အချင်းချင်း မျှဝေခံစားတတ်မှသာ နောက်လိုက်အချင်းချင်းစည်းလုံးပြီး အဖွဲ့အစည်းတိုးတက်နိုင်မှာပါ။ ၁၄) အလုပ်နှင့်ပတ်သက်ပြီး ဂုဏ်ယူတတ်ခြင်း အလုပ်နဲ့ပတ်သက်ပြီး အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသော စိတ်လေးထားတတ်ဖို့လိုပါသေးတယ်။ အလုပ်နဲ့ပတ်သက်ပြီး ဂုဏ်ယူတတ်မှသာ အလုပ်ကို တက်ကြွစွာလုပ်ချင်စိတ်ရှိမှာပါ။ အဖွဲ့အစည်းတစ်ခုအောင်မြင်တိုးတက်ဖို့ဆိုတာ ခေါင်းဆောင်ကောင်းရှိဖို့လိုသလို နောက်လိုက်ကောင်းလည်းရှိဖို့လိုပါတယ်။ အဲဒါမှသာ ပိုမိုတိုးတက်အောင်မြင်သော အဖွဲ့အစည်းဖြစ်လာနိုင်မှာပါ။ နောက်လိုက်ကောင်းတွေဖြစ်နိုင်ကြပါစေ။ #BAWA101

စွမ်းရည် လူနေမှုဘဝ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

သစ်ပင်စိုက်ခြင်း၏ အကျိုးကျေးဇူးများ

သစ်ပင်စိုက်ခြင်းက ပတ်ဝန်းကျင်အတွက် ဘယ်လောက်အကျိုးကျေးဇူးများတယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူးနော်။ ဒီနေ့ခေတ်လို့ အရမ်းတိုးတက်လာတဲ့ခေတ်မှာ ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ ညစ်ညမ်းမှုတွေ ပိုလို့တောင်ဖြစ်လာပါသေးတယ်။ အဲဒါကြောင့် အပင်တွေပိုပြီး စိုက်ပျိုးသင့်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေအမျိုးမျိုးဖြစ်လာရခြင်းကလည်း အပင်တွေဆုံးရှုံးခြင်းကြောင့်ပါ။ အပင်စိုက်ခြင်းအကျိုးကို သေချာလေးသိရအောင် ရေးပေးလိုက်ပါတယ်။ ၁) အပင်တွေက ရာသီဥတုကို ပြောင်းလဲခြင်းကို အံတုနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာ့လေထုမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေများပြားလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုတွေဖြစ်လာရပါတယ်။ အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူထားပြီး ပတ်ဝန်းကျင်မှဖယ်ရှားပေးနိုင်ပါတယ်။ ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သိုလှောင်ထားပြီး အောက်ဆီဂျင်ကိုပြန်လည်ထုတ်လွှတ်ပေးပါတယ်။ တစ်နှစ်မှာ တစ်ဧကခန့်ရှိတဲ့သစ်ပင်တွေက သင့်ရဲ့ကားမိုင်ပေါင်း ၂၆၀၀၀ မိုင်မောင်းနှင်ပြီးထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏတွေကို စုပ်ယူနိုင်ပါတယ်။ ၂) အပင်တွေက လေထုကို သန့်ရှင်းစေနိုင်ပါတယ် မကောင်းတဲ့ဓာတ်ငွေ့တွေကို သူတို့ရဲ့အရွက်တွေနဲ့ ပင်စည်က စုပ်ယူနိုင်ပါတယ်။ အထူးသဖြင့် အမိုးနီးယား၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ အိုဇုန်း စသည့်ဓာတ်ငွေ့တွေကို စုပ်ယူတဲ့အတွက် လေထုကို သန့်ရှင်းသွားစေနိုင်ပြီး သန့်စင်သွားအောင်လည်း စစ်ထုတ်ပေးနိုင်ပါတယ်။ ၃) အပင်တွေက အောက်ဆီဂျင်ဓာတ်ကိုပေးပါတယ်။ တစ်နှစ်မှာ တစ်ဧကခန့်ရှိတဲ့အပင်တွေကနေ လူပေါင်း၁၈ယောက်အတွက် အောက်ဆီဂျင်လုံလုံလောက်လောက်ထုတ်ပေးနိုင်ပါတယ်။ ၄) အပင်တွေက မြို့တွေ၊ လမ်းတွေကို အေးချမ်းစေပါတယ်။ Los Angeles မြို့မှာ လွန်ခဲ့တဲ့နှစ်ငါးဆယ်ခန့်ကတည်းက ပျမ်းမျှအပူချိန်ထက် ၆ဒီဂရီဖာရင်ဟိုက် မြင့်တက်လျက်ရှိပါတယ်။ အပင်တွေက အုပ်လွှမ်းပြီး လမ်းတွေ အိမ်တွေကို အပူဒဏ်ကနေကာကွယ်ပေးထားပါတယ်။ အိမ်တွေနဲ့လမ်းတွေကို တစ်ဆယ်ဒီဂရီဖာရင်ဟိုက်အထိ အေးစေပါတယ်။ သစ်ပင်ရဲ့ အရွက်တွေကတဆင့် လေထုထဲကို ရေငွေ့တွေထုတ်လွှတ်ပေးပါတယ်။ ၅) အပင်တွေက စွမ်းအင်တွေမဆုံးရှုံးအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ အိမ်တစ်အိမ်မှာ နွေရာသီပူပြင်းမှုကို ကာကွယ်နိုင်အောင် လေအေးစက်အသုံးပြုခြင်းကြပါတယ်။ အပင်တွေကြောင့် လမ်းတွေအိမ်တွေကို အပူသက်သာစေတဲ့အခါ မလိုအပ်ပဲလေအေးပေးစက်မသုံးဖြစ်တော့ပါဘူး။ ထိုအခါ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ဓာတ်ငွေ့တွေထုတ်လွှတ်မှုနည်းသွားစေပါတယ်။ စွမ်းအင်တွေလည်း အလဟသမကုန်တော့သလို လေထုလည်းမညစ်ညမ်းနိုင်တော့ပါဘူး။ ၆) ရေကုန်ဆုံးခြင်းကို ကာကွယ်နိုင်ပါတယ်။ အပင်တွေက ရတဲ့အရိပ်ကြောင့် ရေလိုအပ်နေတဲ့ မြက်ခင်းတွေမှာ ရေငွေ့ပျံခြင်းကို သက်သာစေပြီး မြစ်ချောင်းအင်းအိုင်များမှ ရေငွေ့ပျံခြင်းကို သက်သာစေနိုင်ပါတယ်။ လောလောလတ်လတ်စိုက်ပျိုးထားတဲ့အပင်သစ်လေးတွေက တစ်ပတ်မှာ ရေ ငါးဂါလံလောက်ပဲလိုအပ်ပါတယ်။ သစ်ပင်တွေကနေ ရေငွေ့တွေပြန်ထုတ်ပေးတဲ့အတွက်ကြောင့် ကမ္ဘာ့လေထုကို ပြန်ပြီးစိုစွတ်စေပါတယ်။ ၇) ရေထုညစ်ညမ်းခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ အပင်ရဲ့ပင်စည်ကနေ ရေတွေက အပင်ရဲ့အောက်ခြေမြေကြီးတွေထဲကို ရောက်သွားပါတယ်။ အဲဒါက အညစ်အကြေးတွေကို ပင်လယ်ထဲအရှိန်ပြင်းပြင်းစီးဆင်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ စိုက်ပျိုးထားတဲ့အပင်တွေအတွက် ဖြန့်ကျဲထားတတ်တဲ့ သစ်ရွက်ဆွေးတွေ ၊ ကောက်ရိုးဆွေးတွေကိုလည်း သဘာဝအရ ရေမြုပ်ပုံစံလိုမျိုး စစ်ထုတ်ပေးနိုင်အောင် အပင်တွေရဲ့ အမြစ်တွေက ဆောင်ရွက်နိုင်ပါတယ်။ အဲဒါအပြင် မြေအောက်ရေပြန်လည်ရရှိအောင် ပြန်လည်ထောက်ပံ့ပေးနိုင်ပါသေးတယ်။ ၈) မြေတိုက်စားခြင်းမှ ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ တောင်ခါးပန်းတွေလိုနေရာမျိုး၊ စမ်းချောင်းတွေစီးဆင်းနေတဲ့ ကုန်းလျှောမြေလိုနေရာမျိုးတွေမှာ ရှိတဲ့အပင်တွေက မြေကြီးတွေကို တိုက်စားမှုမဖြစ်အောင် အမြစ်တွေနဲ့ ကုတ်တွယ်ထားနိုင်ပါတယ်။ အဲဒါကြောင့် မြေတိုက်စားခြင်း၊ မြေပြိုခြင်းတွေ မဖြစ်နိုင်တော့ပါဘူး။ ၉) ကလေးတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အရေပြားကင်ဆာက အဖြစ်များဆုံးရောဂါတစ်ခုထဲမှာ ပါဝင်ပါတယ်။ အပင်တွေက နေရောင်ခြည်မှ UV B နဲ့ထိတွေ့နရခြင်းမှ ၅၀ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။ အဲဒါကြောင့် ကလေးသူငယ်တွေရဲ့ ကစားကွင်းတွေနဲ့ ကျောင်းဝင်းတွေမှာ အပင်တွေနဲ့ အရိပ်ရနေအောင် စီမံထားသင့်ပါတယ်။ ၁၀) အစားအစာတွေကို စီမံပေးနိုင်ပါတယ်။ ပန်းသီးပင်တစ်ပင်က ပန်းသီးပေါင်း တစ်နှစ်မှာ ရှစ်ဂါလံဝင်တဲ့ တင်းတောင်းပေါင်း ၁၅ - ၂၀ လောက်ထိ ထွက်နိုင်ပါတယ်။ အပင်တွေက လူတွေအတွက် စားစရာအသီးအနှံတွေသာမက ငှက်တွေနဲ့ သားရဲတိရစ္ဆာန်တွေအတွက်လည်း စားစရာဖန်တီးပေးပါတယ်။ ၁၁) ရောဂါတွေကို ကုသပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ ပြတင်းပေါက်မှာ အပင်တွေ အမြဲစိမ်းစိုနေတာမြင်တွေ့နေတတ်တဲ့ လူနာတွေက အမြန်ဆုံးရောဂါပျောက်ကင်းနိင်တာကိုတွေ့ရပါတယ်။ Attention Deficit Hyperacitivity Disorder (ADHD) ရေဂါဝေဒနာရှင် ကလေးသူငယ်တွေမှာ သဘာဝတရားကို လက်ခံရတဲ့အခါ ရောဂါလက္ခဏာတွေလျော့နည်းလာတာကိုတွေ့ရပါတယ်။ သစ်ပင်တွေနဲ့ ထိတွေ့ခြင်း၊ သဘာဝတရားကိုလက်ခံရခြင်းက စိတ်ပိုင်းဆိုင်ရာမောပန်းနွမ်းနယ်မှုတွေကိုလည်း လျော့ကျစေပါတယ်။ ၁၂) ခရမ်းလွန်ရောင်ခြည်ကို လျှော့ကျစေနိုင်ပါတယ်။ အိမ်အနီးဝန်းကျင် အိမ်အတွင်းအပြင်ကို ခရမ်းလွန်ရောင်ခြည်ပြင်းပြင်းထန်ထန်ရောက်ရှိခြင်း ဒဏ်မှ လျှော့ကျစေပါတယ်။ အပင်တွေနဲ့ သဘာဝရှုခင်းတွေကြောင့် ခရမ်းလွန်ရောင်ခြည်ဓာတ်များပြားစွာ ကျရောက်ခြင်းဒဏ်ကို ကြောက်လန့်နေစရာမလိုတော့ပါဘူး။ အထက်ပါအချက်တွေက အပင်တွေကို စိုက်ပျိုးခြင်းကြောင့်ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေပါ။ ပတ်ဝန်းကျင်စိမ်းစိုနေစေဖို့ အားလုံးပဲ အပင်တွေစိုက်ပျိုးသင့်ပါတယ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ အပင်လေးတွေ စိုက်ပျိုးခြင်းကြောင့် မိမိကိုယ်တိုင်သာမက အနီးအနားပတ်ဝန်းကျင်အတွက်ကော နောင်နှစ်ပေါင်းများစွာအထိ အကျိုးရှိနေစေမှာပါ။ https://www.treepeople.org/tree-benefits ၁၄) သစ်ပင်စိုက်ခြင်း၏ အကျိုးကျေးဇူးများ သစ်ပင်စိုက်ခြင်းက ပတ်ဝန်းကျင်အတွက် ဘယ်လောက်အကျိုးကျေးဇူးများတယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူးနော်။ ဒီနေ့ခေတ်လို့ အရမ်းတိုးတက်လာတဲ့ခေတ်မှာ ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ ညစ်ညမ်းမှုတွေ ပိုလို့တောင်ဖြစ်လာပါသေးတယ်။ အဲဒါကြောင့် အပင်တွေပိုပြီး စိုက်ပျိုးသင့်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေအမျိုးမျိုးဖြစ်လာရခြင်းကလည်း အပင်တွေဆုံးရှုံးခြင်းကြောင့်ပါ။ အပင်စိုက်ခြင်းအကျိုးကို သေချာလေးသိရအောင် ရေးပေးလိုက်ပါတယ်။ ၁) အပင်တွေက ရာသီဥတုကို ပြောင်းလဲခြင်းကို အံတုနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာ့လေထုမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေများပြားလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုတွေဖြစ်လာရပါတယ်။ အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူထားပြီး ပတ်ဝန်းကျင်မှဖယ်ရှားပေးနိုင်ပါတယ်။ ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သိုလှောင်ထားပြီး အောက်ဆီဂျင်ကိုပြန်လည်ထုတ်လွှတ်ပေးပါတယ်။ တစ်နှစ်မှာ တစ်ဧကခန့်ရှိတဲ့သစ်ပင်တွေက သင့်ရဲ့ကားမိုင်ပေါင်း ၂၆၀၀၀ မိုင်မောင်းနှင်ပြီးထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏတွေကို စုပ်ယူနိုင်ပါတယ်။ ၂) အပင်တွေက လေထုကို သန့်ရှင်းစေနိုင်ပါတယ် မကောင်းတဲ့ဓာတ်ငွေ့တွေကို သူတို့ရဲ့အရွက်တွေနဲ့ ပင်စည်က စုပ်ယူနိုင်ပါတယ်။ အထူးသဖြင့် အမိုးနီးယား၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ အိုဇုန်း စသည့်ဓာတ်ငွေ့တွေကို စုပ်ယူတဲ့အတွက် လေထုကို သန့်ရှင်းသွားစေနိုင်ပြီး သန့်စင်သွားအောင်လည်း စစ်ထုတ်ပေးနိုင်ပါတယ်။ ၃) အပင်တွေက အောက်ဆီဂျင်ဓာတ်ကိုပေးပါတယ်။ တစ်နှစ်မှာ တစ်ဧကခန့်ရှိတဲ့အပင်တွေကနေ လူပေါင်း၁၈ယောက်အတွက် အောက်ဆီဂျင်လုံလုံလောက်လောက်ထုတ်ပေးနိုင်ပါတယ်။ ၄) အပင်တွေက မြို့တွေ၊ လမ်းတွေကို အေးချမ်းစေပါတယ်။ Los Angeles မြို့မှာ လွန်ခဲ့တဲ့နှစ်ငါးဆယ်ခန့်ကတည်းက ပျမ်းမျှအပူချိန်ထက် ၆ဒီဂရီဖာရင်ဟိုက် မြင့်တက်လျက်ရှိပါတယ်။ အပင်တွေက အုပ်လွှမ်းပြီး လမ်းတွေ အိမ်တွေကို အပူဒဏ်ကနေကာကွယ်ပေးထားပါတယ်။ အိမ်တွေနဲ့လမ်းတွေကို တစ်ဆယ်ဒီဂရီဖာရင်ဟိုက်အထိ အေးစေပါတယ်။ သစ်ပင်ရဲ့ အရွက်တွေကတဆင့် လေထုထဲကို ရေငွေ့တွေထုတ်လွှတ်ပေးပါတယ်။ ၅) အပင်တွေက စွမ်းအင်တွေမဆုံးရှုံးအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ အိမ်တစ်အိမ်မှာ နွေရာသီပူပြင်းမှုကို ကာကွယ်နိုင်အောင် လေအေးစက်အသုံးပြုခြင်းကြပါတယ်။ အပင်တွေကြောင့် လမ်းတွေအိမ်တွေကို အပူသက်သာစေတဲ့အခါ မလိုအပ်ပဲလေအေးပေးစက်မသုံးဖြစ်တော့ပါဘူး။ ထိုအခါ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ဓာတ်ငွေ့တွေထုတ်လွှတ်မှုနည်းသွားစေပါတယ်။ စွမ်းအင်တွေလည်း အလဟသမကုန်တော့သလို လေထုလည်းမညစ်ညမ်းနိုင်တော့ပါဘူး။ ၆) ရေကုန်ဆုံးခြင်းကို ကာကွယ်နိုင်ပါတယ်။ အပင်တွေက ရတဲ့အရိပ်ကြောင့် ရေလိုအပ်နေတဲ့ မြက်ခင်းတွေမှာ ရေငွေ့ပျံခြင်းကို သက်သာစေပြီး မြစ်ချောင်းအင်းအိုင်များမှ ရေငွေ့ပျံခြင်းကို သက်သာစေနိုင်ပါတယ်။ လောလောလတ်လတ်စိုက်ပျိုးထားတဲ့အပင်သစ်လေးတွေက တစ်ပတ်မှာ ရေ ငါးဂါလံလောက်ပဲလိုအပ်ပါတယ်။ သစ်ပင်တွေကနေ ရေငွေ့တွေပြန်ထုတ်ပေးတဲ့အတွက်ကြောင့် ကမ္ဘာ့လေထုကို ပြန်ပြီးစိုစွတ်စေပါတယ်။ ၇) ရေထုညစ်ညမ်းခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ အပင်ရဲ့ပင်စည်ကနေ ရေတွေက အပင်ရဲ့အောက်ခြေမြေကြီးတွေထဲကို ရောက်သွားပါတယ်။ အဲဒါက အညစ်အကြေးတွေကို ပင်လယ်ထဲအရှိန်ပြင်းပြင်းစီးဆင်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ စိုက်ပျိုးထားတဲ့အပင်တွေအတွက် ဖြန့်ကျဲထားတတ်တဲ့ သစ်ရွက်ဆွေးတွေ ၊ ကောက်ရိုးဆွေးတွေကိုလည်း သဘာဝအရ ရေမြုပ်ပုံစံလိုမျိုး စစ်ထုတ်ပေးနိုင်အောင် အပင်တွေရဲ့ အမြစ်တွေက ဆောင်ရွက်နိုင်ပါတယ်။ အဲဒါအပြင် မြေအောက်ရေပြန်လည်ရရှိအောင် ပြန်လည်ထောက်ပံ့ပေးနိုင်ပါသေးတယ်။ ၈) မြေတိုက်စားခြင်းမှ ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ တောင်ခါးပန်းတွေလိုနေရာမျိုး၊ စမ်းချောင်းတွေစီးဆင်းနေတဲ့ ကုန်းလျှောမြေလိုနေရာမျိုးတွေမှာ ရှိတဲ့အပင်တွေက မြေကြီးတွေကို တိုက်စားမှုမဖြစ်အောင် အမြစ်တွေနဲ့ ကုတ်တွယ်ထားနိုင်ပါတယ်။ အဲဒါကြောင့် မြေတိုက်စားခြင်း၊ မြေပြိုခြင်းတွေ မဖြစ်နိုင်တော့ပါဘူး။ ၉) ကလေးတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အရေပြားကင်ဆာက အဖြစ်များဆုံးရောဂါတစ်ခုထဲမှာ ပါဝင်ပါတယ်။ အပင်တွေက နေရောင်ခြည်မှ UV B နဲ့ထိတွေ့နရခြင်းမှ ၅၀ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။ အဲဒါကြောင့် ကလေးသူငယ်တွေရဲ့ ကစားကွင်းတွေနဲ့ ကျောင်းဝင်းတွေမှာ အပင်တွေနဲ့ အရိပ်ရနေအောင် စီမံထားသင့်ပါတယ်။ ၁၀) အစားအစာတွေကို စီမံပေးနိုင်ပါတယ်။ ပန်းသီးပင်တစ်ပင်က ပန်းသီးပေါင်း တစ်နှစ်မှာ ရှစ်ဂါလံဝင်တဲ့ တင်းတောင်းပေါင်း ၁၅ - ၂၀ လောက်ထိ ထွက်နိုင်ပါတယ်။ အပင်တွေက လူတွေအတွက် စားစရာအသီးအနှံတွေသာမက ငှက်တွေနဲ့ သားရဲတိရစ္ဆာန်တွေအတွက်လည်း စားစရာဖန်တီးပေးပါတယ်။ ၁၁) ရောဂါတွေကို ကုသပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ ပြတင်းပေါက်မှာ အပင်တွေ အမြဲစိမ်းစိုနေတာမြင်တွေ့နေတတ်တဲ့ လူနာတွေက အမြန်ဆုံးရောဂါပျောက်ကင်းနိင်တာကိုတွေ့ရပါတယ်။ Attention Deficit Hyperacitivity Disorder (ADHD) ရေဂါဝေဒနာရှင် ကလေးသူငယ်တွေမှာ သဘာဝတရားကို လက်ခံရတဲ့အခါ ရောဂါလက္ခဏာတွေလျော့နည်းလာတာကိုတွေ့ရပါတယ်။ သစ်ပင်တွေနဲ့ ထိတွေ့ခြင်း၊ သဘာဝတရားကိုလက်ခံရခြင်းက စိတ်ပိုင်းဆိုင်ရာမောပန်းနွမ်းနယ်မှုတွေကိုလည်း လျော့ကျစေပါတယ်။ ၁၂) ခရမ်းလွန်ရောင်ခြည်ကို လျှော့ကျစေနိုင်ပါတယ်။ အိမ်အနီးဝန်းကျင် အိမ်အတွင်းအပြင်ကို ခရမ်းလွန်ရောင်ခြည်ပြင်းပြင်းထန်ထန်ရောက်ရှိခြင်း ဒဏ်မှ လျှော့ကျစေပါတယ်။ အပင်တွေနဲ့ သဘာဝရှုခင်းတွေကြောင့် ခရမ်းလွန်ရောင်ခြည်ဓာတ်များပြားစွာ ကျရောက်ခြင်းဒဏ်ကို ကြောက်လန့်နေစရာမလိုတော့ပါဘူး။ အထက်ပါအချက်တွေက အပင်တွေကို စိုက်ပျိုးခြင်းကြောင့်ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေပါ။ ပတ်ဝန်းကျင်စိမ်းစိုနေစေဖို့ အားလုံးပဲ အပင်တွေစိုက်ပျိုးသင့်ပါတယ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ အပင်လေးတွေ စိုက်ပျိုးခြင်းကြောင့် မိမိကိုယ်တိုင်သာမက အနီးအနားပတ်ဝန်းကျင်အတွက်ကော နောင်နှစ်ပေါင်းများစွာအထိ အကျိုးရှိနေစေမှာပါ။ https://www.treepeople.org/tree-benefits လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, လူနေမှုဘဝ

အကြွေးတွေ လည်ပင်းထိရောက်နေတဲ့အခါ ဘယ်လိုဖြေရှင်းမလဲ။

အကြွေးတွေ အများကြီး ရှိပြီး ဘယ်လို ပြန်ဆပ်ရမယ်မှန်းမသိ၊ ဘာဆက်လုပ်ရမယ်မှန်းမသိဘဲ ဘဝမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူမျိုးတွေ့ဖူးကြမှာပါ။ ဘယ်လိုလုပ်ရမယ်မှန်းမသိတာက အဓိကပြ ဿ နာပါပဲ။ စနစ်တကျနဲ့ ပြန်ဆပ်နိုင်မယ့်နည်းလမ်းတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။ ၁) အလုပ်ပိုလုပ်ပါ။ ရိုးရိုးလေးပါ၊ အကြွေးတွေများလာရင် အလုပ်ပိုလုပ်မှ ငွေပိုထွက်လာမယ်၊ ငွေပိုထွက်လာမှ အကြွေးကိုမြန်မြန်ပြီးအောင်ဆပ်နိုင်မယ်မဟုတ်လား။ တစ်ယောက်တည်းက အလုပ်ဘယ်နှစ်ခုလုပ်နိုင်မှာလဲလို့ ပြန်ပြောစရာရှိပါတယ်။ ပုံမှန်ဝင်ငွေ ဝင်နေတဲ့အလုပ်က တစ်ခုရှိတယ်ဆိုပါစို့၊ အလုပ်ချိန်ပြီးသွားတဲ့အခါ ဘာဆက်လုပ်နိုင်မလဲဆိုတာမျိုး ထပ်စဉ်းစားလိုက်ပါ။ ဥပမာ၊ အိမ်လိုက်ပြီး အခြေခံကွန်ပျူတာ သင်ပေးမလား၊ တစ်လဘယ်လောက်ဆိုတာမျိုး ဖေ့ဘုတ်ကနေ ကြေငြာတင်လိုက်ပါ။ သင့်အလုပ်ချိန်ပြီးတာနဲ့ သွားသင်ပေးလို့ရပါတယ်။ ဒါမှမဟုတ် တခြားအချိန်ပိုင်းအလုပ်တစ်ခုခု city mart လို နေရာမျိုးမှာ ညဘက်အလုပ်လုပ်တာမျိုး စနေ၊ တနင်္ဂနွေနှစ်ရက် အလုပ်ချိန်ရတာမျိုးပေါ့။ ၂) ငွေတွေ ပိုလာတဲ့အခါ အကြွေးဆပ်ဖို့သာ အာရုံစိုက်ပါ။ တစ်ချို့ကျတော့ ငွေတော့ ပိုထွက်လာပါတယ်။ သုံးလို့တောင်မလောက်ဘူးဆိုတာမျိုးရှိတာမို့ ပိုရလာသမျှငွေသည် အကြွေးကို ထိုးဆပ်ဖို့ဆိုတာ ကိုယ့်ကိုကိုယ် သတိပေးပါ။ အကြွေးမြန်မြန်ကြေလေ ဝန်ပေါ့လေပါပဲ။ အကြွေးကြေပြီးမှ ပိုလျှံလာသမျှ ငွေက သင့်ငွေပါပဲ။ ၃) ဦးစားပေးရမယ့် အကြွေးမျိုးကို အရင်စဉ်းစားပါ။ ဥပမာ အတိုးများတဲ့အကြွေးရယ်၊ အတိုးနည်းနည်းပဲယူတဲ့အကြွေးရယ်၊ အတိုးလုံးဝမယူတဲ့အကြွေးရယ် သုံးမျိုးယူထားတယ်ဆိုပါစို့၊ အတိုးများပြီး အချိန်ကြာလေလေ အရင်းတောင်ပြန်ကျေသွားနိုင်လောက်တဲ့အထိ အတိုးများတဲ့ အကြွေးမျိုးကို အရင်ဆုံးကျေအောင်ဆပ်လိုက်ပါ။ ပြီးမှ အတိုးနည်းတဲ့အကြွေးကို ဆပ်ဖို့ စဉ်းစားပါ။ အတိုးနည်းတဲ့အကြွေးဆပ်နေရင်းနဲ့ အတိုးမယူတဲ့အကြွေးသမားကို နည်းနည်းချင်းစီ ဖဲ့ဆပ်သွားကြည့်ပါ။ ၄) အတိုးနဲ့အရင်းတွဲဆပ်ပါ။ တစ်လလုံး ခြိုးခြံပြီး စားလိုက်ရတာက ကိစ္စမရှိပါဘူး၊ အချိန်တန်ရင် ငွေတွေပြန်ပေါ်လာမှာပါပဲ။ အကြွေးတွေ မဆပ်နိုင်ခြင်းကသာ ဝန်ပိစေတာပါ။ စားစရိတ်၊ အသုံးစရိတ်တစ်ချို့ကို လျှော့သုံးဖို့ကြိုးစားကြည့်ပါ။ အတိုးသမားကို အတိုးနဲ့အရင်းတွဲဆပ်ဖို့ ကြိုးစားကြည့်လိုက်ပါ။ အတိုးချည်းဆပ်တာထက်စာရင် အတိုးနဲ့အရင်းမျှဆပ်တာက အချိန်တိုအတွင်းမှာ အကြွေးတွေမြန်မြန်ကြေစေပါတယ်။ သင့်လည်း မြန်မြန်စိတ်ချမ်းသာရမှာပါ။ ၅) ခပ်ပေါ့ပေါ့မတွေးပါနဲ့။ အကြွေးမကျေခြင်းရဲ့ အဓိက တရားခံက “ငါအတိုးမှန်မှန်ပေးနေတာပဲ……အတိုးဆပ်နိုင်ရင်တော်ပြီပေါ့၊ ငွေပိုထွက်လာမှ အရင်းကို လုံးခနဲဆပ်လိုက်မယ်” ထိုကဲ့သို့တွေးခြင်းပါပဲ။ တစ်ချို့က အဲလိုတွေးပြီး ကိုယ့်ရဲ့ပုံမှန်နေ့စဉ်အသုံးစရိတ်ကို လုံးဝမလျှော့ချပါဘူး။ ဒါ့အပြင် စိတ်ရှိတိုင်း သုံးပစ်တတ်ကြပါသေးတယ်။ အဲဒါက သင့်ကို အတိုးပေါ်အတိုးဆင့်လာစေသလို၊ နောက်ထပ် အကြွေးတွေထပ်တင်ဖို့လည်း လွယ်ကူသွားစေပါတယ်။ ၆) အကြွေးဝယ်ကဒ်တွေကို မေ့ထားပါ။ တစ်ခါတစ်လေကျတော့ စိတ်အလိုလိုက်ဝယ်မိချင်စိတ်ကို အကြွေးဝယ်ကဒ်တွေက ပိုဆိုးစေတတ်ပါတယ်။ အကြွေးဝယ်ကဒ်ရှိနေရင်တောင် မေ့ထားလိုက်ပါ။ ၇) ကိုယ့်ကိုကိုယ်ဆန်းစစ်ပါ။ တစ်ခါတစ်လေ သုံးချင်တာပေါ်လာရင် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်လိုက်ပါ။ “ငါ့မှာ အကြွေးဘယ်လောက်ရှိနေသလဲ………ခုဝယ်မယ့်ပစ္စည်းက လိုအပ်လား၊ မလိုအပ်ဘူးလား၊ လိုချင်နေတာလား” အဲလိုပြန်တွေးကြည့်ပါ။ လိုချင်နေတာမျိုးဆိုရင်တော့ ခုချိန်မျိုးမှာ မဝယ်သင့်သေးပါဘူး။ ငွေအလကားကုန်ပါတယ်။ အကြွေးတွေကို အမြဲသတိရနေဖို့မလိုပေမယ့် အမြဲလည်း မေ့ထားလို့မဖြစ်ပါဘူး။ အလဟဿ သုံးမိတော့မယ်ဆိုရင် အကြွေးရှိနေတာကို သတိရပါ။ သင့်လက်ထဲ ပိုက်ဆံရလာတဲ့အခါ သတိရပါ။ အဲဒါက သင့်ကိုအကြွေးဆပ်ဖို့ သတိရစေမှာပါ။ အကြွေးကို စိတ်ညစ်လို့ အမြဲတစေမေ့ထားပြန်ရင်တော့ သင့်လက်ထဲငွေတွေရလာတဲ့အခါ သင်သုံးချင်တာသုံးမိပြီး အကြွေးတွေက မလျော့တဲ့အပြင် ထပ်တောင်တိုးလာနိုင်ပါတယ်။ ဖော်ပြထားတဲ့အချက်လေးတွေကို လိုက်နာကြည့်ပြီးတော့ ဖြေးဖြေးချင်းဆပ်သွားနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။ #BAWA101

စွမ်းရည် လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

မုန်းတဲ့သူ၊ ချောက်တွန်းချင်တဲ့သူတွေကြားထဲမှာ ဘဝကိုဘယ်လိုရှင်သန်နေထိုင်မလဲ။ စိတ်ကိုဘယ်လိုထားမလဲ။

သင့်ဘဝမှာလူအမျိုးမျိုးကို ကြုံဖူးမှာပါ။ ကိုယ့်ရဲ့ကောင်းကျိုးမှန်သမျှကို လိုလားတဲ့သူရှိသလို မကောင်းကျိုးကိုလိုလားတဲ့သူမျိုးလည်း ကြုံဖူးမှာပါ။ တစ်ချို့ကျတော့ မလိုလားရုံတင်မက ကိုယ့်ရဲ့စွမ်းဆောင်နိုင်ခြင်းမှန်သမျှကိုပါ ဝေဖန်တဲ့သူမျိုး၊ ရှုံ့ချတဲ့သူမျိုး၊ အကောင်းမမြင်တဲ့သူမျိုးစတဲ့လူမျိုးကိုလည်း ကြုံဖူးမှာပါ။ ကြုံလည်းကြုံရမှာပါ။ အဲဒါနဲ့တင်မကျေနပ်နိုင်သေးဘဲ ကိုယ်ကကောင်းအောင်နေရဲ့သားနဲ့ မကောင်းပါဘူးလို့ ကွယ်ရာမှာ ပြောတတ်သူမျိုးကိုလည်း ကြုံရမှာပါ။ ဟုတ်ပါပြီ……ထိုကဲ့သို့ လူမျိုးကို ကြုံလာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ။ သူနဲ့ တန်တဲ့ တုံ့ပြန်မှုမျိုး ချက်ချင်းကို ပြန်ပေးလိုက်မှာလား။ မုန်းတဲ့သူ၊ ချောက်တွန်းချင်တဲ့သူတွေကြားထဲမှာ ဘဝကိုဘယ်လိုရှင်သန်နေထိုင်သင့်လဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ရုပ်ရှင်ဇာတ်လမ်းတွေကြည့်ခြင်းဖြင့် ဘာတွေသင်ယူနိုင်မလဲ။

ရုပ်ရှင်ဇာတ်လမ်းတွေကြည့်ခြင်းဖြင့် သင်ယူတတ်ရင် ရနိုင်တာတွေအများကြီးရှိပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေဆိုတာက အလကားစိတ်ကူးယဉ်ပြီးဖြစ်လာတာမဟုတ်ပါဘူး။ လူတွေရဲ့ စရိုက်တွေ၊ စိတ်နေသဘောထားတွေ၊ သမိုင်းကြောင်းတွေ၊ ချစ်ခြင်းမေတ္တာတွေကနေကိုမှ ဇာတ်အိမ်ဖွဲ့ပြီး အသက်သွင်းနိုင်မယ့် ဇာတ်ကောင်တွေသုံးပြီး ကြည့်ရှုတဲ့သူတွေရဲ့ရင်ထဲရောက်သွားအောင် ရိုက်ပြဖန်တီးထားတာပါ။ အဲဒါကြောင့် လူတွေရဲ့စရိုက်အမျိုးမျိုး၊ စိတ်ထားအမျိုးမျိုး၊ လူနေမှုဘဝအမျိုးမျိုး စုံလင်နေအောင် မြင်နိုင်မှာပါ။ ရုပ်ရှင်ဇာတ်လမ်းတွေကြည့်ခြင်းကြောင့် ဘာတွေသင်ယူနိုင်မလဲဆိုတာပြောပြပေးချင်ါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

အောင်မြင်သောအမျိုးသမီးများ၏ အဆိုအမိန့်များအပိုင်း ၂

အမျိုးသမီးတွေက အားနွဲ့သူတွေပါ။ အားနွဲ့သူအမျိုးသမီးတွေရဲ့ ခက်ခဲသောဘဝကို ကျော်ဖြတ်အောင်မြင်ခဲ့ပုံတွေကြောင့် အခုကောက်နုတ်ချက်လေးတွေကနေ ခွန်အားတစ်ခုခုရမှာပါ။#BAWA101

စွမ်းရည် စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

တနင်္လာနေ့အတွက် လိုအပ်သောခွန်အားများပေးရန် ရွေးချယ်ဖော်ပြထားသော ကောက်နုတ်ချက်များ #BAWA101

တနင်္လာနေ့မှာ စိတ်ဓာတ်ခွန်အားတက်ကြွစေတာနဲ့ တစ်ပြိုင်တည်း တစ်ပတ်လုံးမှာ စိတ်ဓာတ်ခွန်းအားပြည့်ဝနေသလို ခံစားရစေပါလိမ့်မယ်။ အဲဒါကြောင့် တနင်္လာနေ့ဖတ်ဖို့ ကောက်နုတ်ချက်တွေဖော်ပြလိုက်ပါတယ်။ #BAWA101

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ကိုယ်ချင်းစာတတ်ပါစေ

ကိုယ်ချင်းစာခြင်းဆိုတာ ဘာလဲလို့ တွေးဖူးကြမယ်ထင်ပါတယ်။ ကိုယ်ချင်းစာစိတ်က လူတိုင်းမှာရှိသင့်ပါတယ်။ ကိုယ်ချင်းစာစိတ်အပြန်အလှန်ထားကြမှာသာလျှင် လူ့လောကကြီးမှာလည်း ဒီထက်ပိုသာယာမှာပါ။ လူတိုင်းက ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက် ကိုယ့်အတ္တအတွက်ပဲကိုယ်ကြည့်နေရင်တော့ လူ့လောကကြီးက ဒီထက်အရုပ်ဆိုးသွားမှာအမှန်ပါပဲ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ကျရှုံးခြင်းကို ကျော်လွှားဖို့ အောင်မြင်သောသူတို့ပြောခဲ့သော ကောက်နှုတ်ချက်များ။

လောကမှာ မကျရှုံးဖူးတဲ့သူမရှိပါဘူး။ ကျရှုံးခြင်းကြုံတဲ့အချိန်မှာ လက်လျှော့လိုက်ပြီး အရှုံးပေးလိုက်တဲ့ အရှုံးသမားတွေရှိသလို ကျရှုံးချိန်မှာ အနိုင်မရရအောင် ပြန်လည်ကြိုးစားတဲ့ အောင်မြင်သွားတဲ့သူတွေလည်း ရှိပါတယ်။ အောင်မြင်သူတွေအတွက်တော့ ကျရှုံးမှုဆိုတာက ဘယ်လိုမျိုးသတ်မှတ်ထားသလဲ ဖတ်ကြည့်လိုက်ပါအုံး။#BAWA101

စွမ်းရည် စိတ်ဓာတ်ခွန်အား ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။